လုပ်ငန်းတာဝန်များ ဆောင်ရွက်လုပ်ကိုင်ခြင်းကို လုံးဝ ရပ်ဆိုင်းရန် မဟနအဖွဲ့က ဆုံးဖြတ်

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ၄၇ ပါးစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ လုပ်ငန်းတာဝန်များ ဆောင်ရွက်လုပ်ကိုင်ခြင်းကို လုံးဝ ရပ်ဆိုင်းရန် မဟနအဖွဲ့က ဆုံးဖြတ်လိုက်ကြောင်း သိရသည်။ ပြည်သူများကို အကြမ်းဖက်လက်နက်ကိုင်များက နှိမ်နင်းနေမှုကို အမြန်ဆုံး ရပ်တန့်ရေးအပါအဝင် အချက် ၅ ချက်ကို သံဃနာယကအဖွဲ့က တောင်းဆိုလိုက်ပြီး မဟနအဖွဲ့၏ ယနေ့ (မတ် ၁၆) ပြုလုပ် သော ၄၇ ပါးစုံညီအစည်းအဝေးဆုံးဖြတ်ချက်အရ ဆုံးဖြတ်လိုက်ခြင်းဖြစ်ကြောင်း အဖွဲ့ဝင် ဆရာတော် တစ်ပါးက Myanmar Now ကို ယနေ့ညပိုင်းတွင် မိန့်ကြားသည်။

သံဃမဟာနာယကအဖွဲ့၏ အဆိုပါဆုံးဖြတ်ကို မတ် ၁၈ တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးထံ တင်ပြ ပြီးမှသာ တရားဝင်ကြေညာချက် ထွက်နိုင်မည်ဖြစ်ကြောင်းလည်း အဆိုပါဆရာတော်က မိန့်သည်။ “CDM လုပ်တဲ့အသွင် ဆောင်သွားတာပေါ့။ သာသနာရေးဝန်ကြီးဆီ ရောက်သွားရင် ထုတ်ပြန်ချက်က တစ်မျိုးပြောင်းသွားနိုင်တယ်။ ပြောင်းသွားနိုင်တာဖြစ်လို့ ဒီဟာ မူရင်းဆိုတာကို အဓိကက သိစေချင် တာပေါ့။ ၄၇ ပါးရဲ့ ဆုံးဖြတ်ချက်ကတော့ ဒါပဲ” ဟု ဆရာတော်က မိန့်ကြားသည်။ သံဃမဟာနာယကအဖွဲ့က တောင်းဆိုလိုက်သော အချက် ၅ တွင် လက်နက်ကိုင်လူနည်းစုက လက်နက် မဲ့လူအများကို အကြမ်းဖက် ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နှိမ်နင်းနေမှုများ အမြန်ဆုံးရပ်တန့်ရေး တာဝန်ရှိ သူများ ညွှန်ကြားပေးရန်၊ ပြည်သူ့ စည်းစိမ်ဥစ္စာများကို လုယက်ဖျက်ဆီးနေမှုများ လုံးဝ မဖြစ်ပေါ်စေ ရေး ကာကွယ်စောင့်ရှောက်ရန်ဟု ပါရှိသည်။ ထို့ပြင် မြန်မာနိုင်ငံသား (အထူးသဖြင့်) မျိုးဆက်သစ်လူငယ်အားလုံး၏ အနာဂတ်ကာလ ကမ္ဘာ့အလယ် ဂုဏ်ယူဝင့်ထယ်နိုင်မှုကို အလေးအနက်ထား ထည့်သွင်းစဉ်းစားရန် နေထိုင်သည့် နိုင်ငံနှင့်လူမျိုး၊ ကိုးကွယ်သည့်ဘာသာနှင့် ယဉ်ကျေးမှုတို့၏ ဂုဏ်သိက္ခာပုံရိပ် ကျဆင်းစေသည့် လုပ်ရပ်များကို ရှောင်ကြဉ်ရန်၊ မေတ္တာတရား လက်ကိုင်ထားပြီး တွေ့ဆုံညိှနှိုင်း အဖြေရှာခြင်းဖြင့်သာ အကျပ်အ တည်း၏ ထွက်ပေါက်သို့ ဦးတည်ကြရန် အချက်များလည်း ပါရှိသည်။ “ပြည်ထောင်စု မြန်မာနိုင်ငံတော အတွင်း လက်ရှိဖြစ်ပေါ်နေသော ကိစ္စအဝဝကို မြန်မာနိုင်ငံတော် ဂုဏ်တက်စေမည့် နည်းလမ်းများဖြင့် ဆောင်ရွက်ကြစေရေး အထူးမေတ္တာရပ်ခံတော်မူနိုင်ပါရန်” ဟူသော တင်ပြလျောက်ထားချက်ကို အခြေခံ၍ ၄၇ ပါးလုံးက သဘောတူ ဆုံးဖြတ်ချက်ချလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ပြည်သူများကို အကြမ်းဖက်လက်နက်ကိုင်များက နှိမ်နင်းနေမှုကို အမြန်ဆုံးရပ်တန့်ရေး အပါအဝင် နိုင်ငံရေးအခြေအနေများ တင်းမာမှု လျော့ပါး၍ တည်ငြိမ်မှုရရှိပြီး ပြည်သူများ လွတ်လပ်စွာ သွားလာလှုပ်ရှား ရောင်းဝယ်ဖောက်ကားနိုင်သည်အထိ သံယနာယကအဖွဲ့က လုပ်ငန်းတာဝန်များ ဆောင်ရွက်လုပ်ကိုင်ခြင်းကို လုံးဝရပ်ဆိုင်းထားရန်ဟုလည်း ပါဝင်သည်။ “အစည်းအဝေးမှာ ဥက္ကဋ္ဌဆရာတော်ကြီးက မန္တလေးတိုင်းသံဃနာယကအဖွဲ့က တင်ပြထားတဲ့စာ ရှိပါတယ်ဆိုပြီးတော့ ဖွင့်ပြလိုက်မှ ဆရာတော်တို့လည်း သိတာ။ ကျန်တဲ့အာဂျန်ဒါ (အစီအစဉ်) တွေကို မဆွေးနွေးတော့နဲ့ ဒီအာဂျန်ဒါကိုပဲ ဆွေးနွေးပါတော့မယ်ဆိုပြီးတော့ အခမ်းအနားမှူး ဆရာတော်က ကြေညာလိုက်တာ” ဟု မဟနအဖွဲ့ဝင် ဆရာတော်က မိန့်သည်။ ဆွေးနွေးရာတွင် အဓိကအချက်ဖြစ်သည့် မေတ္တာရပ်ခံချက်အပေါ် အခြေအတင်ဆွေးနွေး ဆုံးဖြတ် ရခြင်းမျိုးမရှိဘဲ သံဃနာယကဆိုင်ရာ လုပ်ငန်းဆောင်တာများ ရပ်ဆိုင်းရာတွင် စာမေးပွဲဆောင်ရွက် မဆောင်ရွက်နှင့် ပတ်သက်၍သာ အခြေအတင် ဆွေးနွေးရခြင်းမျိုး ရှိသည်ဟုလည်း ဆရာတော်က မိန့်ကြားသည်။ စာမေးပွဲစစ်ခြင်းလုပ်ငန်း ဆောင်ရွက်မရွက်မှာ သာသနာရေးဝန်ကြီးဌာနနှင့် ထပ်မံဆွေးနွေးပြီးမှ သိရှိနိုင်မည်ဟု ဆိုသည်။ ဖြစ်ပေါ်နေသော အခြေအနေများကြောင့် တိုင်းသူ ပြည်သားတို့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ ဖြစ်နေကြသည်မှာ မငြင်းကွယ်နိုင်သော အမှန်တရားဖြစ်ကြောင်း၊ “ကျွန်းကိုင်းမှီ၊ ကိုင်းကျွန်းမှီ” ဆိုသကဲ့သို့ ပြည်သူပြည်သားတို့ ကိုယ်စိတ်မချမ်းသာဖြစ်ကြလျင် ဆရာတော်၊ သံဃာတော်တို့လည်း မရွှင်မလန်း၊ ပင်ပန်းဆင်းရဲခြင်း ဖြစ်ကြရမည်မှာ သေချာကြောင်း၊ အုပ်ချုပ်သူအချင်းချင်း မညီမညွတ် မသင့်မတင့် ဖြစ်နေကြလျင် ကမ္ဘာ့အလယ်၌ မျက်နှာငယ်ကြရမည်မှာ မြန်မာနိုင်ငံသားများ အားလုံးပင် ဖြစ်၍ မေတ္တာရပ်ခံသဘောထားထုတ်ပြန်ရကြောင်း နိုင်ငံတော်သံဃမဟာနာယက ဆရာတော်များက သဘောထားထုတ်ပြန်ချက်က ဆိုသည်။ https://www.myanmar-now.org/mm/news/6114

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ