မြောက်ဥက္ကလာပရှိ ထောက်လှမ်းရေးတပ်ကိုဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊

မြောက်ဥက္ကလာပရှိ  ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက် ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံး၊ ရန်ကုန်ရှိ စစ်ရေးပစ်မှတ်များကို ဒုတိယလှိုင်းဖြင့် စတင်တိုက်ခိုက် (ရုပ်/သံ)
ရုပ်သံကြည့်ရန်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်ခေတ်သစ်

ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်ရှိ ဘေလီတံတားအနီးရှိ ထောက်လှမ်းရေးတပ်ကို ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက ဝင်ရောက်ပစ်ခတ်မှု စစ်တပ်ဘက်မှ ၁၀ ဦး သေဆုံးကြောင်း ရန်ကုန်တိုင်း၊ ပြည်သူ့တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၁ မိနစ်အချိန်  ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ က MISSION IMPOSSIBLE 1 (MI1) mission အဖြစ် ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ စရတ(ထောက်လှမ်း‌ရေးတပ်) ကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ  အနည်းဆုံး ၁၀ ဦးသေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
"ကျမတို့က ပြည်သူကို အသိပေးထားခဲ့တဲ့အတိုင်း ရန်ကုန်ကို လှိုင်းသုံးလှိုင်းနဲ့ တိုက်ဖို့ အစီ အစဥ်အရ အခု ဒုတိယလှိုင်းဖြစ်တဲ့ သိမ်းငှက်လှိုင်း (Eagle Wave) ကိုစတင်လိုက်တာပါ။ ဒီ Mission တွေကို အရင်ကလုပ်ခဲ့တဲ့ Justice Lady mission တွေအတိုင်း Mission Impossible လို့ အမည်ပေးထားပါတယ်။ အခုဟာက MI 1 ပါ" ဟု ရန်ကုန်တိုင်း ပြည်သူ့ တပ်မဟာမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ 
ရန်ကုန်ခေတ်သစ်သတင်းဌာနက ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီ ၅၀ မိနစ်အချိန် မြောက်ဥက္ကလာတွင် သေနတ်သံများ ဆက်တိုက်ကြားရပြီး လူနာတင်ကား သံများ အဆက် မပြတ် ကြားရကြောင်း သတင်းဖော်ပြခဲ့ပြီးဖြစ်သည်။

Comments

Popular posts from this blog

​ဂမ္ဘီရကြိုင်ကြိုင်နှင့် ငါးလောင်းပြိုင် လူသတ်မှု (စ/ဆုံး)

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

မန္တလေးမှာ စစ်တပ်နဲ့ရဲ ပစ်ခတ်လို့ ၇ နှစ်အရွယ် ကလေးငယ် သေဆုံး

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

​ရန်ကုန်မြို့နယ်အတွင်း ထပ်မံသတိထားဖွယ်ရာများ

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်