Posts

Showing posts from January 20, 2023

DKBA အမှတ် ၂ နည်းဗျူဟာမှူး ဗိုလ်မှူးကြီးစောအေဝမ်း နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်

Image
NCA လက်မှတ်ရေးထိုးထားတဲ့ DKBA နှင့် အကြမ်းဖက် စစ်ကောင်စီ လမ်းခွဲပြီလား ……………………………………… ဇန်နဝါရီ ၂၁ ကရင်ပြည်နယ်၊ ဘုရားသုံးဆူမြို့၊ပြောင်မထိန်ကျေးရွာအုပ်စု၊ ကြိမ်ချောင်းကျေးရွာရှိ DKBA (ဒေါနအနောက်ခြမ်း)၊ အမှတ် ၂ စစ်ကွပ်ကဲရေးနည်းဗျူဟာမှူး၊ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို ဒီကနေ့ ဇန်နဝါရီ ၂၁ ရက်နေ့ မနက် ၁ နာရီဝန်းကျင်မှာ အကြမ်းဖက် စစ်ကောင်စီက ဂျက်ဖိုက်တာ တိုက်လေယာဉ် ၄ စီးနဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။  တိုက်ခိုက်မှုကြောင့် ဗိုလ်မှူးကြီးစောအေဝမ်းနေအိမ်နဲ့ ဘုရားကျောင်းဆောင်ကို အပါအဝင်၊ အနီးဝန်းကျင်ရှိ အဆောက်အအုံများ၊ အလုပ်သမားတန်းလျားများ ဗုံးထိမှန် ပျက်စီးခဲ့ပါတယ်။  အလုပ်သမားတန်းလျားတစ်ခုနဲ့ DKBA ဗိုလ်မှူးကြီးရဲ့ နေအိမ်ခြံဝန်းအတွင်းက အဆောက်အအုံ ၂ လုံး လုံးဝ ပြိုကျပျက်စီးသွားခဲ့ပါတယ်။ DKBA ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်ကို လေယာဉ်ပေါ်မှ ပွိုင့်ဖိုက်စက်လက်နဲ့ပါ ပစ်ခတ်ထားတာကြောင့် နေအိမ် တစ်ခုလုံး မွစာကြဲ ပျက်စီးနေတာ တွေ့ရပါတယ်။  ပျက်စီးနေတဲ့ ဗိုလ်မှူးကြီးစောအေဝမ်းရဲ့ နေအိမ်အတွင်းမှာ ဗိုလ်မှူးကြီး စောအေဝမ်းနဲ့ အကြမ်းဖက်စစ်ကောင်စီ ဒုဥက္ကဋ္ဌ စိုးဝင်းတို့ ယခင် NCA ငြိမ်းချမ်းရေး ဆ

ညောင်ဦးတွင် အမျိုးသမီးများကို ဖမ်းဆီး မုဒိမ်းကျင့်သူ စစ်အရာရှိ ဗိုလ်ကြီး မျိုးညီ

Image
ညောင်ဦးတွင်  အမျိုးသမီး ၁၀ ဦးကျော်ကို  PDF ထောက်ပံ့သည်ဟုဆိုကာ စစ် တပ်က စွပ်စွဲ ဖမ်းဆီး ပြီး စစ်ကြောရေး တွင် မုဒိမ်းကျင့်  -------------------------------------------------------------- ▪️ မုဒိမ်းကျင့်သူများ တွင် စစစ အရာရှိ နောင်မင်းလတ်၊ ဗိုလ်ကြီး မျိုးညီ၊ စရဖ အရာရှိ တင်ထွန်းအောင် တို့ပါဝင် ရန်ကုန်၊ ဇန်နဝါရီ ၂၀ ခေတ်သစ် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် အသက် ၂၀ အရွယ် အမျိုးသမီး ၁၀ ဦး ကျော် ကို PDF ထောက် ပံ့ သည်ဟု စွပ်စွဲကာ စစ်တပ်က ဖမ်းဆီးခဲ့ပြီး  အဆိုပါ အမျိုးသမီးများကို စစ်ကြောရေးတွင် စစ်တပ်ဘက်မှ စစ်ဆေးသော အရာရှိ များ က  ဖမ်းဆီးခံ အမျိုးသမီး တချို့ကို မုဒိမ်းကျင့်မှုများ ကျူး လွန် ကြောင်း သိရှိရသည်။ ဇန်နဝါရီလအတွင်း ညောင်ဦးမြို့နယ်တွင် အသက် ၂၀ ကျော် အမျိုးသမီး ၁၀ ဦး ကျော်ကို အကြမ်းဖက် စစ်တပ်၊ ညောင်ဦးမြို့နယ် အထူးစုံစမ်း စစ်ဆေး ရေး ဦးစီးဌာန (စစစ)နှင့် စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) တို့က ပူးပေါင်း ဖမ်းဆီးလိုက်ပြီး ဖမ်းဆီးရာတွင် PDF များကို ထောက်ပံ့သည်ဆိုသော စွပ်စွဲ ချက်ဖြင့် ဖမ်းဆီးကြောင်း၊ ယင်းသို့ ဖမ်းဆီးပြီးနောက် စစ်ကြောရေးတွင် အမျိုး သမီးများကို စစ်ကြောရေးလုပ်သူ စစ

MLM လိမ်တယ်ဆိုတာတော်ရုံရှက်ကြောပြတ်နဲ့မရဖူး

Image
Pyramid Schemes များသည် MLM နည်းဗျူဟာတစ်ခုအဖြစ် အသွင်ယူထားသော လိမ်လည်လှည့်ဖြားသော အစီအမံများဖြစ်သည်။  ကနေဒါအစိုးရက MLMကို ခေတ်သစ်စီပွါးရေးစနစ်တခု အဖြစ်လက်ခံသော်လည်း ပစ်ရမစ် စီးပွါးရေးစနစ်ကို တားမြစ်ထားတယ် ဆိုလိုချက်က MLMအမည်ခံပြီး ပစ်ရမစ်ဆန်ဆန်ရောင်းချရင်အရေးယူခံရမယ်လို့ဆိုလို တာပါ ဘာလို့ပစ်ရမစ်စနစ်ကိုပိတ်ရတာလဲ ၂၀၀၀ခုနှစ်က အော့တာဝါကမြန်မာလင်မယား၂ယောက် တိုရန်တိုမှာ လာရောင်းတယ် ကိုယ်ရောက်သွားချိန်မှာ အယောက်၂၀ လောက်ဝယ်ပြီးပြီ တယောက်$၁၀၀၀ ဆိုတော့ $၂၀၀၀၀ လောက်ခိုင်နေပြီ ပစ္စည်းတန်ဖိုးက $၂၅၀ထက်မပိုပါဖူး မကြားဖူးတဲ့ရောင်းမထွက်တွေ၊ သူရှင်းပြတာနားထောင်ရင်း ဘော့ပင်တလက်နဲ့လိုက် တွက်တယ် အဆင်မပြေဖူး ကိုယ်က၁၀၀၀ဖိုး ၂ယောက်ကိုရအောင်ရောင်းရမယ် သူတို့ကလဲ၂ယောက်စီထပ်ရောင်းရမယ် ကိုယ်ကစရေလို့ ပစ်ရမစ်တခုစာပြည့်ရင် အပတ်စဉ် ပိုက်ဆံရမယ်၊ လောလောဆယ်တော့ $၇၅၀ဆုံးပြီ၊ ပစ်ရမစ်တခုစာကလဲဘယ်တော့မှပြည့်လာမှာ မဟုတ်ဖူး ဘောကန်သလိုပေါ့ နောက်တန်းကကန်မတင် ပဲရှေ့တန်းကဂိုးသွင်းခွင့်ရမှာမဟုတ်ဖူး ပစ်ရမစ်treeထဲက တဆင့်ဆင့်မှာရပ်တာနဲ့ပိုက်ဆံမရဖူး ရချင်ရင် ဘယ်သူဘယ်ဝါမှန်းမသိတဲ့သူကို ၂ယောက် ပြည့်အောင်ရောင်းပေးဖို့ သွားပြောရမယ် မြန်မာလင

သပွတ်အူနိုင်ငံတော်

အခုအချိန်မှာ ဒီနိုင်ငံက မြေပုံပေါ်မှာကမ္ဘာက အသိအမှတ်ပြုထားတဲ့တစ်ပြည်ထောင်စုပါ ခွဲထွက်တယ်ဆိုတာ မသင့်လျော်တော့ဖူး ဒါပေမယ့် မခွဲထွက်နိုင်ဖို့ မျှတမှုလိုတယ် တချိန်လုံး မဘသ လုပ်နေလို့မရဖူး သမိုင်းအပေါ်မှာရိုးသားရမယ် အားလုံးကအမှန်ကိုလက်ခံရမယ် ရှမ်းဆိုရင်စော်ဘွားတွေဟော်နန်းတွေနဲ့နေတယ် ကချင်ချင်းရခိုင်မွန် သူ့ခေါင်းဆောင်နဲ့သူ သူ့နယ်နဲ့သူနေနေတယ် အလယ်ပိုင်းဒေသအပူပိုင်းဒေသမှာ ဗမာ ( ဗ နေရာမှာ မ ထည့်ခေါ်ရင်းမြန်မာလို့လဲသိကြတယ်) တွေနေတယ်၊ အကုန်မဲမဲသဲသဲလေးတွေ😊 ဟိုတိုက်လိုက်ဒီတိုက်လိုက် ကလေးတွေစွတ်မွေးလိုက် နဲ့ ဗမာပိုင်တဲ့နယ်ကကျယ်လာပြီး ကမ္ဘာကလဲ Burma လို့ပဲ ခေါ်ကြတယ် အင်္ဂလိပ်မဝင်အထိ အတူတူတွဲ တိုက်ခဲ့ကြတဲ့အချိန်တွေလဲရှိခဲ့တယ်  အင်္ဂလိပ်ကအကုန်သိမ်းလိုက်ပြီး Burma လို့ပေါင်း ခေါ်ခဲ့ပေမယ့် ဗမာဘုရင်တွေ မပိုင်တဲ့နေရာတွေ ကအင်္ဂလိပ်မဝင်ခင်ထဲကသပ်သပ်ရှိတယ် ဒီသမိုင်းကြောင်းကို အင်္ဂလိပ်ကသိထားတော့ လွတ်လပ်ရေးတောင်းချိန်မှာ တောင်တန်းတွေက ဗမာပိုင်တာမဟုတ်ဖူးလုပ်ပြန်ရော အဲ့အချိန်မှာသူ့ကျွန်မခံလိုသူတွေပေါင်းစည်းချိန် ဆိုတော့ ပင်လုံစာချူပ်ကိုချူပ်ဆိုပြီး လွတ်လပ် ရေးရခဲ့တယ် ကံဆိုးချင်တော့ လွတ်လပ်ရေးရ တာတောင်ဗိုလ်ချူပ်