ဘီလာရုစ်က လက်နက် မြန်မာတပ်အတွက် ပွဲစားလုပ်သူကို ဖော်ထုတ်

Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီး ဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။

၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က နေပြည်တော်မှာ ကျင်းပသော ပြည်ထောင်စုနေ့ အခမ်းအနားတွင် စစ်ရေးပြပျံသန်းနေသည့် ရဟတ်ယာဉ်များကို တွေ့ရစဉ်။ Photo: AFP

ဒေသခံပြည်သူ့ကာကွယ်ရေးတပ် PDF တွေကို နှိမ်နင်းဖို့ လေကြောင်းက တပ်ကူပေးတဲ့အခါ သုံးတဲ့ ရုရှားနိုင်ငံလုပ် Mi17 တိုက်ရဟတ်ယာဉ် အပိုပစ္စည်းတွေကို Dynasty International ကုမ္ပဏီက မြန်မာလေတပ်အတွက် တင်သွင်းပါတယ်။

မနှစ်က ဖေဖော်ဝါရီမှာ စစ်အာဏာသိမ်းပြီး နောက်တစ်လအကြာ မတ်လမှာ ရုရှားအခြေစိုက် Ural Avia ကုမ္ပဏီကနေ Dynasty International က ဒီ Mi17 အပိုပစ္စည်းတွေကို ဝယ်ယူတင်သွင်းတယ်လို့ မြန်မာစစ်တပ်နဲ့ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို သုတေသနလုပ်နေတဲ့ Justice for Myanmar က မတ် ၂ ရက်မှာ ဖော်ထုတ်လိုက်တာပါ။ Mi17 နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို စစ်ဆင်ရေးလုပ်မယ့်နေရာကို ပို့ဆောင်ပေးနိုင်တဲ့အတွက် မြေပြင်က သွားရင် မိုင်းဆွဲခံရမယ့်ဘေးက ရှောင်နိုင်ပြီး ပစ်မှတ်ကို တိုက်ရိုက်တိုက်ခိုက်နိုင်ပါတယ်။

Mi 17 မှာ အလျှားရှည်တဲ့ ကုန်စည်ပါတင်နိုင်ပြီး တပ်ဖွဲ့ဝင် ၃၀ နဲ့ ဒဏ်ရာရထားသူ ၂၀ ထိ တင်နိုင်တယ်လို့ FAS Federal American Scientists အမေရိကန်သုတေသနအဖွဲ့က ပြောပါတယ်။ Mi 17 ရဟတ်ယာဉ်ကို လူနဲ့ကုန်တင်ဖို့ ရည်ရွယ်ပြီးဒီဇိုင်းဆွဲထားတာပါ။ ဒါကြောင့်လည်း PDF တွေရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရွာတွေကို ဝင်ရောက်ဖျက်ဆီး၊ မီးရှို့ ပစ်ခတ် ဖမ်းဆီးတဲ့ စစ်ဆင်ရေးအတွက် ပစ်မှတ်ရှိတဲ့နေရာကို တပ်ဖွဲ့ဝင်တွေ အရောက်ပို့ပေးနိုင်တဲ့ Mi17 က အရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်တာပါ။

၂၀၁၁ မှာ Mi17 တစင်းက အမေရိကန်ဒေါ်လာ ၁၆ ဒဿမ ၄ သန်းက ၁၈ ဒဿမ ၄ သန်းဈေး ပေါက်ပါတယ်။ Mi17 ရဟတ်ယာဉ် အသစ်ဝယ်ဝယ်၊ တပတ်ရစ်ဝယ်ဝယ် ပြုပြင်ထိန်းသိမ်းမွမ်းမံနိုင်ဖို့ လိုအပ်တဲ့ အပိုပစ္စည်းတွေကို ဝယ်ယူပေးတဲ့ Dynasty International ထူထောင်သူဟာ ဒေါက်တာ အောင်မိုးမြင့်ဖြစ်ပြီး န-ဝ-တ န-အ-ဖ စစ်အစိုးရ လက်ထက်တုန်းကတာဝန်ထမ်းဆောင်ခဲ့တဲ့ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့်ရဲ့သား ဖြစ်တယ်လို့ ဆိုပါတယ်။ မင်းဆက်၊ နန်းဆက်လို့ အဓိပ္ပာယ်ရတဲ့ Dynasty ဆိုစကားနဲ့ နီးစပ်တဲ့ စစ်မျိုးစစ်နွယ်က စစ်တပ်အတွက် လက်နက်ပွဲစားလုပ်ပေးတာပဲ ဖြစ်ပါတယ်။ Dynasty International ကို ၁၉၉၇ ခုနှစ်ကတည်းက ထူထောင်ထားတာပါ။

ဒေါက်တာအောင်မိုးမြင့်ဟာ ဘီလာရုစ်နဲ့ မြန်မာစစ်တပ်ကြားက လက်နက်ပွဲစားလည်းဖြစ်ပြီး ဘီလာရုစ်နိုင်ငံဂုဏ်ထူးဆောင် ကောင်စစ်ဝန်အဖြစ် စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၅ မှာ ခန့်အပ်ခံရတယ်လို့ ဧရာဝတီသတင်းက ၂၀၂၁ အောက်တိုဘာမှာ ဖော်ပြဖူးပါတယ်။ ဒါတင်မက မြန်မာနိုင်ငံဆိုင်ရာ ဘီလာရုစ်ကုန်သည်ကြီးများနဲ့ စက်မှုအသင်းကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။

သူဟာ Belarus နဲ့ ဆားဘီးယားနိုင်ငံတွေက သံချပ်ကာကားတွေ၊ စစ်လက်နက်ကိရိယာတွေ၊ လေကြောင်းကာကွယ်ရေးစနစ် အပါအဝင် ဒုံးလက်နက်တွေ တင်သွင်းသူလို့ ဆိုပါတယ်။ 

ဒေါက်တာအောင်မိုးမြင့် ဆက်သွယ်တဲ့ ရုရှားက Ural Avia ဟာ မြန်မာလေတပ်အတွက် ဝယ်ထားတဲ့ Yak နဲ့ Mi တိုက်ရဟတ်ယာဉ်အပါအဝင် တခြားလေယာဉ်တွေ ပြင်ဆင်တဲ့ ကုမ္ပဏီဖြစ်ပြီး Mi ရဟတ်ယာဉ်အစိတ်အပိုင်းတွေနဲ့ လေယာဉ်ပြုပြင်ရေးလုပ်ငန်းအထူးပြု ကုမ္ပဏီဖြစ်ပါတယ်။ ရဟတ်ယာဉ်အသစ်စက်စက်ရော အသစ်လို မွမ်းမံပြင်ဆင်ထားတဲ့ယာဉ်တွေကိုပါ ရောင်းချပါတယ်။

Mi8 နဲ့ Mi17 ရဟတ်ယာဉ်တွေကို ဝယ်ယူထားတဲ့ ဖောက်သည်တွေရဲ့ဥပစာမြေမှာ လိုက်လံပြင်ဆင်ပေးတယ်လို့လည်း Ural Avia က ကြေညာထားပါတယ်။ နေပြည်တော်လေတပ်စခန်းက ပြည်သူ့ဘက်ပြောင်းလာတဲ့ လေသူရဲ ဗိုလ်ကြီးဇေသူအောင်ကတော့ မြန်မာလေတပ်က ဝယ်ယူထားတဲ့ လေယာဉ်တွေကို overall တစ်စင်းလုံး ပြင်ဆင်ပြုပြင် မွမ်းမံဖို့ ရုရှားကို ပို့ရတယ်လို့ RFA ကို ပြောဖူးပါတယ်။

Dynasty International ဟာ အီးယူ-ဥရောပသမဂ္ဂနဲ့ အဆက်အသွယ်ရှိပြီး ဂျာမနီနိုင်ငံက Grob Aircraft လေယာဉ်ထုတ်လုပ်ရေးကုမ္ပဏီက Grod G 120 P အမျိုးအစား လေ့ကျင့်ရေးလေယာဉ်တင်သွင်းတယ်လို့ Justice for Myanmar ကပြောပါတယ်။

လက်နက်ပွဲစား ဒေါက်တာအောင်မိုးမြင့်ဟာ ၂၀၁၅ ကစလို့ Grob G 120 P အစင်း ၂၀ တင်သွင်းတယ်လို့ဆိုပါတယ်။ အဲဒီ Grob လေယာဉ်တွေကို မနှစ်က မတ် ၂၇ ရက် စစ်ရေးပြ အခမ်းအနားမှာ အာဏာသိမ်းစစ်ကောင်စီက ပျံသန်းပြသတာပါ။ မြန်မာစစ်တပ်ကို လက်နက်ရောင်းချတဲ့ နိုင်ငံတွေထဲမှာ Belarus က လက်နက်တွေ အကြီးအကျယ် တင်ပို့ပြီး မြန်မာစစ်တပ်နဲ့ စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေး ပူးတွဲကော်မရှင် ဖွဲ့ထားပါတယ်။

Belarus က မြန်မာစစ်တပ်ကို Kvadrat-M SAM ဒုံးကျည်စနစ် ၂၀၁၆ က ပေးပို့ထားပြီး ၂၀၁၅-၁၆ မှာ 3M9 မြေပြင်က ဝေဟင်ပစ် ဒုံးကျည် တရာတင်ပို့ပါတယ်။ ၂၀၁၉ မှာ ရုရှားလုပ် Mi24/Mi-35 တိုက် ရဟတ်ယာဉ် နှစ်စင်းတင်ပို့တယ်လို့ SIPRI- Stockholm International Peace Research Institute စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့က ပြောပါတယ်။

ဘိုင်လိုရုရှားလို့လည်း သိကြတဲ့ Belarus ဟာ ၁၉၉၁ ဆိုဗီယက်ပြည်ထောင်စုဟောင်းက ခွဲထွက်လာတဲ့ နိုင်ငံဖြစ်ပေမဲ့ ရုရှားနဲ့စစ်ရေးဆက်ဆံမှုရှိပြီး စစ်ရေးနဲ့သိပ္ပံရေးရာ ပူးတွဲဆောင်ရွက်တဲ့ နိုင်ငံဖြစ်ပါတယ်။

ခု ယူကရိန်းနဲ့ ရုရှားပဋိပက္ခမှာ ရုရှားဘက်က ရပ်တည်တဲ့နိုင်ငံ ဖြစ်ရုံမက မြန်မာနိုင်ငံကို လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ဖို့ ကုလသမဂ္ဂက မနှစ်က ဇွန်မှာ မဲခွဲဆုံးဖြတ်တဲ့အခါ Belarus ဟာ ကန့်ကွက်မဲပေးခဲ့တဲ့ တခုတည်းသောနိုင်ငံ ဖြစ်ပါတယ်။

RFA..

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️