ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

UNက ခုတံခါးပိတ်ဆွေး‌နွေးတယ်။ ဖွင့်ရင်လဲဖွင့်မယ်။ ဟစိဟစိလုပ်ပြီး ဆွေးနွေးရင်လဲဆွေးနွေးမယ်။ တရုတ်ကတော့ ဗီတိုနဲ့ ပယ်ဖို့က သေချာသလောက်ပါ။ တရုတ်ပယ်ရင် diplomatic way ဇာတ်သိမ်းပြီးထင်တာ ကောက်ရိုးလေးတစ်မျှင်တွေ့ပါပြီ။ 

အဲ့ဒါကတော့ ဘယ်နိုင်ငံရဲ့ Veto နဲ့ပဲဖြစ်ဖြစ် သုံးပြီးတားလို့မရတဲ့ Emergency Special Session (ESS) ပါ။ 

General Assembly member အဖွဲ့ဝင် ၁၅နိုင်ငံမှာ ကိုးနိုင်ငံက တောင်းဆိုတာနဲ့လုပ်ရပြီး နိုင်ငံငယ် အခြား UN memberတွေက တောင်း‌ဆိုရင်လဲ ကုလသမဂ္ဂဥက္ကဌက လက်ခံတာနဲ့ လုပ်ပေးရပါတယ်။ အဖွဲ့ဝင် ၁၅ နိုင်ငံကတော့ အမြဲအဖွဲ့ဝင် တရုတ် ပြင်သစ် ရုရှား ယူကေ ယူအက်စ် ပါဝါကြီး ငါးခု ပြီးတော့ ယာယီအဖွဲ့ဝင်  Estonia, India, Ireland, Kenya, Mexico, Niger, Norway, Saint Vincent & the Grenadines, Tunisia နဲ့ Vietnam တို့ ပါဝင်ပါတယ်။ ၁၅ နိုင်ငံမှာ ၉ နိုင်ငံ vote ရင် ESS လုပ်ပေးရတယ်။ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတစ်ခုက propose လုပ်ရင်တော့ assembly ခေါ်ပြီး အကုန် vote ပြီး ဆုံးဖြတ်ပါတယ်။ ခုက အဖွဲ့ဝင် ၁၅ နိုင်ငံမှာ ကိုးမဲက လွယ်တကူရနိုင်ပြီး irreland က ESS တင်မယ်လို့လဲ ခန့်မှန်းနေကြပါတယ်။ US လဲဖြစ်နိုင်ပါတယ်။ 

Emergency Special Session မှာ ဗီတိုပါဝါ လုံးဝ (လုံးဝ) သုံးလို့မရပါဘူး။ majority vote နဲ့ ဆုံးဖြတ်ချက်အတည်ပြုရပါတယ်။ 

ကုလသမဂ္ဂ တည်ထောင်ပြီးကတည်းက ခုချိန်ထိ ESS ၁၀ ခါပဲခေါ်ဖူးပါသေးတယ်တဲ့။

အကယ်၍ မြန်မာ့အရေးအတွက်သာ ESS ခေါ်ရင် ကုလ သမိုင်းမှာ ၁၁ ခုမြောက်သော case တစ်ခု ဖြစ်လာမှာပါ။ 

ခု တဲခါးပိတ်ဆွေးနွေးနေမှုဟာ veto နဲ့ ပယ်ပြီးပြီလား မပယ်ရ‌သေးဘူးလား မသိရသေးပါဘူး။ အချို့ကလဲ ESS  ခေါ်ဖို့ vote နေကြပြီလို့တောင် ခန့်မှန်းထားပါတယ်။ 

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။ ESS မှာ အဖွဲ့ဝင် နိုင်ငံအားလုံး vote ပြီး ဆုံးဖြတ်ချက်ကိုမှ လွန်ဆန်ရင်တော့ ကမ္ဘာတစ်ခုလုံးကိုလွန်ဆန်တာပါ။ ESS ဆုံးဖြတ်ချက်ကို လွန်ဆန်ခဲ့ရိုးသမိုင်းလဲ မရှိခဲ့ပါ။ လွန်ဆန်ရင် UN စာအုပ်ကြီးကို တော်လှန်တာနဲ့ အတူတူပါပဲ။

အဲ့ဒီခါကျ တံခါးဖွင့်လား ပိတ်လား ဟစိဟစိလားတော့ ကျနော်မသိပါ။ ESS က သာ အဖြေပါလို့တော့ မတ်လလယ်လောက်ကတည်း peace အရေး လုပ်နေတဲ့ NGO တွေရေးနေတာတော့ တွေ့ရပါတယ်။ ESS အကြောင်း link ကော  မြန်မာအရေး ESS သုံးဖို့ ပြောတဲ့ NGO တစ်ခုရဲ့ article ကိုကော link comment ပေးထားပါတယ်။ 

ဧပြီပထမအပတ်ဟာဆိုရင် အင်မတန်အရေးကြီးတဲ့ အချိန်ပါပဲခမျာ။

US Embassy Rangoon က ယနေ့တင်တဲ့ ပုံနဲ့ caption ကိုအရမ်းသဘောကျတယ်။ 

“တစ်နေရာက မတရားမှုဟာ နေရာတိုင်းက တရားမျှတမှုကို ခြိမ်းခြောက်တာပဲ” - ဒေါက်တာ မာတင်လူသာကင်း ဂျူနီယာ

“Injustice anywhere is a threat to justice everywhere.” – Dr. Martin Luther King, Jr.

အမေရိကန်အနေနဲ့ ဒီမိုကရေစီ ရဲ့ကော ကမ္ဘာကြီးတစ်ခုလုံးကိုရော အုပ်ချုပ်တဲ့ leader ဖြစ်ကြောင်း မြန်မြန်သက်သေပြနိုင်ပါစေခမျာ။
.
Jack Wanye

အရေးပေါ်အထူးအစည်းအဝေးခေါ်ယူရန်ပြင်ဆင်နေ

( ၂၄ နာရီအတွင်း လုံးဝထူးခြားပါမယ် )
=============================

၂၀၂၁-၄-၃
လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်များ၏တညီတညွတ်တည်းမရှိခြင်းကြောင့်နိုင်ငံတကာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိန်းသိမ်းရန်အတွက်အဓိကတာ ၀န်ကိုအသုံးမပြုလျှင်ငြိမ်းချမ်းရေးကိုချိုးဖောက်ပါကာဆုံးဖြတ်သည့် သို့တည်းမဟုတ် ကျူးကျော်မှုဖြစ်စဉ်သည် အထွေထွေညီလာခံသည်ငြိမ်းချမ်းရေးအားချိုးဖောက်ခြင်း သို့မဟုတ် လိုအပ်လျှင်လက်နက်ကိုင်အင်အားကိုအသုံးပြုခြင်းအပါအ ၀င်စုပေါင်းဆောင်ရွက်မှုများအတွက်အဖွဲ့ဝင်များအားသင့်လျော်သောအကြံပြုချက်များပေးရန်ဤကိစ္စကို ချက်ချင်းသုံးသပ်သင့်သည်။  အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနှင့်လုံခြုံရေးကိုထိန်းသိမ်းရန် သို့မဟုတ် ပြန်လည်ထူထောင်ရန်။ အကယ်၍ ထိုအချိန်ကအစည်းအဝေးတွင်မပါလျှင် အထွေထွေညီလာခံသည် အရေးပေါ်အထူးအစည်းအဝေးတွင်တောင်းဆိုချက် ၂၄ နာရီအတွင်းတွေ့ဆုံနိုင်သည်။ ထိုအရေးပေါ်အထူးအစည်းအဝေးကိုလုံခြုံရေးကောင်စီမှတောင်းဆိုလျှင် တောင်းဆိုရမည်။  မည်သည့်အသင်းဝင်ခုနစ် ဦးကိုမဆို သို့မဟုတ် ကုလသမဂ္ဂအဖွဲ့ဝင်အများစု၏ဆန္ဒမဲကိုပေးရမည်။US ကနောက်တဆင့် ထပ်မံကြိုးစားနေ။
Emergency special sessions
"Resolves that if the Security Council, because of lack of unanimity of the permanent members, fails to exercise its primary responsibility for the maintenance of international peace and security in any case where there appears to be a threat to the peace, breach of the peace, or act of aggression, the General Assembly shall consider the matter immediately with a view to making appropriate recommendations to Members for collective measures, including in the case of a breach of the peace or act of aggression the use of armed force when necessary, to maintain or restore international peace and security. If not in session at the time, the General Assembly may meet in emergency special session within twenty-four hours of the request therefor. Such emergency special session shall be called if requested by the Security Council on the vote of any seven members, or by a majority of the Members of the United Nations".

V - T H Tun

ESS လမ်း​ကြောင်း

ပွဲကတော့လှပြီ

UN တံခါး ပိတ် ထိပ်သီး (5) နိုင်ငံအစည်းဝေးကတော့ နိုင်ငံတကာကတွက်ဆထားတဲ့အတိုင်း
တရုတ်ကြိး ဗီတို သုံး မယ် ဆိုတာဖြစ်လာတာဘဲ US က မင်းဗီတိုသုံးလို့ 
Diplomatic နည်းကြောင့်ဝင်မကူ ရလည်းဒို့ ကလက်နက်ကူညီ ရတော့မယ်၊ 
အဲ့ဒီအခါပြည်တွင်းစစ် ဖြစ်ပြိး မင်းစီးပွားထိခိုက်ခံမလား ငါတို့ဝင်လို့ မင်းစီပွါးပျက်တာ ဘယ်ဟာအပျက် စီးပိုများ မလဲဆိုတာစဉ်းစားသင့်တယ်လို့ဆိုတာနဲ့
တရုတ်ကြီး ရှီကျင့်ဖျင့်ပြန်မေးပါရစေအုန်းဆိုပြီး
နောက်တကြိမ် ထပ်ချိန်းရတဲ့အဆင့်ထိဖြစ်သွားပါတယ်။

သူတို့ ထိပ်သီးနဲ့ မပြီးနိုင်ဘူးဆိုတာအပြင်က နိုင်ငံတွေက သိနေတော့
ဒို့တွေအတွက် ကောက်ရိုးတမျင် နောက်ဆုံး (ESS) Emergency Special Session ခေါဖို့ Vote တောင်လုပ်နေကြပြီ

ESS ခေါ်ဖို့အတွက် General Assembly Menber အဖွဲ့ဝင် (15) နိုင်ငံ ယာယီ အဖွဲ့ဝင်  Estonia india Ireland Kenya Mexico
Niger Noway Saint Vincent & Genadiness Tunisia Vietnam တို့ Vote (9) နိုင်ငံရရင် ကုလ ဥက္ဌဌ. ESS ခေါ်ပေးရမှာပါ  အဖွဲ့ ဝင်မဟုတ်တဲ့ နိုင်ငံ တခု က propose လုပ်ရင်တော့ Assembly ခေါပြိး အကုန် vote ပြိး ESS ခေါဖို့ ဆုံးဖြတ်ကြပါတယ်
(9)နိုင်ငံ ပါဖို့က vote များပါတယ် ခုလောလောဆယ် Ireland ကတင်ဖို့ လုပ်နေတယ် ဘယ်သူမှ မလုပ်လည်း US က ခေါ်မှာဘဲ
ESS မှာဗီတိုမရှိပါဘူး Majority နဲ့ ဆုံးဖြတ်ချက် အတည်ယူတာပါ
ကုလ စတည်ထည်းက ယခုချိန်ထိ ESS (10) ကြိမ် ခေါ်ဖူးပါတယ် ယခုမြန်မာအရေးနဲ့ဆို (11) ကြိမ်ပေါ့  ESS ခေါ်ပြီ ဆိုတာနဲ့ 24 (hour) တွင်းစည်းဝေးလုပ်ရပါတယ်  ESS ဆုံးဖြတ်ချက် ထွက်လာပြိး
လွန်ဆန်ရင်တော့ ကမ္ဘာ ကြိး ကိုဆန့်ကျင်လိုက်တာပါဘဲ ကုလ စာအုပ်
ကိုလှန်လိုက်တာနဲ့ အတူတူပါဘဲ 

April (7) ရက်မကျော် အတွင်း ဆုံးဖြတ်ချက်အတည်ကျလာမှာသေချာသလောက်ပါဘဲ။

Crd :


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ