ဖေဖေါ်ဝါရီ ၁ ရက် - အသံတိတ် သပိတ် တိုက်ပွဲကြီး
နိုင်ငံတကာ သတင်းစာမျက်နှာ များ တွင် မြန်မာပြည်တွင် ပေါ်ထွန်းစ ဒီမိုကရေစီ စနစ်အား ရိုက်ချိုး ဖျက်ဆီးခံလိုက်ရပြီး တနိုင်ငံလုံး ကြိမ်မီးအုန်း သလို ဒုက္ခပင်လယ်ဝေခဲ့ရသည့် နှစ် နှစ်မြောက် အထိမ်း အမှတ် အဖြစ် ပါရှိလာနေချိန် တွင် ဒီမိုကရေစီ တိုက်ပွဲဝင် နေကြသော အင်အားစုများက လည်း အသံတိတ် သပိတ် ဆင်နွှဲရန် နံနက် ၁၀ နာရီ မှ ညနေ ၃ နာရီ အထိ အိမ်ပြင် မထွက်ကြရန် အထွေထွေ သပိတ် ညှိနှိုင်းရေး ကော်မတီ မှ လှုံ့ဆော်လိုက်ပြီ ဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် တော်လှန်ရေးကြီး အပြီးသတ် ဆင်နွှဲရန် စိုင်းပြင်းနေကြပြီ ဖြစ်၍ ယခုလို အသံတိတ် သပိတ်ကြီး ဆင်နွှဲခြင်း သည် လွန်စွာ အရေးပါသော နောက်ထပ် ခြေလှမ်းကြီး ဖြစ်သည်။ မြန်မာ အရေး အပေါ် စိတ်ဝင်စားမှု လျော့နည်းလာနေပြီ ဖြစ်သော နိုင်ငံတကာကလည်း မိမိတို့ မြန်မာ ပြည်သူများ သည် စစ်အာဏာရှင် စနစ် ကို မဆုပ်မနစ် ဆက်လက် တိုက်ပွဲဝင်သွားမည်သာ ဖြစ်သည်ဟု ထုတ်ဖေါ်ပြသရာလည်း ရောက်ပေသည်။ ၎င်းတို့ လုပ်မည်ဟု ရည်ရွယ်ထားသော ရွေးကောက်ပွဲ ဆိုသည်ကိုလည်း ပြည်သူများက လက်မခံကြောင်း ထုံးတွေ အဖွေးသား ကြားမှထပ်မံ ပြသလိုက်ခြင်းလည်း ဖြစ်သည်။ နိုင်ငံတကာ သည်လည်း စစ်အာဏာရှင်များသည် လက်နက်အားကိုးဖြင့်သာ သက်ဆိုးရှ...