Posts

Showing posts from February 24, 2023

ဘုရားသုံးဆူရဲစခန်းတွင် တိုက်ပွဲဖြစ်ပြီး စခန်း မီးလောင်နေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅  ခေတ်သစ် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲဖြစ်ပြီး ရဲစခန်းမီးလောင်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။  ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန် ဘုရားသုံးဆူ ရဲစခန်းကို ဝင် ရောက် တိုက်ခိုက်မှုဖြစ်ပွားပြီး ပစ်ခတ်သံများ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ် ခတ်မှုများ တောက်လျှောက်ဆိုသလိုဖြစ်ပွားခဲ့ ကြောင်း၊ ယင်းနောက် ဘုရားသုံးဆူ ရဲစခန်း မီးလောင်နေကြောင်း ဒေသပြည်သူများက ပြောဆို ကြ သည်။  "မနက် ၆ နာရီကျော်လောက်ကတည်းက ပစ်ခတ်သံတွေကြားရတာပဲ။  စစ်ခွေး တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ အကြာကြီးပဲ။  ဘုရားသုံးဆူ ရဲစခန်းမှာ မီးလောင်နေတယ်။ စစ်တပ်တွေကလည်း ဘုရားသုံးဆူမြို့ထဲ ဘက်မှာ တပ်ဖြန့်ပြီး စစ်ကူပေးနေတယ်။ အခြေအနေက အသွားအလာ သတိထားရမယ့် အခြေအနေဖြစ်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။  Urban Missing Forces မြို့ပြ ပျောက်ကျားတပ်ဖွဲ့ကမူ ဘုရားသုံးဆူ ပြည်သူ များ ဂရုစိုက်ကြရန်၊ ရဲစခန်းတွင် တိုက်ပွဲဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဓာတ်ပုံတချို့နှင့်အတူ ဖော်ပြထားသည်။  ဓာတ

စိုးထွဋ်၊ မိန်းမ နီလာစိန်၊ သား စည်သူထွဋ်တို့၏ ပြည်သူများအပေါ် ဖိနှိပ်ယုတ်မာမှုများကို ဖော် ထုတ်ခြင်း

Image
February 24, 2023 Yangon Khit Thit News Agency ▪️ စစ်ဗိုလ်ချုပ် သားကို သတ်ရန် ကြိုးစားသော်လည်း အရေးယူ မခံရသည့် လူရမ်းကား စည်သူထွဋ် (နိဂုံး) By ရန်ကုန်ခေတ်သစ် စိုးထွဋ်နဲ့နီလာစိန်မှာ မင်းသန်းထွဋ်၊ စိုးမင်းထွဋ်၊ စည်သူထွဋ် သား ၃ ဦးရှိပြီး စိုးထွဋ်သားတွေကလည်း ဆောက်လုပ်ရေးလုပ်ငန်း၊ ကုန်သွယ်ရေးနဲ့ စီးပွား ရေး လုပ်ငန်းပေါင်းစုံ လုပ်ကိုင်ကြပြီး စစ်ကောင်စီရဲ့ တင်ဒါတွေကို လက်ဝါး ကြီး အုပ် ရယူကြပါတယ်။ စိုးထွဋ်ရဲ့သား ၃ ဦးထဲမှာ အဆိုးဆုံး၊ စီးပွားရေး အသောင်းကျန်းဆုံး၊ လူမိုက်လို လူတကာကို ရိုက်နှက် သတ်ဖြတ်မှုတွေ လုပ်ဆောင်သူကတော့ စည်သူထွဋ် ဖြစ်ပါတယ်။ စည်သူထွဋ်ဟာ လက်ရဲဇက်ရဲ မူးယစ် ရမ်းကားသူဖြစ်တဲ့အပြင် သွေးလည်း အင်မတန်ဆိုးလှသူဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး စိုးထွဋ်ရဲ့ အရှိန်အဝါနဲ့ သားဖြစ်သူက ရဲတပ်ဖွဲ့ဝင်တွေသူ့ရဲ့ လုံခြုံရေး တပ်ဖွဲ့လို အသုံးပြုသလို သူမကျေနပ်တဲ့သူတွေကို ရိုက်နှက် သတ် ဖြတ် ခိုင်းတာတွေလည်း လုပ်ဆောင်ပါတယ်။ မကြာသေးခင်က ဗိုလ်ချုပ်တစ်ဦးရဲ့သားကို စည်သူထွဋ်က ရဲတစ်ဦး စေလွှတ် ပြီး သတ်ခိုင်းခဲ့ပါတယ်။ ဒါပေမယ့် သတ်ဖြတ်မှုက မအောင်မြင်ဘဲ သွားရောက် သတ်တဲ့ ရဲအဖမ်းခံခဲ့ရပါတယ်။ အဲဒီဖြစ်စဉ်အတွက် စည်သူထွဋ် သတ်ခ

အမေရိကန်၊ တရုတ်နှင့် နွေဦးတော်လှန်ရေး

Image
  သက်ထားမောင် 24 February 2023  ၂ နှစ်နီးပါး ကြာမြင့်လာသည့်အခါ မြန်မာလူထု၏ ရုန်းကန်မှု၊ စွန့်လွှတ်စွန့်စားမှုတို့နှင့်အတူ နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်ကို အမေရိကန်က အသိမှတ်ပြုလာခဲ့သည် လက်ရှိမြန်မာ့နိုင်ငံရေးတွင် အရေးပါသည့် နိုင်ငံ‌ကြီးများဟု ညွှန်းဆိုရလျှင် အမေရိကန်၊ တရုတ်နှင့် ရုရှားတို့ ဖြစ်၏။ ရုရှားကမူ မြန်မာစစ်တပ်ဘက်က ရပ်တည်သူဖြစ်သဖြင့် နွေဦးတော်လှန်ရေး အင်အားစုများအတွက် ဆန့်ကျင်ဘက်က ရပ်တည်သည့် နိုင်ငံကြီးဖြစ်၏။ နွေဦးတော်လှန်ရေးနှင့် မြန်မာလူထုအတွက် အရေးပါသည်ကတော့ အမေရိကန်နှင့် တရုတ်ဟုဆိုရမည်။ စစ်တပ်အာဏာသိမ်းပြီးသည့် နောက်ပိုင်းတွင် အမေရိကန်က နွေဦးတော်လှန်ရေး အင်အားစုများကို တက်တက်ကြွကြွ ထောက်ခံ၏။ တရုတ်က ပြတ်ပြတ်သားသား တဘက်ဘက်က ရပ်တည်သည့် ရပ်တည်ချက်မပြခဲ့ပေ။ စစ်ကောင်စီကို အကြိုက်ကြီး ဟုတ်လှပုံမပေါ်သော်လည်း နွေဦးတော်လှန်ရေး အစပိုင်းတွင် တွေ့ရသည့် တရုတ်ဆန့်ကျင်ရေးလှုပ်ရှားမှုများ၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့နှင့် တွဲ၍လှုပ်ရှားသည့် Milk Tea Alliance လှုပ်ရှားမှုများကြောင့် သတိကြီးကြီးထားကာ ခပ်မဆိတ်နေပြီး မြန်မာပြည်အခြေအနေကို စောင့်ကြည့်နေပုံရ၏။ သို့သော် အာဏာသိမ်းမှု ၂ နှစ်တင်းတင်းပြည့်သေ

သန်းခေါင်စာရင်း ပြန်လည်ကောက်ယူဖို့ စစ်ကောင်စီဥက္ကဋ္ဌပြော

Image
၂၄ ဖေဖော်ဝါရီ ၂၀၂၃ BBC ဓာတ်ပုံ ရင်းမြစ်, AFP နောက်ဆုံးသန်းခေါင်စာရင်း ကောက်ယူခဲ့တာ ဆယ်နှစ်နီးပါးကြာပြီဖြစ်လို့ စာရင်းဇယားအချက်အလက်တွေ မှန်ကန်စေဖို့အတွက် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ပြန်လည်ကောက်ယူဖို့ လိုမယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်ကောင်စီဝင်အသစ်တွေနဲ့ ပထမဆုံးလုပ်တဲ့အစည်းအဝေးမှာ ထည့်ပြောပါတယ်။ ဒီလိုပြန်လည်ကောက်ယူမှသာ မဲစာရင်းတွေကို မှန်ကန်အောင် ဆောင်ရွက်နိုင်မယ်လို့လည်း သန်းခေါင်စာရင်းနဲ့ ရွေးကောက်ပွဲကို စစ်ကောင်စီဥက္ကဋ္ဌက ချိတ်ဆက်ပြောဆိုပြီး မဲစာရင်းမှန်အောင် လိုအပ်တာတွေလုပ်ဖို့ အချိန်လိုနေသေးတယ်လို့ သူကပြောပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် ကိန်းဂဏန်းအချက်အလက်တွေ တိကျမှန်ကန်မှု အားနည်းနေမယ်လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံမှာ နောက်ဆုံးသန်းခေါင်စာရင်းကို ၂၀၁၄ ခုနှစ်က ကောက်ယူခဲ့တာဖြစ်လို့ လာမယ့် ၂၀၂၄ မှာ သန်းခေါင်စာရင်းပြန်ကောက်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေရှိနေပါတယ်။ နိုင်ငံရေးပါတီတွေအတွက် လုံလောက်တဲ့ အချိန်တစ်ခုပေးဖို့ လိုအပ်နေသေးသလို နိုင်ငံရေးပါတီတွေနဲ့ ပါတီဦးဆောင်သူတွေရဲ့ အခြေအနေကို ပြည်သူတွေ

ပတ်စ်ပို့ Online Booking ပထမဆုံးနေ့ လျှောက်သူများပြီး ဝက်ဘ်ဆိုက်ဝင်မရသဖြင့် အခက်ကြုံ

Image
Published By lusane | 24 February, 2023 DVB တနိုင်ငံလုံးက ပတ်စ်ပို့ရုံးတွေကို အချိန် ၁ လကျော်ကြာ ပိတ်ခဲ့ပြီးနောက် စစ်ကောင်စီက ဖေဖော်ဝါရီ ၂၄ ရက်မှာ ပြန်ဖွင့်လိုက်ပါတယ်။ ရန်ကုန်မြို့ နိုင်ငံကူးလက်မှတ်ရုံးမှာ ပတ်စ်ပို့လုပ်မယ့်သူတွေဟာ အွန်လိုင်းကတဆင့် လျှောက်နိုင်ပြီး ပထမဆုံး ဖွင့်နေ့မှာပဲ လျှောက်တဲ့သူ များတာကြောင့် ဝက်ဘ်ဆိုက်ဝင်မရတဲ့ အခြေအနေတွေ ကြုံနေရပါတယ်။ အွန်လိုင်းကတဆင့် ကိုယ်တိုင် လျှောက်ထားသူ တဦးကတော့ မနက် ၇ နာရီလောက်ကတည်းက ပတ်စ်ပို့ရုံး ဝက်ဘ်ဆိုက်မှာ လျှောက်ဖို့ စောင့်ဆိုင်းခဲ့ပြီး၊ လျှောက်တဲ့သူ များတာကြောင့် မနက် ၁၀ နာရီလောက်မှာ ဝင်လို့ ရတယ်လို့ ပတ်စ်ပို့ လျှောက်ထားသူတဦးက ပြောပါတယ်။ "ခက်တယ်ဆိုတာ တော်တော်ဝင်ရတယ်။ အကြာကြီး ထိုင်စောင့်ပြီးတော့ Refresh ထိုင်နှိပ်နေရတာ သူ့ ပေ့ချ်ကို။ ကျနော်တို့ နာမည်နဲ့ အီးမေးလ် ဝင်ပြီးတော့ ဟိုဘက်ကို ထပ်သွားဖို့ တော်တော်ကြာတာ စောင့်ရတာ။ ကိုယ်ရေးအချက်အလက်က ၃ ဆင့်လောက် ဖြည့်ရတယ်။ အကုန်ဖြည့်စရာ မလိုဘူး။ ပြီးရင် Application Form လေးဖြည့်ပြီး ယူသွားရုံပဲ။ လိုအပ်တာတွေပဲ ဖြည့်ပေါ့။ ငွေက ၃ သောင်းခွဲ၊ အပြီးအစီး ချေပြီးတာ။ ထပ်ပေးစရာ မလိုဘူး။ အရင်ကလည်း QR တင

ကုန်ဈေးနှုန်းများတက်နေရတာ ယခင်အစိုးရကြောင့်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် ဝေဖန်

Image
Published By DVB | 24 February, 2023 ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ထုတ်ကုန်နည်းပါးပြီး သွင်းကုန်တွေများပြားတာကြောင့် ကုန်သွယ်မှုလိုငွေတွေ ဖြစ်ပေါ်ခဲ့ကာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်လာရတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ နေပြည်တော်မှာ ဖေဖော်ဝါရီ ၂၃ ရက်က ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့လက်အောက်ခံတွေနဲ့ တွေ့ဆုံခဲ့ပြီး ကုန်ဈေးနှုန်း မြင့်တက်ရခြင်းမှာ အရင်အစိုးရလက်ထက်က ထုတ်ကုန်နည်းပါးပြီး သွင်းကုန်တွေ များပြားတာကြောင့် ကုန်သွယ်မှုလိုငွေတွေ ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။ ဒါပေမဲ့ စစ်ခေါင်းဆောင်ရဲ့ ယူဆချက်ဟာ ကျိုးကြောင်းမှန်ကန်မှု မရှိတဲ့အကြောင်း သုတေသီတွေက တုံ့ပြန် ထောက်ပြထားပါတယ်။ မက္ကရိုဘောဂဗေဒပညာရှင်တဦးက “ဖွံ့ဖြိုးဆဲနိုင်ငံမှာ သွင်းကုန်ကများမယ်၊ ပို့ကုန်က နည်းမယ်၊ ဒါက သဘာဝပဲ။ ဒါပေမဲ့ သူ့မှာ သတ်မှတ်ထားတဲ့ဟာ ရှိတယ်။ ဘာလဲဆိုရင် ကုန်သွယ်ရေးနဲ့ပတ်သက်ပြီး လိုငွေပြတာက တိုင်းပြည်ရဲ့ ဂျီဒီပီ  ၅ ရာခိုင်နှုန်းထက် မကျော်ရဘူး။ အဲဒီသတ်မှတ်ထားတဲ့ ရာခိုင်နှုန်းထက် မကျော်ရင် တိုင်းပြည်စီးပွားရေးဟာ အန္တရာယ်မရှိဘူး။ ပြီးတော့

၈၈ မျိုးဆက် မနီလာသိန်းဦးဆောင်သည့် “Project ဝရဇိန်” ကမ်ပိန်းမှ ကန်ဒေါ်လာ ၁ သိန်းရရှိထား

Image
Published By lusane | 24 February, 2023 DVB အကြမ်းဖက်စစ်အုပ်စုက သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရတဲ့ ထင်ရှားတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့ ဇနီးဖြစ်သူ မနီလာသိန်း ဦးဆောင်တဲ့ “Project ဝရဇိန်” ကမ်ပိန်းကနေ အမေရိကန်ဒေါ်လာ ၁ သိန်း ကနဦး ရရှိထားခဲ့ပြီလို့ ထုတ်ပြန်ထားပါတယ်။ ဒီကမ်ပိန်းကတော့ အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စုကို တုံ့ပြန်တိုက်ခိုက်နေကြတဲ့ မြေပြင်တော်လှန်ရေး ဒရုန်းတပ်ဖွဲ့တွေဆီ အဓိက ထောက်ပို့ပေးနိုင်ဖို့ ရည်ရွယ်တာဖြစ်ပြီးတော့ ပြည်သူတွေအနေနဲ့ ထောက် ပို့ပါဝင်နိုင်ကြဖို့ ဖိတ်ခေါ်ထားတာပါ။ “တစ်သိန်းနော်… တစ်သိန်း… ဒေါ်လာတစ်သိန်း… အစက မျှော်လင့်သတ်မှတ်ထားတာ ၂ ပတ်မှာမှ ဒေါ်လာတစ်သိန်း… ခုတော့ ၇ ရက်နဲ့တင် ပထမအဆင့် တားကတ်ဖြစ်တဲ့ ဒေါ်လာတစ်သိန်း ပြည့်ပါပြီ… ကဲ… ဒုတိယအဆင့်ကို ဆက်သွားကြပါမယ်… 💪🏼💪🏼💪🏼”လို့ ဒို့ကမ်ပိန်းအဖွဲ့က နှိုးဆော်ထားပါတယ်။ လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေး အတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပြီး နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်

စစ်တပ်အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုကြောင့် ကျဆုံးပြည်သူ အယောက် ၃၀၃၀ အထိရှိလာ

Image
Published By lusane | 24 February, 2023 DVB မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၃,၀၃၀ နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၉,၈၆၆ ယောက်ထိရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။ ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော် ပြပါတယ်။ နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၁၆,၀၀၅ ယောက် လက်ရှိ ချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက အယောက် ၄,၅၆၀ ကတော့ ထောင်ဒဏ် ချမှတ်ခံထားရပါတယ်။ တော်လှန်ရေးနဲ့ ဆက်စပ်ပြီး သေဒဏ်ချမှတ်ခံထားရကာ အကျဉ်းထောင်တွေထဲ ထိန်းသိမ်းခံနေရသူ အရေအတွက်ကတော့ ၁၀၃ ယောက် ရှိနေပြီး မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူ ၄၁ ယောက်အပါအဝင် အယောက် ၁၂၀ ကတော့ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရတာကြောင့် သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း ၁၄၄ ယောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။ လတ်တလောအချိန်ထိ အာမခံနဲ့ လွတ်မြောက်သူ ၂၄ ယောက်ရှိပြီး ပြန

AA ထိန်းချုပ်မှုမဲ့ ရခိုင်ဒေသတချို့ ဥပဒေစိုးမိုးမှုအားနည်းလာ

Image
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ) စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်မြို့တော် စစ်တွေ အပါအဝင် မြို့နယ်တချို့မှာ ပစ္စည်းလုယက်ခံရတွေ၊ ဓားပြတိုက်ခံရတာတွေနဲ့ အသတ်ခံရတာတွေ ဒီလအတွင်းတိုးလာနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်မှုမြင့် တက်နေပါတယ်။ အထူးသဖြင့်တော့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ လက်လှမ်းမမှီတဲ့ နေရာတွေမှာ ဖြစ်နေပြီး၊ စစ်ကောင်စီရဲ့ တရားဥပဒေစိုးမိုးမှု မရှိသလောက် နည်းပါးလာနေတာလို့ ရခိုင်အရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်တင်ဆက်ပေးပါမယ်။ ရခိုင်ပြည်နယ်က စစ်ကောင်စီအဓိက ထိန်းချုပ်ထားတဲ့ စစ်တွေ၊ တောင်ကုတ်၊ သံတွဲ စတဲ့ မြို့နယ်တွေမှာ ဒီရက်ပိုင်းအတွင်း ဒေသခံတွေ အသတ်ခံရတာ၊ ဓားပြတိုက်ခံရတာ၊ ပစ္စည်းခိုးယူခံရတာတွေနဲ့ လူပြတ်တဲ့နေရာတွေမှာ ပစ္စည်းလုယက်ခံရတာတွေ တိုးလာနေတာကြောင့် ဒေသခံတွေစိုးရိမ်နေကြပါတယ်။ စစ်တွေမြို့ပေါ်မှာဆိုရင်လည်း ဒီရက်ပိုင်းအတွင်း ရာဇဝတ်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာတာကြောင့် နေ့ခင်းဆိုရင်တောင် အပြင်ထွက်ဖို့ ကြောက်နေရတယ်လို့ စစ်တွေမြို့ပေါ်မှာ အလုပ်လာလုပ်နေတဲ့ မအေးအေးမျိုးက ပြောပါတယ်။ “ ဒီလ ဒီဖေဖော်ဝါရီလအတွင်းမှာပဲပေါ့နော် ဆိ

ရွှေဘိုနယ် ထူးကြီးရွာ နေအိမ်နှစ်ရာကျော်နဲ့ ယက်ကန်းစင်များမီးရှို့ဖျက်ဆီးခံရ

Image
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ) စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်အတွင်းက ထူးကြီး ကျေးရွာကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ဝင်ရောက်ပြီး နေအိမ် ၂၀၀ ကျော် မီးရှို့ခဲ့သလို မြန်မာလက်မှုပညာဖြစ်တဲ့ ရက်ကန်းစင်တွေကိုလည်း မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီသတင်းပေးပို့ချက်ကို တင်ဆက်ပေးမှာပါ။ ရွှေဘိုမြို့နယ်အတွင်းက လက်ယက်ကန်း၊ စက်ယက်ကန်း လုပ်ငန်းတွေ လုပ်ကိုင်ကြတဲ့ အိမ်ခြေ‌ ၆၀၀ ကျော်လောက်ရှိတဲ့ ထူးကြီးကျေးရွာကို မြန်မာစစ်တပ်က ဖေဖော်ဝါရီ ၂၀ ရက်နေ့က နယ်မြေရှင်းလင်း‌ရေး ဝင်ရောက်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ နေအိမ်တွေကို မီးရှို့ခဲ့သလို ယက်ကန်းစင်တွေနဲ့ ယက်ကန်း စက်တွေကိုပါ ရှို့ခဲ့ပြီး စပါးတွေကိုလည်း မီးရှို့သွားတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ခံ ကိုစိုးမိုးအောင်က VOA ကိုပြောပါတယ်။ "နေ့လယ်ပိုင်း ၃ နာရီခွဲလောက်ပေါ့နှော် မီးဝင်ရှို့တယ်ပေါ့ စစ်ကြောင်းက ကျွန်တော်တို့မှာ ဝက်လက်ဖက်က စစ်ကြောင်းတွေရောပေါ့နော် အစုံ ရွေဘိုဖက်က စစ်ကြောင်းတွေရောပေါ့နော် ဝင်ပြီးတော့ မီးရှို့သွားတာပေါ့။ ထူးကြီးက တောင်ရွာ မြောက်ရွာရှိတာပေါ့နော်။ အိမ်ခြေ အလုံး ၂၀၀ ကျော်လောက်တော့

နေပြည်တော်ရှိလေကြောင်းရန်ကာကွယ်ရေးတပ်ကို PDF တပ်ပေါင်းစုက တာ​ဝေးပစ်လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်

||Breaking News|| ကျော်ဇော/People's Spring  နေပြည်တော်ရှိစစ်ကောင်စီလေကြောင်းရန်ကာကွယ်ရေးတပ်အား တာ​​ဝေးပစ်လက်နက်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည် တော်)မှတာဝန်ရှိသူတစ်ဦးက People's Spring သတင်းဌာနသို့ ပြောကြားသည်။ တောင်ညိုဒေသ ဥတ္တသီရိမြို့နယ်တွင် အခြေစိုက်သည့် အမှတ် ၈)လေကြောင်းရန်ကာကွယ်ရေးကွပ်ကဲမှုဌာနချုပ်အောက်မှ လေဆိပ်ဗျူဟာအား PDF တပ်ပေါင်းစုက ယမန်နေ့(ဖေဖော်ဝါရီ ၂၂) နံနက်ပိုင်းတွင် တာဝေးပစ်လက်နက် ၂ စင်းဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ "လေဆိပ်ဗျူဟာ ​နေပြည်​တော် လေ​ကြောင်းရန်ကာကွယ်ရေးတပ်ကို တာ​ဝေးပစ်နဲ့ ပစ်ခတ်တာပါ ​"ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(နေပြည်တော်)၏ တာဝန်ရှိသူတစ်ဦးက People's Spring သို့အတည်ပြု​ပြောကြားသည်။ တာ​ဝေးပစ် ၂စင်းခတ်တိုက်ခိုက်ရာ တပ်စခန်းဝန်းအတွင်းရှိ အရာရှိလိုင်းခန်းဟုယူဆရ​သောအ​ဆောက်အအုံတစ်ခုကိုထိမှန်ခဲ့​ကြောင်းသိရသည်။စစ်​ကောင်စီတပ်မှ ​သေဆုံးထိခိုက်မှုများရှိနိုင်ပြီး  အသေးစိပ်အခြေ အနေများကိုစုံစမ်း​နေဆဲဖြစ်​ကြောင်းသိရသည်။ ပစ်ခတ်တိုက်ခိုက်ခံရပြီး​နောက် ​စစ်ကာင်စီတပ်ကရမ်းသန်းပစ်ခတ်မှုများပြုလုပ်ခဲ့​ကြောင်းလည်း P

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

Image
▪️စစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို ယူကရိန်းသံအမတ် သတိပေး ယန်းဒီ/People’s Spring ယူကရိန်းကို ရုရှားကျူးကျော််စစ် ၁၂ လမြောက် အထိမ်းအမှတ်အဖြစ်် ရန်ကုန်မြို့၌ ယူကရိန်းနိုင်ငံတော်အလံကို ဥရောပသမဂ္ဂက လွှင့်တင်ခဲ့ပြီး မြန််မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ််မတ်ရပ်တည်ကြောင်း ပြသခဲ့သည်။ ဥရောပသမဂ္ဂသည် မြန်မာနှင့် ယူကရိန်း ပြည်သူများ၏ ဖိနှိပ်ချုပ်ချယ်မှုကို တွန်းလှန်မှုနှင့် ယင်းတို့၏ လွတ်လပ်ရေး မျှော်မှန်းချက်များအတွက် မားမားမတ်မတ် ရပ်တည်ထောက်ခံလျက်ရှိကြောင်း ယနေ့ ထုတ်ပြန်သည်။ ယူကရိန်းသံအမတ််ကြီး Oleksander Lysak ကလည်း ယမန်နေ့က မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂမှ သံရုံးအကြီးအကဲများနှင့်တွေ့ဆုံစဥ် မြန်မာပြည်သူများကို ထောက်ခံကြောင်း ပြသခဲ့ပြီး မြန်မာစစ်ကောင်စီအနေဖြင့် ရုရှားနှင့် ဆက်ဆံရေးတည်ဆောက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် အကျိုးဆက်များကို သတိပေးခဲ့ကြောင်း အီးယူက ဖော်ပြသည်။ ဖေဖော်ဝါရီ ၂၀ ရက်တွင် ဥရောပသမဂ္ဂသည် အာဏာသိမ်းစစ်ကောင်စီအပေါ် ဆဌမအကြိမ််မြောက်ပိတ်ဆို့ဒဏ်ခတ်မှုအဖြစ် မြန်မာစစ်တပ်၏ အဓိက လက်နက်ပွဲစားများ၊ ထောက်တိုင်မျ

အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊

Image
Khit Thit Media  · အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှု အသစ်များကို အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတနှင့် လူ့အခွင့်အရေး အဖွဲ့များက ကြိုဆို၊ စစ်ကောင်စီနှင့် ဆက်နွယ် ပတ်သတ်နေသူများကိုလည်း ဆက်လက်ဒဏ်ခတ် အရေးယူဖို့ တောင်းဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ ဥရောပသမဂ္ဂ အီးယူက စစ်ကောင်စီနဲ့ ပါဝင်ပတ်သတ် ဆက်နွယ်နေတဲ့  လူပုဂ္ဂိုလ် ကိုးဦးနှင့် အဖွဲ့အစည်း ခုနစ်ခုတို့အပေါ်  ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၂၀ရက်နေ့က ဒဏ်ခတ်ပတ်ဆို့မှုအသစ်များ ထပ်မံ ချမှတ်အရေးယူလိုက်ပါတယ်။ အဆိုပါ အီးယူရဲ့ ဒဏ်ခတ် အရေးယူပိတ်ဆို့မှုတွေအပေါ် NuG အစိုးရရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ လူ့အခွင့်အရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ အဖွဲ့ဖြစ်တဲ့  Justice For Myanmar က ထောက်ခံ ကြိုဆိုလိုက်ပါတယ်။ ယာယီသမ္မတ ဒူဝါလရှီးက (၇ / ၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေး အတွင်း "ဥရောပသမဂ္ဂ (EU) အနေနဲ့ အကြမ်းဖက်စစ်အုပ်စုနှင့် အပေါင်းအပါများကို (၆) ကြိမ်မြောက် ဒဏ်ခတ်အရေးမှုတရပ်ကို ထုတ်ပြန်ကြေညာခဲ့တာ တွေ့ရပါတယ်။ ဒီတစ်ကြိမ် အီးယူရဲ့ ဒဏ်ခတ်အရေးယူမှုဟာ ပြည်သူတရပ်လုံး တိုက်တွန်း စောင့်မျှော်နေတဲ့ စစ်အုပ်စုရဲ့ လေယာဥ်လောင်စာဆီများ တင်သွင်းမှုရပ်တန့်ဖို့နဲ့ တင်သွင်း သူများကို အရေ

နိုင်ငံရေးအကျဉ်းသားများ ရှိနေသည့် ကျောက်ဆည်အချုပ်ထောင်တွင် ပစ်ခတ်မှုများဖြစ်ပြီး နာရေးကားများ ဝင်ထွက်နေ

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄ မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ ကျောက်ဆည်အကျဉ်းထောင်တွင် ယနေ့ နံနက်ပိုင်း ပစ်ခတ် မှုဖြစ်ပွားပြီး နာရေးကားများ ဝင်ထွက်မှုရှိနေကြောင်း ဒေသပြည်သူများက ပြောသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၅ နာရီအချိန် ကျောက်ဆည်မြို့နယ်၊ အကျဉ်းထောင်တွင် ပစ်ခတ်သံများ ဆက်တိုက် ထွက်ပေါ်ခဲ့ပြီး ၀ရုန်းသုန်းကား အသံများကြားရကြောင်း၊ ယင်းနောက် နံနက် ၁၀ နာရီတွင် နာရေးကားများ ဝင်ထွက်နေပြီး အကျဉ်းထောင်ဧရိယာတစ်ခုလုံးကို ပိတ်ဆို့ထားကြောင်း၊ ကျောက်ဆည် အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတချို့ရှိနေကြောင်း သိရှိရသည်။ "ဒီနေ့မနက်ပိုင်း၊ ကျောက်ဆည်အချုပ်ထောင်မှာ ပစ်ခတ်သံတွေကြားနေရတယ်။ မနက် ၅ နာရီ လောက်ကတည်းကပါ။ မနက် ၁၀ နာရီဝန်းကျင်လောက်မှာ ဘယ်လင်း သုခဒါန ပရဟိတ ကားနဲ့ သယ်သွားတာတွေ့တယ်။ ပစ်ခတ်သံတော့ တော်တော်များတယ်။  အခု အကျဥ်း ထောင် ဧရိယာ ကိုပိတ်ထားတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နောက်ဆက်တွဲ အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။