Posts

Showing posts from February 28, 2023

မဲမဖေါက်နဲ့ ဒါငါ့ဟာ😁

Image

( Myanmar) State Administration Council's Min Aung Hlaing is killing civilians like this...

Image
 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ မင်းအောင်လှိုင်၏ရက်စက်မှုများ..

အောက်တန်းစားကိုဆရာခေါ်ခိုင်းလို့ဆဲပြီးအလုပ်ထွက်လာတဲ့ပန်ဆယ်လို

https://youtu.be/q0trdK2w2II ကြက်သားလေးကို ပန်ဆယ်လို ဆဲပြီ  အောက်တန်းစားကိုဆရာခေါ်ခိုင်းလို့ဆဲပြီးအလုပ်ထွက်လာတဲ့ပန်ဆယ်လို   https://youtu.be/q0trdK2w2II

ဆရာတော် မင်းသုည ဘုန်းကြီးကျောင်းကို စစ်တပ် ဝင်စီး

Image
ဧရာဝတီ၊ ဖေဖော်ဝါရီ ၂၈၊ ၂၀၂၃ ဆရာတော် မင်းသုည ( ဗုဒ္ဓတက္ကသိုလ် ) သီတင်းသုံးနေ ထိုင်ခဲ့သော ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဘုရားကုန်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းအားစစ်တပ်ကဝင်ရောက်စီးနင်းပြီးကျောင်းထိုင်ဆရာတော်နှင့် ကပ္ပိယသုံးဦးအားဖမ်းဆီးသွားကြောင်း သတင်းရရှိသည်။ဆရာတော် မင်းသုညက "ဖေဖော်ဝါရီလ ၂၆ ရက် လာဖမ်းတာ၊ စစ်တပ်ရယ် BGF ရယ်၊ မဘသရယ် ပါ တယ်။ အခုထိတော့ ဖမ်းသွားတဲ့သူတွေရဲ့သတင်းအစအန ဘာမှမကြားရသေးဘူး" ဟု မိန့်သည်။ဆရာတော် မင်းသုညသည်စစ်တပ်က အာဏာသိမ်းပြီးနောက် လွတ်မြောက်နယ်မြေသို့ တိမ်းရှောင်လာခဲ့ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် လူငယ်များကိုယ်ကျင့်သီလ ကောင်းစေရန် တစိုက်မတ်မတ် ဟောပြောလျက်ရှိ သည့် ဘုန်းကြီးတပါးလည်း ဖြစ်သည်။လက်ရှိအချိန်အထိ ဆရာတော် မင်းသုည သီတင်းသုံးနေထိုင်ခဲ့သည့် ဘုန်းကြီးကျောင်းအား စစ်တပ်နှင့် BGF တပ်များဝိုင်းထားပြီး မဘသ ဘုန်း ကြီးများက အဆိုပါကျောင်းတွင် နေထိုင်နေကြကြောင်း ဒေသခံအချို့ကပြောသည်။  

NUG အစိုးရသာလျှင် တည်ငြိမ်ရေးနှင့် နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို အာမခံ ချက်ပေးနိုင်၍ မြန်မာပြည်သူများနှင့်အတူ ရပ်တည်ရန် တရုတ်နိုင်ငံကို တိုက်တွန်း

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ခေတ်သစ် တိုင်းရင်းသားပေါင်းစုံပါဝင်နေသော အမျိုးသားညီညွတ်ရေးအစိုးရသာလျှင် မြန်မာနိုင်ငံ၏ တည်ငြိမ်ရေးနှင့် ပြည်ပ ရင်းနှီးမြုပ်နှံမှုများကို အာမခံချက် ပေးနိုင်၍ မြန်မာပြည်သူများနှင့် အတူ ရပ်တည်ရန် အိမ်နီးချင်း တရုတ်နိုင်ငံကို NUG ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောဆိုလိုက်သည်။ ယနေ့ ကျင်းပေသာ NUG အစိုးရ၏ ၈ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလ အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။ "လွန်ခဲ့တဲ့ ရက်အတွင်း တရုတ်နိုင်ငံအထူးကိုယ်စားလှယ်အနေဖြင့် မြောက်ပိုင်း တွင် အခြေပြုသော တိုင်း ရင်းသားလက်နက်ကိုင်တွေနဲ့ လာရောက်တွေ့ဆုံမှုကို သတင်းမီဒီယာတွေကတဆင့် ကြားသိခဲ့ရပါ တယ်။  ကျနော်တို့ရဲ့ ရပ်တည်ချက် ဟာ အာဏာရှင်စနစ် ဖျက်သိမ်းပြီး တည်ငြိမ်တဲ့ အစိုးရတရပ်ကို ဖွဲ့စည်းထူ ထောင် နိုင်ဖို့ဖြစ်ပါတယ်။ လက်ရှိစစ်အစိုးရဟာ တိုင်းပြည်ကို တည်ငြိမ်မှု မပေးနိုင် တာ သမိုင်းတလျှောက် အကြိမ်ကြိမ်အာဏာသိမ်းမှုများနဲ့ ကြုံတွေ့ ခဲ့ရပြီးဖြစ်ပါတယ်။ စစ်အာဏာရှင်တွေရဲ့ လက် အောက် မှာ တိုင်း ပြည်နဲ့ လူထုရဲ့ ထွက်ပေါက်/ တိုးတက်မှုလမ်းကြောင်း မရှိပါဘူး။ လက်ရှိ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ

မြောက်ဥက္ကလာပရှိ ထောက်လှမ်းရေးတပ်ကိုဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊

Image
မြောက်ဥက္ကလာပရှိ  ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊ ရန်ကုန်ရှိ စစ်ရေးပစ်မှတ်များကို ဒုတိယလှိုင်းဖြင့် စတင်တိုက်ခိုက် (ရုပ်/သံ) ရုပ်သံကြည့်ရန် ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်ခေတ်သစ် ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘေလီတံတားအနီးရှိ ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကြောင်း ရန်ကုန်တိုင်း၊ ပြည်သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန်  ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ က MISSION IMPOSSIBLE 1 (MI1) mission အဖြစ် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ စရတ(ထောက်လှမ်း‌ရေးတပ်) ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ  အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။ "ကျမတို့က ပြည်သူကို အသိပေးထားခဲ့တဲ့အတိုင်း ရန်ကုန်ကို လှိုင်းသုံးလှိုင်းနဲ့ တိုက်ဖို့ အစီ အစဥ်အရ အခု ဒုတိယလှိုင်းဖြစ်တဲ့ သိမ်းငှက်လှိုင်း (Eagle Wave) ကိုစတင်လိုက်တာပါ။ ဒီ Mission တွေကို အရင်ကလုပ်

မြန်မာစစ်တပ်အပေါ် အကန့်အသတ်ရှိလာပြီဖြစ်သည့် တရုတ်၏ ထောက်ခံမှုများ

Image
By Jason Tower ခေတ်သစ် စစ်ကောင်စီ၏ အနေအထား ပိုမိုအားနည်းလာသည်နှင့်အမျှ တရုတ်သည် မြန်မာနိုင်ငံ၌ ဩဇာအာဏာ တိုးချဲ့နိုင်ရေးအမြင်ဖြင့် ၎င်း၏ချဉ်းကပ်မှုကို ပြန်လည်တွက်ချက် ကစားလာခဲ့သည်။ ဒီမိုကရေစီအင်အားစုများကို နှိမ်နှင်းနေသည့် မြန်မာစစ်ကောင်စီအပေါ် တရုတ်၏ ထောက်ခံမှုနှင့် ၎င်းတို့ ကျူးလွန်ခဲ့သော ရာဇဝတ်မှုများအတွက် စစ်တပ်ကို တာဝန်ယူစေရေး နိုင်ငံတကာအသိုင်းအဝိုင်း၏ အားထုတ်မှုများမှ တရုတ်၏ အကာအကွယ်ပေးနေမှုတို့တွင် အကန့်အသတ်များရှိကြောင်း ၂၀၂၂ ခုနှစ် နှောင်းပိုင်းမှစတင်၍  ဘေဂျင်းက အရိပ်အမြွက် အချက်ပြလာခဲ့သည်။ အထူးသဖြင့် စစ်ကောင်စီအား နိုင်ငံတကာ ထောက်ခံမှုရရှိရေး ၎င်း၏ကြိုးပမ်းမှုများကြောင့် အရှေ့တောင် အာရှဒေသနိုင်ငံများနှင့် တရုတ်၏ဆက်ဆံရေးအပေါ် သက်ရောက်လာမှု၊ ကမ္ဘာ့ကုလသမဂ္ဂ၌ တရုတ်၏ ဂုဏ်သိက္ခာကို ထိခိုက်လာမှု စသည့် နိုင်ငံရေးအရ နစ်နာဆုံးရှုံးမှုများ ရှိလာသည့်အခါ ဘေဂျင်းက စစ်ကောင်စီအား ဆက်လက်ထောက်ခံရန် မလိုလားကြောင်း အထင်အရှား ပြသလာခဲ့သည်။  မြန်မာစစ်ဗိုလ်ချုပ်ကြီးများအပေါ် တစ်ကမ္ဘာလုံး၏ ဖိအားများ ကြီးထွားလာသည့်အချိန်တွင် စစ်တပ်ကို တွန်းလှန်တိုက်ခိုက်လျက်ရှိသော မြန်မာနိုင်ငံမှ အားကြီးသည့် တိုင်းရင်

အာဏာသိမ်းမှုကို လက်မခံသလို စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

Image
ဖေဖော်ဝါရီလ ၂၈ ရက်   မြန်မာစစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောမတူတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် လိုင်စင်မရှိဘူးလို့ စင်ကာပူ ထိပ်တန်းသံတမန်တစ် ဉီးက ပြောပါတယ်။   စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ရေးရာ ဆွေးနွေးမှုအတွင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ မေးမြန်း ချက်တွေကို ဖြေကြားရာမှာ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က အခုလို ပြောကြားခဲ့တာဖြစ်ပါ တယ်။   စင်ကာပူလိုမျိုး အခြား အာဆီယံနိုင်ငံတွေက ပြည်တွင်းရေးရာမှာ ပြည်ပက ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်ပြီး ပြည်သူတွေရဲ့အနာဂတ်အတွက် ပြည်တွင်းက သက်ဆိုင်သူတွေက စိတ်ကောင်းစေတနာနဲ့ တွေ့ဆုံ ဆွေးနွေးမှသာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။   “အာဏာသိမ်းမှုကို လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားထားတာကြောင့် အာဏာသိမ်းစစ် ကောင်စီကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး။ အာဆီယံအနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက် ပိုင်ခွင့် မရှိပါဘူး” လို့ သူက ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၂ နှစ်ကြာပြီးတဲ့နောက် အခုသွားနေတဲ့လမ်းဟာ လမ်းဆုံး နေပြလို့ သ

ဘဝဟောင်းမှ ဘဝသစ်သို့ ပြောင်းရွှေ့ကွယ်လွန်သွားပြီ"ဟု အော်၏

Image
သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင် လေးရက်အကြာတွင် သေဆုံး အိုက်မောင်/People's Spring  သေနတ်ဖြင့်ပစ်ခတ်ခံရသည့် မော်လမြိုင်ကျွန်းမြို့မှ ပြည်သူ့စစ်ခေါင်းဆောင်သည် လေးရက် ကြာဆေးကုသခဲ့သော်လည်း သေဆုံးသွား၍ ၎င်း၏နာရေးကို လုံခြုံရေးဖြင့် ယနေ့ အကျဉ်းချုန်းပြုလုပ်သွားကြောင်း ဒေသခံများက ပြောသည်။  ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့ ပြည်သူ့စစ်ခေါင်းဆောင် ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက် ၁၁နာရီခန့်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး ယမန်နေ့(ဖေဖော်ဝါရီ ၂၇ရက်) နေ့လယ်တွင် သေဆုံးသွားခြင်းဖြစ်သည်။  "စစ်တပ်က ပုသိမ်စစ်ဆေးရုံကို ခေါ်ကုတာ။ ဘယ်လိုတောင် ကုလိုက်တယ်မသိဘူး။မနေ့က သေသွားပါတယ်"ဟု မော်လမြိုင်ကျွန်းမြို့ခံတစ်ဦးက ပြောသည်။  ကျော်တင့်ဦးသည် ဖေဖော်ဝါရီ ၂၄ ရက် နံနက်က မော်လမြိုင်ကျွန်းမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ Happy လက်‌ဖက်ရည်ဆိုင်တွင်ထိုင်နေစဉ် အမျိုးသားနှစ်ဦးကဝင်လာပြီး သေနတ်ဖြင့် သုံးချက် ပစ်ခတ်ခံခဲ့ရခြင်းဟု သိရသည်။  အပစ်ခံရသည့်နေ့က ဒဏ်ရာရသော်လည်း စိုးရိမ်စရာမရှိကြောင်း လူမှုကွန်ရက်ပေါ်တင်ခဲ့သည့် ကျော်တင့်ဦး၏ တပည့်ဇော်ဝင်းဆိုသူက "အစစအရာ

အိုးဘိုထောင်က နိုင်ကျဉ်းအမျိုးသမီးအချို့ ထောင်ပြောင်းခံရ

Image
ဆိုင်းမင်း/People's Spring မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ အမျိုးသမီးတွေကို ဒီလဖေဖော်ဝါရီလ နောက်ဆုံးပတ်အတွင်း ထောင်ပြောင်းလိုက်တယ်လို့ ထောင်ပြောင်းခံလိုက်ရတဲ့သူတွေရဲ့ မိသားစုဝင်တွေထံကသိရပါတယ်။ ထောင်ပြောင်းခံရသူအမျိုးသမီးတွေဟာ ဖေဖော်ဝါရီလဆန်းပိုင်းက အကျဉ်းသူအချင်းချင်း စကားများမှုမှာ ထောင်အာဏာပိုင်တွေ ရဲ့ ရိုက်နှက် ညှင်းပမ်းမှုကို ခံခဲ့ရသူအများစုပါဝင်တယ်လို့သိရပါတယ်။ ထောင်ပြောင်းတာကို ပြီးခဲ့တဲ့ စနေနေ့ က လုပ်ခဲ့တာဖြစ်ပြီး သာယာဝတီ ၊တောင်ငူ၊မကွေး နဲ့ မြင်းခြံထောင်တွေကို ပြောင်းခံတာပါ။ ဒီလိုထောင်ပြောင်းခံရသူ အမျိုးသမီးအရေအတွက်ကို ကိန်းဂဏန်းအတိအကျမသိရပါဘူး ။ " ထောင်ပြောင်းရမယ်ဆိုတာ ကြိုမသိတဲ့အတွက် သူ့အတွက် ဘာမှမစီစဉ်ပေးလိုက်နိုင်ဘူး" လို့  နိုင်ငံရေး အကျဉ်းသူ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ဒီလ ဖေဖော်ဝါရီ ၃ရက် ၃ နာရီဝန်းကျင်က အိုးဘိုထောင် အိပ်ဆောင် အမှတ် (၁ )အမျိုးသမီး နိုင်ငံရေးအကျဉ်းသူအချို့ အချင်းများတာကို အမျိုးသမီး ထောင်အရာရှိနဲ့ ဝန်ထမ်းတွေဟာ ပြေလည်အောင်မဖြေရှင်းပေးဘဲ အကျဉ်းထောင်အမျိုးသားဝန်ထမ်းတွေက ဝင်ရောက်ရိုက်နှက်ခဲ့တာပါ။

PDF နှင့် PDO တပ်ဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL)သင်တန်းများ ပို့ချပေး

Image
ယန်ဒီး/People’s Spring အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ််ရေးဝန်ကြီးဌာနအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)တပ်ဖွဲ့ဝင်များနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ(PDO)အဖွဲ့ဝင်များကို နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(International Humanitarian Law) သင်တန်းများပို့ချပေးနေကြောင်း သိရသည်။ NUG ကာကွယ်ရေးဝန်ကြီးဌာနသည် Principles of Humanity အဖွဲ့၏ ပူးပါင်းပံ့ပိုးကူညီမှုဖြင့် ပြီးခဲ့သည့် ၂၀၂၂ စက်တင်ဘာမှစ၍ နိုင်ငံတကာလူသားချင်းဆိုင်ရာဥပဒေ(IHL) သင်တန်းများကို စီစဉ်ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဆိုပါဝန်ကြီးဌာနက ယနေ့ သတင်းထုတ်ပြန်သည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ အမိန့်စီးဆင်းမှုအောက်တွင်ရှိနေကြသော တိုက်ပွဲဝင်ရဲဘော်၊ ရဲမေ များအနေနှင့် လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ နိုင်ငံတကာစည်းကမ်းသတ်မှတ်ချက်များနှင့် စံချိန် စံညွှန်း များအတိုင်း တသွေမတိမ်း လိုက်နာကျင့်သုံးကြစေရန်အတွက် အထက်ပါသင်တန််းများကို စီစဥ်ပြုလုပ်ပေးခြင််းဖြစ်သည်ဟု ဆိုသည်။ အထက်ပါသင်တန်းများကို ၁၅ ကြိမ်ခန့် ပို့ချပေးပြီးဖြစ်ကာ သင်တန်းသား ၁၀၀၀ နီးပါးကို လက်နက်ကိုင်င်ပဋိပက္ခဆိုင်ရာ ဥပဒေသများ၊ MoD ၏ Code of Conduct များ၊ နိုင်ငံတကာ လူသားချင်းဆိုင်ရာ ဥပဒေများနှင့်