Posts

Showing posts from November 6, 2021

'မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေ

Image
\"\"မြန်မာစစ်ခေါင်းဆောင်တွေက လူမဆန်တဲ့ရာဇဝတ်မှုတွေ စနစ်တကျ ကျုးလွန်နေတယ်လို့ ကျနော်တို့ ကောက်ချက်ချတယ်\"\" (Nicholas Koumjian, မြန်မာနိုင်ငံဆိုင်ရာ UN အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင်) ၆ နိုဝင်ဘာ၂၀၂၁ အာဏာသိမ်းမြန်မာစစ်တပ်ဟာ အကြမ်းဖက်သတ်ဖြတ်မှုတွေကို အစီအစဉ်ရှိရှိ စနစ်တကျနဲ့ ကို ကျုးလွန်နေတယ်လို့ (IIMM)မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂစုံစမ်းစစ်ဆေးရေးအဖွဲ့ခေါင်းဆောင် Nicholas Koumjian က မနေ့က ဂျီနီဗာမှာ ထုတ်ဖေါ်ပြောဆိုလိုက်ပါတယ်။ အာဏာသိမ်းချိန်ကနေစပြီး IIMM လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဆက်သွယ်ပေးပို့လာတဲ့ အထောက်အထားမှတ်တမ်း ၁ သန်း ခွဲကျော် လက်ခံရရှိခဲ့တယ်ဆိုပါတယ်။ ကျွမ်းကျင်သူတွေနဲ့ အချိန်ယူစစ်ဆေးခဲ့ပြီး မြန်မာစစ်တပ်ဟာ လူသားမျိုးနွယ်အပေါ်ဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျုးလွန်နေတယ်ဆိုတာ သက်သေအထောက်အထားတွေနဲ့ အတည်ပြုနိုင်ခဲ့တယ်လို့ Nicholas Koumjian က ပြောပါတယ်။ မြန်မာစစ်တပ်ဟာ သူ့ကိုလက်မခံဆန့်ကျင်သူတွေ ကျန်းမာရေးဝန်ထမ်းတွေ သတင်းသမားတွေကို စနစ်တကျပစ်မှတ်ထားခဲ့သလို ဖမ်းဆီးမိသူတွေကိုလည်း စနစ်တကျ နှိပ်စက်သတ်ဖြတ်ခဲ့တယ်ဆိုပါတယ်။ လူမဆန်တဲ့ သတ်ဖြတ်မှုတွေဟာ နေရာတချို့မှာ စစ်သားတ

ကျွန်းလှ အနီရောင်အဆင့် သို့ရောက်ရှိနေကြောင်းထုတ်ပြန်

Image
#Nov6 စစ်ကိုင်းတိုင်းဒေသကြီး  ကျွန်းလှမြို့နယ် ၂ရက်အတွင်း စစ်ဘေးရှောင်ကျေးရွာ ၉ရွာ အနည်းဆုံးရှိလာပြီး မြေပြင်အခြေအနေတွင် ယခုထက် ပိုမိုများပြားနိုင်ကြောင်း သိရပါတယ် ။ သဖန်းဆိပ်ဆည် အနောက်ဘက်ခြမ်းကို စနစ်တကျ ကြိုတင်ပြင် ဆင်ပြီးမှ စစ်ရဟတ်များ၊ စစ်ဘက်သုံး တိုက်လေယာဉ်များဖြင့်  စတင်တိုက်ခိုက်ပြီးယခုအခါ ‌ခြေလျင်စစ်ကြောင်းများစွာဖြင့် ထိုးဖောက် ဝင်ရောက်လာပြီလို့သိရပါတယ် ။ 🚨ကျွဲတဲရွာအခြေပြု စခ အင်အား ၂၀၀ခန့်  အေးချမ်းသာရွာ လိပ်စင်းထောင်ရွာဘက်မှ တစ်ကြောင်း 🚨ရေရှင်ရွာဘက်တွင် အင်အား ၂၀၀ခန့် စစ်ကြောင်းတစ်ကြောင်း 🚨မယားသာကျေးရွာ၊ လှည်းချောင်းကူးကျေးရွာဘက်တွင် လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ် နေသော စစ်ကြောင်းတစ်ကြောင်း 🚨ရေနံမှော်များကို ဝင်မွှေနေသည်က စစ်ကြောင်း တစ်ကြောင်း 🚨ဗုံးကျဲလေယာဉ်ပျံများလည်း ဝဲနေကြောင်း သိရ တစ်မြို့နယ်လုံး  ဆည်အရှေ့ဘက်ခြမ်းနေ ပြည်သူများရော  အနောက်ဘက်ခြမ်းနေပြည်သူများရော  ပြင်ဆင်စရာ ရှိတာပြင်ဆင်ထားကြပါ အချင်းချင်း ကူညီပေးကြဖို့လည်း စဉ်းစားပါ ဟူ၍ 2021spring pageက ထုတ်ပြန်ထားပါတယ် ။ #UpToDate Fix stand