Posts

Showing posts from July 25, 2021

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်

Image
ဆရာနှင့်ကျွန်တော်-၃  ================            သမီးကြီးကို၃၀.၁၀.၈၉မှာမွေးပြီး(၁၆)ရက်အကြာ၁၆.၁၁.၈၉မှာ မအူပင်ခရိုင်ဓနုဖြူမြိုနယ်ကနေ ပုသိမ်ခရိုင်ရေကြည်မြို့နယ်ကို မ.ဝ.တ အတွင်းရေးမှုးအဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါတယ်၊ တိုင်းမှုးရဲ့မူအရမြို့နယ်တစ်ခုမှာတစ်နှစ်ကျော်ကြာတဲ့အတွင်းရေးမှုး၊ဥက္ကဋ္ဌတွေကိုတိုင်းအတွင်းပြောင်းရွှေ့တာဝန်ထမ်းဆောင်စေခြင်းဖြစ်ပါတယ်၊ပုဂ္ဂိုလ်ရေးရင်းနှီးလာရင်မလိုလားအပ်တဲ့နောက်ဆက်တွဲပြဿနာတွေမဖြစ်စေလိုတဲ့သဘောထင်ပါတယ်၊ ကျွန်တော်မပြောင်းရွှေ့ရခင်တလလောက်စောပြီးဥက္ကဋ္ဌဖြစ်သူဗိုလ်မှုးတင်ဖေအေးလည်းဓနုဖြူကနေပုသိမ်အနောက်မြို့နယ်ဥက္ကဋ္ဌအဖြစ်ပြောင်းရွှေ့ရပါတယ်၊ဒီနေရာမှာဆက်စပ်တာလေးတခုတင်ပြလိုပါတယ်။                    ၂၀၁၅ခှုနှစ်ဇူလိုင်လ(၁၃)ရက်နေ့(တနင်းလာ)နေ့ထုတ်Oriental News Vol1 No25မှာ ပုသိမ်ကဒေါက်တာစစ်တင်(G.P)ဆိုသူက"ကျွန်တော်နှင့်ဒေါ်အောင်ဆန်းစုကြည်-၅"ဆိုတဲ့ဆောင်းပါးမှာ"ဂဠုန်ဦးစောနှင့်ဒေါ်အောင်ဆန်းစုကြည်"ဆိုတဲ့ခေါင်းစဉ်ဖြင့် သူဟာဗိုလ်မှုးတင်ဖေအေးဆိုသူနှင့်မထင်မှတ်ပဲတွေ့ဆုံရင်းနှီးခွင့်ရစဉ်ဓနုဖြူဖြစ်စဉ်နှင့်ပါတ်သက်ပြီးမေးမြန်းကြည့်တဲ့အခါ ... ဒုတိယဂဠုန်ဦးစောတစ်ယေ