ဘုရားသုံးဆူရဲစခန်းတွင် တိုက်ပွဲဖြစ်ပြီး စခန်း မီးလောင်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅  ခေတ်သစ်


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ ရဲစခန်းတွင် ယနေ့ နံနက်အစောပိုင်း တိုက်ပွဲဖြစ်ပြီး ရဲစခန်းမီးလောင်နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 


ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက် ၆ နာရီအချိန် ဘုရားသုံးဆူ ရဲစခန်းကို ဝင် ရောက် တိုက်ခိုက်မှုဖြစ်ပွားပြီး ပစ်ခတ်သံများ၊ လက်နက်ကြီး၊ လက်နက်ငယ် ပစ် ခတ်မှုများ တောက်လျှောက်ဆိုသလိုဖြစ်ပွားခဲ့ ကြောင်း၊ ယင်းနောက် ဘုရားသုံးဆူ ရဲစခန်း မီးလောင်နေကြောင်း ဒေသပြည်သူများက ပြောဆို ကြ သည်။ 


"မနက် ၆ နာရီကျော်လောက်ကတည်းက ပစ်ခတ်သံတွေကြားရတာပဲ။  စစ်ခွေး တွေက လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ အကြာကြီးပဲ။  ဘုရားသုံးဆူ ရဲစခန်းမှာ မီးလောင်နေတယ်။ စစ်တပ်တွေကလည်း ဘုရားသုံးဆူမြို့ထဲ ဘက်မှာ တပ်ဖြန့်ပြီး စစ်ကူပေးနေတယ်။ အခြေအနေက အသွားအလာ သတိထားရမယ့် အခြေအနေဖြစ်နေတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောဆို သည်။ 


Urban Missing Forces မြို့ပြ ပျောက်ကျားတပ်ဖွဲ့ကမူ ဘုရားသုံးဆူ ပြည်သူ များ ဂရုစိုက်ကြရန်၊ ရဲစခန်းတွင် တိုက်ပွဲဖြစ်ကြောင်း သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဓာတ်ပုံတချို့နှင့်အတူ ဖော်ပြထားသည်။ 


ဓာတ်ပုံ- ဘုရားသုံးဆူ ရဲစခန်း မီးလောင်ပြီး ထွက်လာသည့် မီးခိုးငွေ့များ။





Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ