စစ်အုပ်စုကို အသိမှတ်မပြုဘူးလို့ ကြေငြာလိုက်ပြီ

 " စင်္ကာပူက ဒီနေ့ပဲ သူ့နိုင်ငံသားတွေကို အထူးလေယာဉ်နဲ့
လာခေါ်သွားတယ်။  အခုတော့ သတင်းမှာ စစ်အုပ်စုကို   အသိမှတ်မပြုဘူးလို့ ကြေငြာလိုက်ပြီ "

lmpact Analysis တို့၊ Risk Management တို့တွေမှာ သေချာတွက်ချက်ပြီးမှ လုပ်တာ။ ဘာလို့လဲဆိုတော့ သူတို့က သေးသေးလေး ဆိုတော့ အတိမ်းအစောင်း အမှားမခံဘူး။ သူတို့သမိုင်းတစ်လျှောက်မှာ ဘယ်သူ့ နိုင်ငံအရေး မှလည်း ဝင်မပါဘူး။ မတော်တစ်ဆ ရန်သူမဖြစ်ချင်လို့။ အဲတော့ အခု မြန်မာအရေးမှာ အစက ကြည့်နေတယ်။ အခြေအနေ ကိုတွက်လို့မရသေးလို့ ပြည်တွင်း၊ ပြည်ပ Data စုနေတယ်။

အခု မြန်မာအရေးကို ဦးဆောင်ပြီး အာဆီယံ မှာပြောနေပြီ။ စစ်ကောင်စီကို အာစီယံက အသိအမှတ် မပြုပါလို့ တရားဝင် ပြောချလိုက်ပြီ။ အဲဒါ ဘာကြောင့်လဲဆိုတော့ သူတို့တွက်တဲ့ ဖော်ဗြူလာမှာ မအလ အဖွဲ့ ပြန်မလာနိုင်တော့တာ သေချာနေပြီ။

အတွေးမလွဲကြနဲ့ သူငယ်ချင်းတို့၊ Upper တွဲက ဖြစ်ဖြစ်၊ ရိုးရိုးတန်းက ပဲဖြစ်ဖြစ်၊ ခုံမပါ without တန်း ကပဲ ဖြစ်ဖြစ် CDM ရထားပေါ် အမြန်တက်ကြတော့။ ရထားပေါ် ရောက်ပြီးသား လူတွေ ကလည်း နောက်မှလိုက်လာ တဲ့ သူတွေကို ကူညီပေးလိုက်ကြပါ။ ရထားက လူပြည့်ပြည့် မပြည့်ပြည့် ထွက်တော့မှာ။ ကဲ ဒီတစ်ခါ လုံးဝ စိတ်ကူး မလွဲနဲ့တော့။ သေချာပေါက် နိုင်တော့မှာ။

အရေးတော်ပုံ အောင်ရမည်။
အရေးတော်ပုံ အောင်ရမည်။ အရေးတော်ပုံ အောင်ရမည်။

#SupportCRPHGov

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ