Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ 

By Yangon Khit Thit News Agency March 29, 2023

 စစ်ကောင်စီအတွက် အလုပ်လုပ်နေသော မြန်မာ့အာမခံလုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံစိုးငြိမ်းကို ဖမ်းဆီးပြီး အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့် တရားစွဲ ရန်ကုန်၊ မတ် ၂၉ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်းဖက်စစ်တပ် လက် အောက်ခံ မြန်မာ့အာမခံ လုပ်ငန်းမှ Non-CDM ခရိုင်တာဝန်ခံ စိုးငြိမ်းကို ဖမ်း ဆီး လိုက်ကြောင်း ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့တောင်ပိုင်းတိုင်း တာဝန် ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ မတ်လ ၂၅ ရက် ညနေ ၄ နာရီခန့်က ကလေးမြို့၊ ဗိုလ်ချုပ်လမ်းမပေါ်တွင် အကြမ်း ဖက်စစ်ကောင်စီ လက်အောက်ခံ ဒေါက်တိုင် လုပ်ကိုင်နေသူတစ်ဦး ဆိုင်ကယ် ဖြင့် သွားလာနေကြောင်း တာဝန်သိပြည်သူ တစ်ဦး၏ သတင်းပေး ပို့ချက်အရ PDF တပ်ရင်း ၅ တပ်ဖွဲ့ဝင်များက အမျိုးသားတစ်ဦးမောင်းနှင်လာ သော ဆိုင်ကယ်တစ်စီးအား ရပ်တန့်စစ်ဆေးရာ မြန်မာ့အာမခံလုပ်ငန်းမှ ခရိုင် တာဝန်ခံ အသက် ၅၈ နှစ် အရွယ် စိုးငြိမ်းဖြစ်ကြောင်း သိရှိရသဖြင့် ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း သိရသည်။ “သူ့ကို အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)နဲ့အမှုဖွင့်ထားပါတယ်၊ ရမန် ကုန်ရင်တော့ တရားစွဲတင်မှာဖြစ်ပါတယ်၊ ကလေးမြို့ထဲမှာလည်း စစ် ခွေး တွေ ဘာမှ မလှုပ်ရှားနိုင်ပါဘူး၊ ကျနော်တို့ စစ် ကိုင်းမှာက ပြည်သူ့ အုပ် ချုပ် ရေးနယ်မြေတွေ ကျယ်လာပါပြီ” ဟု ကလေးမြို့နယ် ပြည်သူ့ ရဲတပ် ဖွဲ့တောင် ပိုင်းတိုင်း တာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဖမ်းဆီးရရှိသူ စိုးငြိမ်းအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် အမျိုး သား ညီညွတ်ရေး အစိုးရ လက်အောက်ရှိ ကလေးမြို့နယ် ပြည်သူ့ရဲ တပ်ဖွဲ့ ထံသို့ သက်သေခံပစ္စည်းများနှင့်အတူ ယမန်နေ့ မတ် ၂၆ ရက် ညနေ ၃ နာရီ ခန့်အချိန် လွှဲပြောင်းပေးခဲ့ကြောင်း၊ ၎င်းကို ကလေးမြို့နယ် တရားရုံးသို့ တရား စွဲဆို တင်ပို့နိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း ကလေးမြို့နယ် ပြည်သူ့ ရဲတပ်ဖွဲ့က ပြောသည်။


Comments

Popular posts from this blog

သာကောတို့ နိုင်ငံပိုင်ဘဏ်ကြီးများကလည်း. ရုရှားကုန်စည်များအတွက် ‌ ဝန်ဆောင်မှုရပ်ဆိုင်း

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

အထက်မင်းလှမြို့နယ်တိုက်ပွဲ စစ်ကောင်စီတပ် နှစ်ဦးသေ

ရှားတောမြို့စစ်ကောင်စီဗျူဟာကုန်း ရိက္ခာသယ်ယာဥ်တိုက်ခိုက်ခံရပြီး ၅ဦးသေ၊ အများအပြားဒဏ်ရာရ

​အမေရိကန်- အာဆီယံ ထိပ်သီးအစည်းအဝေးအတွက် မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်။

ရုပ်ရှင်ရုံတွေပြန်ဖွင့်တော့မယ်တဲ့

​ယူကရိန်း ရုရှားအရေး စစ်နှုတ်ခမ်းက မငြိမ်းချမ်းတဲ့ကမ္ဘာ

မအလ ကြပ်ရောပြည့်ရဲ့လား နှီးကြောစာမိမယ်

ထိုင်းတွင် ပြုလုပ်သည့် အလွတ်သဘော မြန်မာ့အရေးဆွေးနွေးပွဲသို့ အာဆီယံ အဓိကအဖွဲ့ဝင်နိုင်ငံများမတက်