Posts

Showing posts from April, 2023

အမေရိကန်က နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမည်

Image
(ကျော်မောင်) မြောက်ကိုရီးယား ရဲ့ ခြိမ်းခြောက်မှုများကနေ ကာကွယ်ဖို့ ဂတိစကားအသစ်အရ အမေရိကန်ဟာ ဆယ်စုနှစ်များအတွင်း ပထမဦးဆုံး အဖြစ် နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ် သင်္ဘောများကို တောင်ကိုရီးယားဆီ ပို့ပေးမှာ ဖြစ်ပါတယ်။ သမ္မတ ဘိုင်ဒင် နဲ့  သမ္မတ ယွန်းဆက်ရဲ တို့ဟာ အဆိုပါ သဘောတူညီချက်ကို ဝါရှင်တန် ဗုဒ္ဓဟူးနေ့မှာ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းထုတ်ပြန်ပါတယ်။ နျူလက်နက်တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေဟာ မြောက်ကိုရီးယားထက်စာရင် ချိုင်းနားကွန်မြူနစ်အတွက် ရည်ရွယ်တာ ပိုပြီး ဖြစ်နိုင်ခြေရှိနေပါတယ်။ ကီလို ၂၀၀၀ အကွာအဝေးအောက် လျှော့ ပစ်လို့ မရတဲ့ Trident D5 missiles တွေ တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေကို အဲဒီနားထားလိုက်တာဟာ ICBM တွေ သွားထား ထားတာထက် ချိုင်းနားကွန်မြူနစ်ကို တုန့်ပြန်ချိန် နဲနဲလေး ပဲ ပေးလိုက်တာ ဖြစ်သွားပါလိမ့်မယ်။ .. US to send nuclear armed submarines to South Korea for the first time in decades — in new pledge to protect it from North Korea's threats Biden & South Korean President Yoon Suk Yeol, will sign the agreement in Washington on Wednesday, officials said. Nuclear armed subs in S

အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်

Image
မြန်မာကိုချည်နှောင်မည့် အကြွေးထောင်ချောက်ကို ဟန့်တားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့အစိုးရလက်ထက်မှာ တ-ရုတ်နဲ့စီးပွားရေး ချည်နှောင်မှုတွေဟာ အားနည်းသွားတဲ့အနေအထားရောက်ခဲ့တယ်လို့ အချက်အလက်ကိန်းဂဏန်းတွေအရ သိရပါတယ်။ ပိုမိုပွင့်လင်းတဲ့ စီးပွားရေးလုပ်‌ဆောင်နိုင်တဲ့အနေအထား‌တွေအရ ဥရောပအပါအ၀င် အခြားနိုင်ငံများနဲ့ သိသိသာသာတိုးမြှင့်ဆက်ဆံနိုင်ခဲ့လို့ တ-ရုတ်ကြွေးမြီကို ၂၆ ရာခိုင်နှုန်းအထိ လျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်နဲ့ကုန်သွယ်ရေး လိုငွေပြမှုတွေလည်း သိသိသာသာလျော့ချနိုင်ခဲ့ပါတယ်။ တ-ရုတ်ဟာ မြန်မာအပါအ၀င် အရှေ့တောင်အာရှနိုင်ငံ အာဆီယံနိုင်ငံတွေကို သူ့ရဲ့ ခါးပတ်လမ်းစီမံကိန်း One Belt One Road BRI အရ ချုပ်ကိုင်ထားဖို့ ၂၀၁၃ ခုနှစ်တည်းက စတင်ခဲ့ပါတယ်။ ၂၀၁၃ ကစပြီး အာဆီယံဒေသတွင်းမှာ တ-ရုတ်အစိုးရက BRI ခေါင်းစဉ်အောက်ကနေ ရန်ပုံငွေ ဒေါ်လာ ဘီလီယံ ၃၀၀ ကျော်သုံးစွဲခဲ့ပြီး ဒါဟာ နိုင်ငံတခုချင်းစီရဲ့ နှစ်စဉ်သုံးရန်ပုံငွေထက်၀က်နဲ့ညီမျှတဲ့အထိဖြစ်ပါတယ်။ တချို့ဆို ကျော်တောင်ကျော်လွန်နေပါသေးတယ်။ အဲ့ထဲမှာ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာပါ၀င်ပါတယ်။ လာအို၊ ကမ္ဘောဒီးယားနဲ့ မြန်မာဟာ ချိုင်းနားကြွေးမြီကို အထူ

ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထား

Image
Breaking News- နိုင်ငံတကာက ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲသည့် Cluster ဗုံးများကို မကွေးလေတပ်သို့ ပို့ဆောင် ■ ပြည်သူများအနေဖြင့် ဆင့်ပွားထပ်ဆင့်ပေါက်ကွဲစေသည့် Cluster ဗုံးများ၏ အန္တရာယ် ကို သိရှိရန် လိုအပ် ရန်ကုန်၊ ဧပြီ ၂၂ ခေတ်သစ် နိုင်ငံတကာတွင် အသုံးပြုခြင်း မပြုရန် ပိတ်ပင်ထားသည့် ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေတတ်သည့် ဖျက်အားပြင်း Cluster ဗုံးများကို အသုံးပြုရန် စစ် ကောင်စီ က မကွေးလေတပ်သို့ ပို့ဆောင်ထားကြောင်း စစ်တပ် သတင်းရင်း မြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဧပြီလ ၂၂ ရက်နေ့ ညနေ ၆ နာရီအချိန် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဆင် တဲ စခန်းရှိ  အမှတ် ၃ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၃) က ထုတ်လုပ်သည့် 50 kg 120 cluster (လေယာဉ်တင်ဗုံး)များ ကို မကွေးလေတပ်သို့  စစ်ကား ၁၂ စီးဖြင့် သယ်ဆောင်ထွက်ခွာသွားကြောင်း သိရှိရသည်။  CDM ဗိုလ်ကြီး လင်းထက်အောင်က စစ်ကောင်စီအနေဖြင့် ပြည်သူများကို ပိုမို ရက်စက်စွာ သတ်ဖြတ်ရန် အတွက် အလွန်ရက်စက်သော ဆင့်ပွား ထပ်ဆင့် ပေါက်ကွဲစေသည့် ဖျက်အားပြင်း Cluster ဗုံးများ အသုံးပြုလာသည်ကို အထူး သတိထားရန် သတိပေးသည်။  "ကပစမှာ နိုင်ငံတကာက ကန့်သတ်ထ

မှတ်တမ်းလေးနဲ့ သေသေချာချာ သိမ်းထားတာ

Image
ဒီအတိုင်း လိုက်ဆဲ နေကြတာထက် မှတ်တမ်းလေးနဲ့ သေသေချာချာ သိမ်းထားတာပိုကောင်းမယ်။ ဘယ်သူကဘယ်မဏ္ဍပ်မှာဖျော်ဖြေခဲ့တယ်ဆိုတာကိုတိတိကျကျသိရင် ပို့ပေးပါ။ (၁) ပိုင်တံခွန် (မော်ဒယ်/သရုပ်ဆောင်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ် (၂) Gfatt (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ် (၃) Floke rose (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ် (၄) Ice cold (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ် (၂) ယုန်လေး (အဆိုတော်) - ကြည်း၊ ရေ၊ လေ မဏ္ဍပ် (၄) နန်းစုရတီစိုး  (အဆိုတော်/သရုပ်ဆောင်) - နေပြည်တော် For You မဏ္ဍပ် (၅) စန္ဒီမြင့်လွင် (အဆိုတော်) - နေပြည်တော် For You မဏ္ဍပ် (၆) ကျော်ဇောဟိန်း (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ် (၇) လှမျိုးသဥ္စာနွယ် (သရုပ်ဆောင်) - ရန်ကုန် မြို့တော်ဝန် မဏ္ဍပ် (၈) အာကာမြင့်အောင် (သရုပ်ဆောင်) - ရန်ကုန် မြို့တော်ဝန် မဏ္ဍပ် (၉) ရဲအောင် (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ် (၁၀) မိုးယံဇွန် (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ် (၁၁) စိုးမြတ်သူဇာ (သရုပ်ဆောင်) - နေပြည်တော် မြို့တော်ဝန် မဏ္ဍပ် (၁၂) ရန်အောင် (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ် (၁၃) စိုးသူ (သရုပ်ဆောင်) - စစ်ကိုင်းတိုင်း မဏ္ဍပ် (၁၄) စို

ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး

Image
လှိုင်သာယာ ၁၂ ရပ်ကွက်ရုံးအနီး ဗုံးခွဲတိုက်ခိုက်ခံရမှု ဗိုလ်မှူး ကြီး ဇင်မောင်လွင် သေဆုံး ရန်ကုန်၊ ဧပြီလ ၁၄  ရန်ကုန်မြို့၊လှိုင်သာယာမြို့နယ်၊အမှတ် ၁၂ ရပ်ကွက်၊မန္တလေး လမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ဗုံးပေါက်ကွဲမှု အတွင်း အ မှတ် ၂ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဇင်မောင်လွင် သေဆုံးသွားကြောင်း ရန်ကုန်မြို့ ပြပြောက်ကျားတပ်တပ်ဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြု ပြောကြား သည်။ ယမန်နေ့ ဧပြီလ ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်ခန့်က လှိုင်သာ ယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ် ၁၂ ရပ်ကွက်၊ မန္တလေးလမ်းရှိ အထက ၂ ကျောင်းရှေ့တွင် ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း၊ ယင်းပေါက်ကွဲမှုအားလှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးတင်အောင်ဖြိုးပါ အရာရှိ ၃ ဦး၊ အခြားအဆင့် ၁၀ ဦးတို့နှင့်အတူ အမှတ် ၁၂ ရပ်ကွက် အုပ်ချုပ်ရေးမှူး အောင်သန်းပါ ၁၅ ဦးတို့မှ သွားရောက်စစ်ဆေးခဲ့ရာ ည ၈ နာရီ မိနစ် ၂၀ အချိန် ပထမပေါက်ကွဲသည့်နေရာနှင့် ၁၅‌ ပေခန့်အကွာ၌ ထပ်မံပေါက်ကွဲခဲ့ကြောင်း ရဲတပ်ဖွဲ့ အသိုင်းအဝန်းထံမှ သိရသည်။ “သေတာက ဗျူဟာမှူး ဗိုလ်မှူးကြီးဇင်မောင်လွင်ဆိုတာ အ တည်ဖြစ်သွားပြီဗျ၊ ကျနော်တို့ တိတိကျကျ သတင်းရထားပြီးပြီ၊ မိုင်း စက နားထင်ကို တက်မှန်ဒဏ်တာ၊

မြန်မာပြည်က စစ်အာဏာရှင်တွေကို မကြာခင်အရေးယူနိုင်တော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးပြော

Image
ဧပြီ ၁၂၊ ၂၀၂၃ မြန်မာပြည်က စစ်အာဏာရှင်တွေ ကျူးလွန်နေတဲ့ပြစ်မှုတွေကို နိုင်ငံတကာက အရေးယူနိုင်တော့မယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ရုံးကနေ ဧပြီ ၁၁ ရက်နေ့ က သတင်းထုတ်ပြန်လိုက်ပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ဧပြီ ၁၁ ရက်နေ့မှာ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းကနေ ဗုံးကျဲ ပြီး စက်သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာ‌ကြောင့် ကလေးငယ်နဲ့ အမျိုးသမီးတွေအပါအဝင် လူရာချီသေဆုံးရတဲ့ကိစ္စအတွက် ဝမ်းနည်းတုန်လှုပ်ရတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Türk ကထုတ်ပြန်ပါတယ်။ ပြည်သူကိုကာကွယ်ပေးရမယ့် အစားခုလို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်လိုက်တာဖြစ်ပြီး ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ နောက်ပိုင်း အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ စစ်သွေးကြွတွေက လူ့အခွင့်အရေးကိုချိုးဖောက်တာ၊ စစ်ရာဇဝတ်မှုတွေကျူးလွန်တာနဲ့ လူသားမျိုးနွယ်အပေါ် ပြစ်မှုတွေကျူးလွန်နေတာကို သက်သေတွေအများကြီးရှိနေတယ်လို့လည်း ဆိုပါတယ်။ ဒါကြောင့် ဒီလိုကျူးလွန်မှုတွေလုပ်ဆောင်နေတဲ့ စစ်ခေါင်းဆောင်တွေကို မကြာခင်အရေးယူနိုင်မယ့် နေ့ရက်ကိုရောက်ရှိလာတော့မယ်လို့ ယုံကြည်ထားတယ်လို့ ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်

ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့

Image
ကန့်ဘလူ မှ ပြည်သူ ၁၀၀ ကျော်သေဆုံးမှုတွင် ပိုင်းလော့ ဗိုလ်ကြီးသန်းတိုး အောင် နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်နေသော Yak-130 တိုက် လေယာဉ်က ပစ်ခတ်ခဲ့၊ Yak-130 တိုက်လေယာဉ် အုပ်မှူး ဗိုလ်မှူး ရဲဇောနိုင် က ကြီးကြပ်ခဲ့ ရန်ကုန်၊ ဧပြီ ၁၂ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာတွင် ပြည်သူ ၁၀၀ ကျော် သေ ဆုံးခဲ့သော လေကြောင်းတိုက်ခိုက်မှုတွင် စစ်ကောင်စီလေတပ်မှ ပိုင်းလော့ ဗိုလ်ကြီး သန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့က မောင်းနှင်သော Yak-130 လေယာဉ်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။  ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုး အစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀  ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက်  Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။  တံတာဦးလေတပ်မှ Yak -130 လေယာဉ်အုပ်မှူး  ဗိုလ်မှူးရဲဇော်နိုင်က ကြီးကြပ်၍  ဗိုလ်ကြီးသန်းတိုးအောင်နှင့် ဗိုလ်ကြီး ဘုန်းသက်နိုင်တို့ မောင်းနှင် သော Yak-130 တိုက်လေယာဉ်က ပြည်သူ ၁၀၀ ကျော် သေဆုံးစေရန် ဗုံးကျဲချခဲ့ ခြင်းဖြစ်ကြောင်း သိရ

ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်

Image
ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော်ကို သေဆုံးစေခဲ့သည့် လေကြောင်းတိုက် ခိုက် မှု ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတာဦးလေတပ်မှဖြစ်ပြီး Mi35 ရဟတ်ယာဉ်မှာ အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ် ရန်ကုန်၊ ဧပြီ ၁၂ ခေတ်သစ် စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် ပြည်သူ ၁၀၀ ကျော် သေဆုံးစေခဲ့သည့် လေကြောင်းတိုက်ခိုက်မှုကို ကျူးလွန်သည့် ဂျက်တိုက်လေယာဉ်မှာ တံတားဦး လေတပ်မှဖြစ်ပြီး Mi35 တိုက်ခိုက်ရေးရဟတ်ယာဉ်မှာမူ မုံရွာ၊ အနောက် မြောက် တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း တပ်သတင်းရင်းမြစ်များထံမှ သိရှီသည်။  ဧပြီလ ၁၁ ရက်နေ့ နံနက် ၇ နာရီအချိန်တွင် တံတားဦးလေတပ် YAK-130 အမျိုးအစားလေယာဉ်ဖြစ်ပြီး ပေါင် ၅၀၀  ဗုံး ၂ လုံးကို ကျဲချခဲ့ကြောင်း၊ ယင်းနောက်  Mi35 ရဟတ်ယာဉ် ဖြင့် ထပ်မံ ပစ်ခတ်ရာ အဆိုပါ ရဟတ် ယာဉ်သည် အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ဖြစ်ကြောင်း သိရှိရသည်။  ရန်ကုန်ခေတ်သစ်အနေဖြင့် ကန့်ဘလူတွင် ပြည်သူ ၁၀၀ ကျော် သေဆုံး စေခဲ့သည့် တံတားဦးလေတပ်မှ YAK-130 တိုက်လေယာဉ်၏ ပိုင်းလော့ အမည်နှင့် နမခမှ Mi35 ပိုင်းလော့ အမည်များကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။  တံတားဦးအခြေစိုက် Yak-130 တိုက်ခိုက်ရေးလေယာဉ် အမှတ် ၆၂ တိုက်ခိုက် ရေး အုပ်မှူးမှာ-

ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ

Image
Update News- ကန့်ဘလူ၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူ များနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေကြောင်း တိုက်ခိုက် မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်ပြီ   ရန်ကုန်၊ ဧပြီ ၁၁ ရန်ကုန်ခေတ်သစ်  စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာ ရုံးဖွင့်ပွဲသို့ ကျောင်းသား ကျောင်း သူများနှင့် ပြည်သူများ တက်ရောက်စဉ် စစ်တပ်က လေ ကြောင်းမှ တစ် ဆင့် တိုက်ခိုက်မှုကြောင့် သေဆုံးသူ အရေအတွက် ၁၀၀ ကျော်သွားပြီ ဖြ စ် ကြောင်း မြေပြင်သတင်းရင်းမြစ်က အတည်ပြုပြောဆိုသည်။ ဧပြီလ ၁၁ ရက်နေ့ နံနက် ၈ နာရီ ၅ မိနစ်ခန့်အချိန် ကန့်ဘလူမြို့နယ်၊ ပဇီကြီး ရွာကို အကြမ်းဖက် စစ်တပ်က ဂျက် ဖိုက်တာ ဖြင့် တစ်ကြိမ်၊ Mi 35 ရဟတ် ယာဥ်ဖြင့် ၄ ကြိမ် ဗုံးကျဲ ပစ်ခတ် တိုက် ခိုက်ခဲ့ကြောင်း၊ အခမ်းအနား ကျင်းပ နေစဉ် ပစ်ခတ်ခံရသဖြင့် ပြည်သူ သေဆုံးမှု အရေအတွက် ၁၀၀ ကျော်သွား ပြီဖြစ်ကြောင်း သိရှိရသည်။ " အလောင်းအတိုင်း အကောင်းအတိုင်း ရတဲ့ အလောင်းက ၅၃ လောင်းရှိပါ တယ်။ မနက်ရေတွက်ထားတာ။ ရေတွက်လို့မရဘဲ ခေါင်းနဲ့ ကိုယ် တခြားစီဖြစ် သွားတဲ့ အလောင်းတွေကလည်း အများကြီးပဲ။ မျက်မြင်အရဆိုရင်တော့ သေဆုံး သူ ၁၀၀ ကျော်တာ အတည်ပြု