အာဏာသိမ်းမှုကို လက်မခံသလို စစ်ကောင်စီကို အသိအမှတ်မပြုဘူးလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော


ဖေဖော်ဝါရီလ ၂၈ ရက်
 
မြန်မာစစ်တပ်ရဲ့ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက သဘောမတူတာကြောင့် အာဆီယံအနေနဲ့ မြန်မာ့အရေးမှာ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် လိုင်စင်မရှိဘူးလို့ စင်ကာပူ ထိပ်တန်းသံတမန်တစ် ဉီးက ပြောပါတယ်။
 
စင်ကာပူ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ရေးရာ ဆွေးနွေးမှုအတွင်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ မေးမြန်း ချက်တွေကို ဖြေကြားရာမှာ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ခရစ်ရှနန်က အခုလို ပြောကြားခဲ့တာဖြစ်ပါ တယ်။
 
စင်ကာပူလိုမျိုး အခြား အာဆီယံနိုင်ငံတွေက ပြည်တွင်းရေးရာမှာ ပြည်ပက ဝင်ရောက်စွက်ဖက်တာကို ဆန့်ကျင်ပြီး ပြည်သူတွေရဲ့အနာဂတ်အတွက် ပြည်တွင်းက သက်ဆိုင်သူတွေက စိတ်ကောင်းစေတနာနဲ့ တွေ့ဆုံ ဆွေးနွေးမှသာ မြန်မာ့အရေးကို ဖြေရှင်းနိုင်မယ်လို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။
 
“အာဏာသိမ်းမှုကို လက်မခံဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပြောကြားထားတာကြောင့် အာဏာသိမ်းစစ် ကောင်စီကို ကျွန်တော်တို့ အသိအမှတ်မပြုပါဘူး။ အာဆီယံအနေနဲ့ မြန်မာ့ပြည်တွင်းရေးမှာ ဝင်ရောက်စွက်ဖက် ပိုင်ခွင့် မရှိပါဘူး” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာ ၂ နှစ်ကြာပြီးတဲ့နောက် အခုသွားနေတဲ့လမ်းဟာ လမ်းဆုံး နေပြလို့ သူက ထောက်ပြပါတယ်။

အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက်ကတော့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ရရှိဖို့ အာဆီယံနဲ့ စစ်တပ်အ ကြီးအကဲ မင်းအောင်လှိုင်ကြား သဘောတူခဲ့တဲ့ ဘုံသဘောတူညီချက် ၅ ရပ်ခေါ် ငြိမ်းချမ်းရေးအစီအစဉ်ကို စစ် ကောင်စီက လိုက်နာဖို့ဖြစ်တယ်လို့ ဗီဗီယန်က ပြောပါတယ်။
 
အာဏာသိမ်းစစ်ကောင်စီက ဘုံသဘောတူညီချက် ၅ ရပ် ဖော်ဆောင်ဖို့ ပျက်ကွက်တာကြောင့် အာဆီယံ အဖွဲ့က စစ်ကောင်စီကိုယ်စားလှယ်တွေကို အရေးပါတဲ့ အစည်းအဝေးတွေမှာ တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။
 
“ကျွန်တော်တို့က အာဏာသိမ်းမှုနဲ့ စစ်တပ်အာဏာပိုင်တွေကို အသိအမှတ်မပြုတာကြောင့် အစည်းအ ဝေးတွေမှာ နိုင်ငံရေးကိုယ်စားလှယ်တစ်ဉီး မစေလွှတ်ပါနဲ့။ အဲဒီအစား အမြဲတမ်းအတွင်းဝန်နဲ့ညီမျှတဲ့ ပြည်သူ့ဝန် ထမ်းတွေ စေလွှတ်ဖို့ ပြောပေမယ့် စစ်ကောင်စီက ငြင်းဆန်ပါတယ်” လို့ သူက ရှင်းပြပါတယ်။
 
မြန်မာ့အရေးကြောင့် အာဆီယံအဖွဲ့ကို ဓားစာခံအဖြစ်ခံတာ၊ အာဏာသိမ်းမှုကို အသိအမှတ်ပြုဖို့ ဖိအား ပေးတာကို ခွင့်မပြုဘူးလို့ သူက ဖြည့်စွက်ပြောပါတယ်။

ကိုးကား - South China Morning Post
Ref; Asean has no licence to interfere in Myanmar’s internal affairs: Singapore



Comments

Popular posts from this blog

လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို စစ်ကောင်စီဟာ မလိုက်နာလို့မရ

UNHCR ဘယ်လိုလျှောက်ကြမလဲ

PPST က မြန်မာနိုင်ငံသည် တိုင်းပြည်ကျဆုံး ပျက်စီးရေး လမ်းကြောင်းပေါ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ယနေ့ ကြေ ညာချက် ထုတ်ပြန်

ငွေတောင် ဆိုင်ပိုင်ရှင်မိသားစုများ

PDF များအား ထိန်းချုပ်၍ မရအောင် ဖြစ်လာဟု စစ်ဗိုလ်ချုပ်များ ဝန်ခံ

ဝီရသူက PDF ဖြိုခွဲရေး ဟောပြော

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

ထိုင်းဝန်ကြီးချုပ်နှင့်ထွန်းမင်းလတ်တို့ပါဝင်ပါတ်သက်မှု

ဂျပန်အစိုးရ၏ ညွှန်ကြားချက်မရှိဘဲ အကြမ်းဖက်စစ်ကောင်စီနှင့် မင်းအောင် လှိုင်ကို အသိအမှတ်ပြု ထိတွေ့ ဆက်ဆံနေသည့် နီပွန် ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဆာဆာဂါဝါ

လူယုတ်မာ ဝန်ကြီး စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ နိုင်ငံနှင့် ပြည်သူများအပေါ် အနိုင်ကျင့် ဖိနှိပ်ယုတ်မာမှုများကို ဖော်ထုတ်ခြင်း