တပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း
ကော့သောင်း၊ ခမောက်ကြီး ခမရ ၄၃၁ နဲ့ ၅၈၂ တပ်ရင်းတွေမှာ စစ်ကောင်စီတပ်သားတွေရဲ့ သားသမီးတွေကို အလှည့်ကျ ကင်းစောင့်ခိုင်း ဧရာဝတီတိုင်းမ် မတ်လ ၃၀ ရက် တနင်္သာရီတိုင်း၊ ကော့သောင်းမြို့နယ်၊ ခမောက်ကြီးမြို့ ခမရ ၄၃၁ နှင့် ၅၈၂ တပ်ရင်းတို့တွင် စစ်ကောင်စီတပ်သားများ၏ ၎င်းတို့၏ ဇနီးမယားများအပြင် သားသမီးများပါ အလှည့်ကျ ကင်းစောင့်ပေးနေရကြောင်း သိရသည်။ စစ်ကောင်စီတပ်သားများ၏ သားသမီးတွေကို ည ၈ နာရီမှ ည ၁၂ နာရီအထိ ၄ နာရီအကြာ ၎င်းတို့ရဲ့ဇနီးမယားများနှင့်အတူ ပူတွဲကာ အလှည့်ကျ ကင်းစောင့်တာဝန်ချပေးထားတာကြောင်း အဆိုပါ တပ်ရင်းများနှင့် နီးစပ်သူတစ်ဦးကပြောသည်။ ထို ကင်းစောင့်ပေးနေရသည့် စစ်ကောင်စီတပ်သားများ၏ သားသမီးများမှာ အသက် ၁၆ ၊ ၁၇ နှစ် အရွယ်ရှိပြီး စာမေးပွဲပြီးချိန်ကတည်းက စတင်ကာ ယခုလို လုပ်ဆောင်နေကြရတာဖြစ်ကြောင်းသိရှိရသည်။ "ခမရ ၄၃၁ နဲ့ ၅၈၂ ကတော့ အလှည့်ကျ ကင်းစောင့်နေရတယ်လို့သိရပါတယ်။ အခြားတပ်ရင်းတွေရဲ့ အခြေအနေတွေကိုတော့ မသိရသေးပါဘူး။ အခုရက်က စာမေးပွဲပြီးသွားပီဆိုတော့ သူတို့သားသမီးတွေလည်း အလှည့်ကျ ကင်းစောင့်ရတယ်လို့ သိရတယ်။ သိရသလောက်က တပ်တွင်းမှာလည်း အရင်ထက် အင်အားက အတော်လေးရော့နဲသွားတာကို တွေရှ်ိရတယ်"...