Posts

Showing posts from May 2, 2023

မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ

Image
လှိုင်မြို့နယ်၊ စစ်တပ်ပိုင် ချည်မျှင်စက်ရုံက အလုပ်သမား မိန်းမပျိုများကို နေပြည်တော်ရှိ စစ်ကောင်စီတပ်မှ အရာရှိများအား  ပြုစုရန် အဓမ္မ စေလွှတ်ခံနေရ ကိုကိုလေး/ဧရာဝတီတိုင်းမ် မေလ ၂ ရက် လှိုင်မြို့နယ်၊ စစ်တပ်ပိုင် ချည်မျှင်စက်ရုံမှာ အလုပ် လုပ်ကိုင်နေတဲ့ အလုပ်သမား မိန်းမပျိုလေးတွေဟာ နေပြည်တော်ကောင်စီနယ်မြေက စစ်ကောင်စီတပ် အရာရှိတွေကို ပြုစုပေးဖို့ အဓမ္မစေလွှတ်ခံနေရတယ် လို့ လှိုင်မြို့ခံတွေထံက သိရပါတယ်။ နေပြည်တော်ရှိ စစ်ကောင်စီအရာရှိ ၈၀ ဝန်းကျင်ကို ချည်မျှင်စက်ရုံက မိန်းမပျိုလေး တွေဟာ နှစ်ပတ်ကြာ သွားရောက် ပြုစုပေးရပြီး စက်ရုံရှိ မိန်းမပျိုအားလုံး ၁၅ ဦးစီ အလှည့်ကျ အဓမ္မ စေလွှတ်ခံနေတာ ဖြစ်တယ် လို့ စက်ရုံနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။ "သူတို့ရဲ့အဝတ်လျှော်ရတယ်၊ မီးပူတိုက်ရတယ်၊ နှိပ်ခိုင်းတယ်၊ သူတိုစားဖို့ သောက်ဖို့လုပ်ပေးရတယ်။ ပြီးတော့ တစ်ခြား လိင်ပိုင်း ကိစ္စတွေ လဲရှိသေးတယ် ထုတ်မပြောသင့်လို့ပါ။ မခံနိုင်လို့ ပြန်ပြောမိတဲ့အခါ  ကိုယ်ထိလက်ရောက် ကျူးလွန်တာတွေ ရှိတယ်" လို့ ချည်မျှင်စက်ရုံမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးဝန်ထမ်း တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောပါတယ်။ လက်ရှိ စစ်ကောင်စီပိုင် ချည်မျှင်