အမေရိကန်ဟာ မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုကို ဝင်ရောက်စွက်ဖက်တော့မယ်လို့ ယူဆနေ
အခုရက်ပိုင်းမှာ တိုက်ဆိုင်တာတွေ တစ်ခုပြီးတစ်ခု ဖြစ်လာတော့ စဉ်းစားစရာတွေ ဖြစ်လာတယ်။ ရိုးရိုးတိုက်ဆိုင်တာ မဟုတ်တဲ့ ထူးခြားဖြစ်စဉ်တွေမို့ တွေးကြည့်ကြစေချင်လို့ပါ။ 1️⃣ မတ်လ ၁၁ ရက်က အာရှရဲ့ နေတိုးမဟာမိတ်လို့ တင်စားကြတဲ့ လေးပွင့်ဆိုင်နိုင်ငံများရဲ့ ထိပ်သီး အစည်းအဝေးလုပ်ပါတယ်။ QUAD လေးနိုင်ငံဟာ အမေရိကန်ပြည်ထောင်စု၊ ဩစတြေးလျား၊ အိန္ဒိယနဲ့ ဂျပန်ဆိုတဲ့ စစ်အင်အားကြီး တိုင်းပြည်တွေပါ။ (ကမ္ဘာမှာ စစ်အင်အားအရ အမေရိကန် နံပါတ် ၁၊ အိန္ဒိယ ၄၊ ဂျပန်ဟာ စစ်အင်အား နံပါတ် ၅၊ ဩစတြေးလျား ၁၉ ရှိပါတယ်။ မြန်မာက ၃၈ ပါ။) 2️⃣ ကုလသမဂ္ဂရဲ့ R2P လို့ခေါ်တဲ့ ကာကွယ်ပေးရန်တာဝန်ဆိုတဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့တွေ စေလွှတ်ကူညီရေးကိစ္စမှာ မြန်မာနိုင်ငံကို အနီရောင် ထိပ်တန်းအဆင့် သတ်မှတ်လိုက်ပါတယ်။ R2P ဆိုတာ လူတိုင်းသိတာကြောင့် ထပ်မရှင်းတော့ဘူး။ 3️⃣ ပြင်သစ်နိုင်ငံ ဦးဆောင်ပြီး QUAD လေးနိုင်ငံပါဝင်တဲ့ ရေတပ်ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ဘင်္ဂလားပင်လယ်အော်ထဲမှာ ဧပြီ ၄ ရက်ကနေ ၇ ရက်အထိ လေးရက်ကြာ ဆင်နွှဲမယ်လို့ ကြေညာပါတယ်။ ခေတ်မီ လေယာဉ်တင်သင်္ဘောကြီး နှစ်စင်း၊ အဏုမြူရေငုပ်သင်္ဘောတွေ၊ ဖရီးဂိတ်စစ်သင်္ဘောကြီးတွေ၊ ဒုံးကျည်တင်ယာဉ်တွေ၊ ဖျက်သင...