မြန်မာနိုင်ငံကို Current crisis အဆင့်ထဲ ထည့်လိုက်ပါတယ်

‼️TOP STORIES TODAY ‼️ 🔴American 🇺🇸 ကာကွယ်ရေးဝန်ကြီး Lloyd Austin နဲ့ နိုင်ငံခြားရေးဝန်ကြီး Anthony Blinken တို့ရဲ့ ပထမဆုံး လေးရက်တာ အာရှခရီးစဉ် စပြီတဲ့။ ဒီခရီးစဉ်မှာ US တပ်များ တပ်စွဲရန်အတွက် မဟာမိတ်နိုင်ငံတွေ ကုန်ကျစရိတ်မျှခံဖို့ သဘောတူညီချက်တွေ ယူမှာ ဖြစ်ပါတယ်တဲ့။ မတ် ၁၅, ၁၆ မှာ Japan 🇯🇵 မတ် ၁ရ မှာ Korea 🇰🇷 မတ် ၁၈ မှာ India 🇮🇳 နိုင်ငံများကို သွားရောက်ဆွေးနွေးမှာ ဖြစ်ပါတယ်။ မတ် ၁၈ မှာပဲ Anthony Blinken က US ကို ပြန်လာပြီး သူနဲ့ လုံခြုံရေးအရာရှိ Jake Sullivan တို့နှစ်ယောက်ဟာ တရုတ် 🇨🇳 ကွန်မြူနစ်ပါတီ ညွှန်ကြားရေးမှူး ယန်ကျဲ့ချီ (Yang Jiechi) နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီ (Wang Yi) တို့နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။ ဒါဟာ ပထမဆုံးအကြိမ် အမေရိကန်-တရုတ် နိုင်ငံခြားရေးဝန်ကြီးအဆင့်တွေ တွေ့ဆုံပွဲဖြစ်ပါတယ်။ 〰〰〰〰〰〰〰〰〰〰〰 🔴 QUAD alliance လေးနိုင်ငံ + ပြင်သစ် 🇫🇷 ငါးနိုင်ငံပေါင်း ရေတပ်အဖွဲ့များဟာ မြန်မာနိုင်ငံရဲ့ ကမ်းလွန်ပင်လယ်ပြင်ဖြစ်တဲ့ ဘင်္ဂလားပင်လယ်အော်မှာ "စစ်ရေးလေ့ကျင့်မှု" လာရောက်ပြုလုပ်မယ် ဆိုပြီး QUAD အဖွဲ့ဝင် ဖြစ်တဲ့ India က ကြေငြာလိုက်ပါတယ်။ 😼 〰〰〰〰〰〰〰〰〰〰〰 🔴 တိုင်းပြည်အခြေအနေ ဘယ်လောက်ဆိုးဝါးနေသလဲဆိုတာ အပေါ်မူတည်ပြီး R2P နဲ့အရေးယူဖို့လိုမလို စောင့်ကြည့်ပြီး အဆင့်သတ်မှတ်ပေးရတဲ့ အမေရိကန်အဖွဲ့ Global Center for Responsibility to Protect က ဒီနေ့မှာ သတင်းထုတ်လိုက်ပါတယ်။ "ကျွန်ုပ်တ်ို့ဟာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ပြီး မြန်မာနိုင်ငံကို Current crisis အဆင့်ထဲ ထည့်လိုက်ပါတယ်" တဲ့ Current crisis ဆိုတာ အနီရောင် 🔴အဆင့်ဖြစ်ပြီး ချက်ချင်းအရေးယူလို့ရတဲ့ အဆင့်ဖြစ်ပါတယ်။ သူ့အောက်မှာ လိမ္မော်ရောင် 🟠အဆင့်နဲ့ အဝါရောင် 🟡 အဆင့်ရှိပြီး အဲဒီအဆင့်တွေကတော့ စောင့်ကြည့်တဲ့ အဆင့်နဲ့ စိုးရိမ်တဲ့ အဆင့်တွေပဲ ဖြစ်ပါတယ်။ 〰〰〰〰〰〰〰〰〰〰〰 စဉ်းစားကြည့်ရင် ဒီသတင်းတွေဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပါတယ်။ 😼 Crd Ref: CNBC, The times of India, GCR2P, DW PHOTO CREDIT

Comments

Popular posts from this blog

ဗုံးခွဲခံရတဲ့ ​Brave Bar နဲ့ စစ်ကောင်စီဘယ်လိုပတ်သက်နေတာလဲ

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ

ရန်ကုန်မှာ အဖမ်းအဆီးတွေ ပြန်များလာ

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ခလရ(၃၂)ရဲ့ လက်နက်တိုက်ကိုလည်း သိမ်းထားတယ်

ဖမ်းဆီးခံလိုက်ရ​သော အမျိုးသား ​ခေါင်းကွဲဒဏ်ရာဖြင့် ​ပျောက်ဆုံး​

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်

တိုက်လေယာဉ် အတက်အဆင်း သ တင်း များပေါက်ကြား၍ လေကြောင်းစစ်ဆင်ရေးများကို နေပြည်တော် အေလာ လေတပ်သို့ ပြောင်းရွှေ့

(NUG)People's government has right to stand in the world