Posts

Showing posts from March 24, 2023

မအလသားအကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး

Image
ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး  By Yangon Khit Thit News Agency March 24, 2023   ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်းရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု သတ်မှတ်ခံရသူ ထားဝယ်အထူးစီးပွားရေးဇုန် အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ မတ် ၁၄ ဗိုလ်ချုပ်ကြီး မြတ်ဟိန်း အပါအဝင် စစ်တပ်အသိုင်းအ၀ိုင်းအတွက် ဒေါ်လာ သန်း ရာချီ ပြည်ပသို့ ရွှေ့ပြောင်းပေးရာတွင် ပါဝင်ခဲ့သူဟု စွပ်စွဲခံရသူ၊ ထားဝယ် အထူးစီးပွားရေးဇုန် ဥပဒေ အကြံပေး မင်းတေဇာညွန့်တင် ပစ်ခတ်ခံရပြီး သေ ဆုံး သွားကြောင်း Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိ သူတစ်ဦး က ပြောသည်။ မတ်လ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်အချိန် ရန်ကုန်တိုင်း၊ သန်လျင်မြို့ နယ် အမှုထမ်းရပ်ကွက်၊ ဖွံဖြိုးရေးလမ်း (ဖွံဖြိုးရေးလမ်းဆုံအနီး)တွင် အိမ်သို့ ကားဖြင့် ပြန်လာစဉ် Urban Owls မြို့ပြပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက ပစ်ခတ်

မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ

Image
နမ့်စန်လေတပ်မှ လေတပ်အင်ဂျင်နီယာ ၂ ပွင့်ဗိုလ် ရဲသူရ  ရာထူးတိုး မက်လုံး ကြောင့် ရှေ့တန်းထွက်စဉ် ကရင်နီတိုက်ပွဲတွင် သေဆုံး၊ ရှေ့တန်းမှ ပြန်လာ ပါက  မင်္ဂလာဆောင်ရန် စီစဉ်ထားခဲ့သော်လည်း အလောင်းပင်ပြန်မရ ရန်ကုန်၊ မတ် ၂၄ ခေတ်သစ် ရှမ်းပြည်နယ်၊ နမ့်စန်လေတပ်မှ ၂ ပွင့် ဗိုလ် လေတပ်အင်ဂျင်နီယာ ရဲသူရကို ရာထူးတိုးပေးမည်ဟုဆိုပြီး ရှေ့တန်းကို စေလွှတ်စဉ် ရှမ်းပြည်နယ်နှင့် ကရင်နီ ပြည် အစပ်တွင်ဖြစ်ပွားသော တိုက်ပွဲတွင် သေဆုံးသွားကြောင်း ဒေသသတင်း ရင်းမြစ်များထံမှ သိရှိရသည်။  ရှမ်း-ကရင်နီ တိုက်ပွဲတွင် လေတပ်ဗိုလ် ရဲသူရ တိုက်ပွဲတွင် သေဆုံးသွားခြင်း ဖြစ် ပြီး အင်အားမရှိ၍ လေတပ် ဗိုလ်ရဲသူရကို  ရှေ့တန်းပြန်လာလျှင် ရာထူး တိုးပေးမည်ဆိုသော မက်လုံးဖြင့် ရှေ့တန်း စေလွှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မတ်လ ၂၃ ရက်နေ့တွင် တိုက်ပွဲအတွင်း သေဆုံးသွား ပြီဟု မိသားစုထံသို့ သတင်းပေးပို့ အကြောင်း ကြား လာကြောင်း သိရှိရသည်။   "နမ့်စန်လေတပ်က နှစ်ပွင့်နဲ့ လပ်တီးကောင်  ရှမ်းကရင်နီ တိုက်ပွဲမှာ သေတာ။ အလောင်းပြန်မရဘူး။ နာမည်က ရဲသူရ တပ်က  မိသားစုကို အကြောင်း ပြန်လာ တယ်။ မတ်လ ၂၅ ရက်နေ့မှာ အလောင်းပြန်မရဘဲ ဆွမ်းသွပ်မယ်။ ရဲရင့်သူက ရှေ့တန်းပြန်လာရင်

နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

Image
မဲခေါင်၊ မတ် ၂၃ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်ဝန်းနဲ့  အိမ်တော်ကြား၊ တောအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်တာ မရှိဘူးလို့ သိရပါတယ်။ ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးများလာတဲ့ အတွက် မီးလောင်ရာ အနီးအနားမှာ နေထိုင်တဲ့ ဝန်ထမ်းတွေကို ရုံးအချိန်စော ဆင်းပေးပြီး အိမ်ပြန်လွှတ်ခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ "လွှတ်တော်ဝန်း အိမ်ရာ တိုက်ဝန်းမှာနေတဲ့ ဝန်ထမ်းတွေကိုတော့ ရုံးကနေ စောစောပြန်လွှတ်လိုက်တယ်။ မီးက တဖြည်းဖြည်း များလာတော့ မြို့နယ်မီးသတ်က မနိုင်တော့ဘူး။ နေပြည်တော်က မီးသတ်ကားတွေ အပြင် ပျဉ်းမနား မီးသတ်က မီးသတ်ကားတွေပါ လာငြိမ်းရတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး" လို့ သူကပြောပါတယ်။ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အနေနဲ့ မီးလောင်မှု၊ ကယ်ဆယ်မှု သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖေစ့်ဘွတ် စာမျက်နှာမှာ တင်ပေးပေမယ့် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ မီးလောင်မှု၊ သေဆုံးမှုတွေ ကိုတော့ တင်တာ မတွေ့တော့ဘူးလို့ ရန်ကုန် ဒေသခံ တစ်ဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့နေ့လယ် ၁ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ အောင်သပြေ ရဲရိပ်သာဝန်း အတွင