ဘုရားသုံးဆူရဲစခန်းတွင် တိုက်ပွဲဖြစ်ပြီး စခန်း မီးလောင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅  ခေတ်သစ်


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲဖြစ်ပြီး ရဲစခန်းမီးလောင်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 


ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန် ဘုရားသုံးဆူ ရဲစခန်းကို ဝင် ရောက် တိုက်ခိုက်မှုဖြစ်ပွားပြီး ပစ်ခတ်သံများ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ် ခတ်မှုများ တောက်လျှောက်ဆိုသလိုဖြစ်ပွားခဲ့ ကြောင်း၊ ယင်းနောက် ဘုရားသုံးဆူ ရဲစခန်း မီးလောင်နေကြောင်း ဒေသပြည်သူများက ပြောဆို ကြ သည်။ 


"မနက် ၆ နာရီကျော်လောက်ကတည်းက ပစ်ခတ်သံတွေကြားရတာပဲ။  စစ်ခွေး တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ အကြာကြီးပဲ။  ဘုရားသုံးဆူ ရဲစခန်းမှာ မီးလောင်နေတယ်။ စစ်တပ်တွေကလည်း ဘုရားသုံးဆူမြို့ထဲ ဘက်မှာ တပ်ဖြန့်ပြီး စစ်ကူပေးနေတယ်။ အခြေအနေက အသွားအလာ သတိထားရမယ့် အခြေအနေဖြစ်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။ 


Urban Missing Forces မြို့ပြ ပျောက်ကျားတပ်ဖွဲ့ကမူ ဘုရားသုံးဆူ ပြည်သူ များ ဂရုစိုက်ကြရန်၊ ရဲစခန်းတွင် တိုက်ပွဲဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဓာတ်ပုံတချို့နှင့်အတူ ဖော်ပြထားသည်။ 


ဓာတ်ပုံ- ဘုရားသုံးဆူ ရဲစခန်း မီးလောင်ပြီး ထွက်လာသည့် မီးခိုးငွေ့များ။





Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်