မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

စန္ဒီ/People's Spring


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် သားဖြစ်သူ စစ်ကောင်စီ စစ်ဗိုလ် အရှိန်အဝါကိုသုံး၍ ကျေးရွာအား စစ်တပ်ခေါ်ကာ ဖိနှိပ်ခြိမ်းခြောက်ခဲ့သူ ပျူစောထီးခေါင်းဆောင်တစ်ဦးအား Natogyi Regional Defence Force ကရှင်းလင်းခဲ့သည်။


ယမန်နေ့ (ဖေဖော်ဝါရီ၂၁ ရက်နံနက်  နာရီခန့်က မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာနေ ပျူစောထီးခေါင်းဆောင် ဝင်းစိုးဆိုသူအား ၎င်း၏ ယာခင်းတွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ကြောင်း Natogyi Regional Defence Force က သတင်းထုတ်ပြန်သည်။


ပျူခေါင်းဆောင်ထံမှ လက်ပစ်ဗုံးတစ်လုံး၊ ဂျင်ကလိခေါ် သံချွန်လက်နက်များနှင့် လက်ကိုင်ဖုန်းတို့ သိမ်းဆည်းရမိခဲ့ကြောင်း၊ အဆိုပါ ပျူခေါင်းဆောင်မှာ သားဖြစ်သူ ဗိုလ်ကြီး၏ အရှိန်အဝါယူ၍ရွာ၌ စစ်ကောင်စီတပ်ခေါ်ကာကျေးရွာလူထုအပေါ် ဖိနှိပ်ခြင်း၊ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေသူဖြစ်ကြောင်း Natogyi Regional Defence Force  ပြန်ကြားရေးတာဝန်ခံ ရဲဘော်လန်ဒန်က ပြောကြားသည်။


"နေရာတင် ပွဲချင်းပြီးတယ်။ သူယာခင်းထွက်တဲ့အချိန်နဲ့ တိုးတာပါ။ သူ့သားကတပ်ထဲမှာ ဗိုလ်အဆင့်ပဲဗျ။ သူ့သားအရှိန်အဝါသုံးပြီး ကျေးရွာ လူထုအပေါ် ဖိနှိပ်နေတာ။ လက်နက်အားကိုးနဲ့လည်း ခြိမ်းခြောက်တာတွေ ရှိတယ်။စစ်ကြောင်းထိုးရင်လည်း ဒီကောင်ကပဲ ဦးဆောင် ခေါ်တာ။"ဟု NRDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။


မြင်းခြံမြို့နယ်တွင် ပျူအဖွဲ့များ သောင်းကျန်းလျက်ရှိပြီး ဖေဖော်ဝါရီ၂ဝ ရက် ညကလည်း လယ်သစ်ကျေးရွာရှိNLDပါတီ ခရိုင်နာယက ဦးလှမြင့်၏  နေအိမ်မှ ထယ်ခုံ()ခုံကို ပျူများက သယ်ဆောင်သွားကြောင်း၊ ဇွန်လအစောပိုင်းကလည်း ထွန်စက် နှစ်စီးကို ယူဆောင်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။






————————————————

မန္တလေးမှာ  ရက်အတွင်း စစ်ကောင်စီနဲ့ဆက်နွယ်တဲ့နေရာ  ခုထက်မနည်း တိုက်ခိုက်ခံရ


ဆိုင်းမင်း/People's Spring


မန္တလေးမြို့မှာ  ရက်အတွင်း စစ်ကောင်စီ နဲ့ဆက်နွယ်တဲ့ နေရာ  ခုထက်မနည်း တိုက်ခိုက်ခံလိုက်ရပြီး စစ်ကောင်စီလက်နက်တပ်ဆင်ပေးထားတဲ့ ပျုစောထီးအဖွဲ့ဝင်  ဦး သေဆုံးခဲ့ရပါတယ်။


တိုက်ခိုက်မှုတွေဟာ ဖေဖော်ဝါရီလ ၂၀ ရက်နဲ့ ၂၁ ရက်တွေမှာဖြစ်ပွားတာပါ။


မန္တလေးတိုင်းလွှတ်တော်ရှေ့က လုံခြုံရေးဘန်ကာ  မန္တလေးခရိုင်တရားရုံး  ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးရုံး နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက အခွန်ရုံး တို့ တိုက်ခိုက်ခံရတာပါ။


တိုင်းလွှတ်တော် ရုံးရှေ့ ဘန်ကာကို အဝေးထိန်းဗုံးနဲ့ ဖောက်ခွဲတာဖြစ်သလို  စစ်ကောင်စီဘက်က လည်းပြန်လည်ပစ်ခတ်ခဲ့တယ်လို့ မြနန္ဒာ စစ်ဆင်ရေးက  တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီးအများသိအောင် ထုတ်ပြန်ပါတယ်။


ဌာနဆိုင်ရာ ရုံး  ရုံးဖြစ်တဲ့ ချမ်းမြသာစည်မြို့နယ်က အခွန်ရုံးကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့ပြီး  ခရိုင်တရားရုံးကိုတော့ အသံဗုံးနဲ့ပဲ သတိပေးခဲ့တယ်လို့ ဆိုထားပါတယ်။


ပုသိမ်ကြီးမြို့နယ် ရွှေကျင်ဂိတ်အထွက်ရှိ ဆင်ရွာကြီးကျေးရွာအုပ်ချုပ်ရေးမှူး ရုံးကို  ၄၀ မမ ဗုံးသီး နဲ့ ပစ်ခတ်တိုက်ခိုက်ရာမှာ ပျုစောထီး တစ်ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။


သေဆုံးသွားတဲ့ ပျုစောထီးတပ်ဖွဲ့ဝင်ထံက နေ စစ်ကောင်စီတပ်ဆင်ပေးထားတဲ့ ကာဘိုင်သေနတ်ကိုသိမ်းဆည်းရမိတယ်လို့  မြနန္ဒာ စစ်ဆင်ရေးက  ဆိုပါတယ်။


မန္တလေးတိုင်းလွှတ်တော်ရှေ့က လုံခြုံရေးဘန်ကာ  မန္တလေးခရိုင်တရားရုံး  ပုသိမ်ကြီးမြို့နယ်ထဲက ရပ်ကွက်အုပ်ချုပ်ရေးရုံး နဲ့ ချမ်းမြသာစည်မြို့နယ်ထဲက အခွန်ရုံး တို့ တိုက်ခိုက်ခံရတာပါ။




Comments

Popular posts from this blog

UNHCR ဘယ်လိုလျှောက်ကြမလဲ

ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့ကို လွှတ်ပေးရေး ကုလသမဂ္ဂလုံခြုံရေးကောင်စီ ၏ ဆုံးဖြတ်ချက် အကြမ်းဖက် စစ်ကောင်စီ မလိုက်နာမှု Noeleen Heyzer က လုံခြုံရေးကောင်စီထံ တင်ပြအစီရင်ခံမည်

စစ်ကိုင်းနှင့် မကွေးရှိ စစ်တပ် တပ်စွဲထားသော နေရာများကို PDF တပ်များက တိုက်ခိုက်မှု စစ်သား ၁၃ ဦးသေဆုံး

Hotelတွေထဲမှာ Share အများဆုံးက ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး ဒေဝါရွှေ

စစ်ကောင်စီဘက်က နမခဇုန်ကို နည်းဗျူဟာအပြောင်းအလဲလုပ်ဆောင်လာ

မင်းအောင်လှိုင် လော်ဘီ Ben-Menashe ကျဆုံးခန်း

ဂျပန်၏ ဒေါ်လာ သန်း ၆၀ နှင့် ထိုင်း PTTEP ဒေါ်လာ နှစ် ဘီလီယံ မြုပ်နှံရန် ရွှေ့ဆိုင်း

​ဒေါ်‌ဇင်မာအောင် နှင့် အမေရိကန် ရေဒီယို The World တွေ့ဆုံ၊ ဒေါ်လာ တစ်ဘီလီယံ ကိစ္စ၊ no-fly zone၊ ယူကရိန်း အရေး သဘောထား။ ***********************

ရုရှား လက်နက်ဝယ်ယူမှု များမှာ အောင်သောင်းရဲ့ သားများပိုင် IGE ကုမ္ပဏီ ပါဝင်ပတ်သက်

ဒဗမက၏ဇနီး ထမီအလှန်ခံရ