တရုတ်အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသား မန်နေဂျာက မီးရှို့ခဲ့ပြီး အခြားတရုတ်စက်ရုံများကို စစ်တပ်နှင့်ရဲက မီးရှို့ခဲ့

ရွှေပြည်သာ တရုတ်အထည်ချုပ်စက်ရုံကို တရုတ်နိုင်ငံသား မန်နေဂျာက မီးရှို့ခဲ့ပြီး အခြားတရုတ်စက်ရုံများကို စစ်တပ်နှင့်ရဲက မီးရှို့ခဲ့ (ဗီဒီယို) ရန်ကုန်၊ မတ် ၁၅ ယမန်နေ့ ရွှေပြည်သာမြို့နယ် ၁၈ ရပ်ကွက်ရှိ တရုတ်အထည်ချုပ်စက်ရုံ မီးလောင်မှုတွင် တရုတ်နိုင်ငံသား မန်နေဂျာကိုယ်တိုင် မီးရှို့ခဲ့သည်ကို ဒေသခံများကတွေ့မြင်​၍ တားဆီးခဲ့ကြရပြီး လှိုင်သာယာရှိ တရုတ်စက်ရုံများ မီးလောင်မှုတွင်လည်း စစ်တပ်နှင့်ရဲက အရပ်ဝတ်များဝတ်၍ ဆိုင်ကယ်များဖြင့် လာရောက်မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း ရွှေပြည်သာနှင့်လှိုင်သာယာဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ဆက်သွယ်ပြောဆိုသည်။ လတ်တလော တရုတ်စက်ရုံ ၃၂ ရုံကို ဆန္ဒပြသူများက မီးရှို့သည်ဟု ပြောဆိုနေမှုများမှာ မှန်ကန်မှုမရှိဘဲ စစ်တပ်နှင့်ရဲက အရပ်ဝတ်များဖြင့် ဝင်ရောက် မီးရှို့ခဲ့ကြောင်း၊ ယင်းမီးရှို့မှုကို မျက်မြင်များလည်း ရှိနေကြောင်း၊ အချို့စက်ရုံများတွင် ယင်းသို့ မီးလာရောက်ရှို့သည်ကို တားဆီးခဲ့သော်လည်း အရပ်ဝတ် စစ်သားနှင့်ရဲများက လမ်းဖွင့်ပေးရန် ပြောဆို၍ မီးရှို့ခဲ့ကြောင်း သိရှိရသည်။ ယမန်နေ့က ရွှေပြည်သာ တရုတ်အထည်ချုပ်စက်ရုံ မီးရှို့ခံရစဉ် ဒေသခံများက မီးငြိမ်းသတ်ရေး ၀ိုင်းဝန်းကြိုးစားခဲ့ကြသည့် ဗီဒီယိုတွင် တရုတ်မန်နေဂျာကိုယ်တိုင် မီးရှို့၍ ဒေသခံများက တားဆီးခဲ့ကြရကြောင်း သိရှိရသည်။ ဒေသခံများ၏ အဆိုအရ တရုတ်စက်ရုံ ၃၂ ရုံ မီးရှို့ခံရသည်ဆိုမှာလည်း မှန်ကန်မှုမရှိဘဲ မီးလောင်သည့် စက်ရုံအရေအတွက်မှာလည်း ၃၂ ရုံ မရှိနိုင်ကြောင်း၊ မီးရှို့သည့် သူမှာလည်း ဒေသခံ ပြည်သူများမဟုတ်ဘဲ အရပ်ဝတ် စစ်တပ်နှင့်ရဲများသာ ဖြစ်ကြောင်း ပြောဆိုကြသည်။ "အခု တရုတ်စက်ရုံတွေကို မီးရှို့တာက ဒါက ဆန္ဒပြပွဲတ စ်ခုလုံးကို ပုံဖျက်ဖို့ ကြိုးစားတဲ့ ရှစ်လေးလုံးကလိုပုံစံမျိုးပါပဲ။ မြောက်ဥက္ကလာပ ထွေအုပ်၊ ဆီဆိုင်တွေကို မီးရှို့ခဲ့တာလည်း စစ်တပ်နဲ့ ရဲပဲ။ လမ်းပေါ်မှာ ပြည်သူတွေ ကာရန်တားဆီးထားတွေ မီးရှို့တာလည်း စစ်တပ်နဲ့ရဲပဲ။ အခု လှိုင်သာယာနဲ့ ရွှေပြည်သာက စက်ရုံတွေ မီးရှို့တာကလည်း သူတို့ပါပဲ" ဟု ရွှေပြည်သာဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ #ခေတ်သစ်မီဒီယာ

Comments

Popular posts from this blog

မင်းအောင်လှိုင် မိန်းမ၊ သား၊ သမီးနဲ့ မြေးတွေက စင်ကာပူကို အပျော်ခရီး အလည်အပတ် ထွက်လေ့ရှိသတဲ့လား

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

စကစက IMF ရဲ့ ဒေါ်လာ ၃၇၂ သန်းကို ဘတ်လိုက်လို့ ပြဿနာ ရှာခံနေရ

ESS ခေါ်ရင် ၂၄ နာရီအတွင်း အစည်းဝေးလုပ်ရပါတယ်။

​ဂုဏ်သိက္ခာကင်းမဲ့သည့် စစ်တပ်ဖြစ်နေပြီကို တပ်ထဲရှိ အရာရှိ၊ စစ်သည် အနည်းဆုံး ၆၅ရာခိုင်နှုန်းသိရှိနေဟု CDM တပ်ရင်းမှူးဖွင့်ဟ

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

ရှုပ်ထွေးနေသောမြန်မာ-တရုတ်ဆက်ဆံရေးအတွက်နောက်ထပ်ရှုပ်ထွေးသောအာဏာသိမ်းမှု

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

တရုတ်၏ သဘောထား ပြောင်းလဲလာခြင်းလော