နေပြည်တော် လွှတ်တော်ဝန်းနဲ့ အိမ်တော်ကြား မီးလောင်၊ မီးသတ်တပ်ဖွဲ့ သတင်းထိမ်ချန်

မဲခေါင်၊ မတ် ၂၃

နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ လွှတ်တော်ဝန်းနဲ့  အိမ်တော်ကြား၊ တောအတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပြန်တာ မရှိဘူးလို့ သိရပါတယ်။

ဒီကနေ့ နေ့လယ် ၁ နာရီကျော်မှာ မီးစတင် လောင်ကျွမ်းခဲ့ပြီး မီးများလာတဲ့ အတွက် မီးလောင်ရာ အနီးအနားမှာ နေထိုင်တဲ့ ဝန်ထမ်းတွေကို ရုံးအချိန်စော ဆင်းပေးပြီး အိမ်ပြန်လွှတ်ခဲ့ရတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

"လွှတ်တော်ဝန်း အိမ်ရာ တိုက်ဝန်းမှာနေတဲ့ ဝန်ထမ်းတွေကိုတော့ ရုံးကနေ စောစောပြန်လွှတ်လိုက်တယ်။ မီးက တဖြည်းဖြည်း များလာတော့ မြို့နယ်မီးသတ်က မနိုင်တော့ဘူး။ နေပြည်တော်က မီးသတ်ကားတွေ အပြင် ပျဉ်းမနား မီးသတ်က မီးသတ်ကားတွေပါ လာငြိမ်းရတယ်။ လူထိခိုက်မှုတော့ မရှိပါဘူး" လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အနေနဲ့ မီးလောင်မှု၊ ကယ်ဆယ်မှု သတင်းတွေကို အချိန်နဲ့ တပြေးညီ ဖေစ့်ဘွတ် စာမျက်နှာမှာ တင်ပေးပေမယ့် စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ မီးလောင်မှု၊ သေဆုံးမှုတွေ ကိုတော့ တင်တာ မတွေ့တော့ဘူးလို့ ရန်ကုန် ဒေသခံ တစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့နေ့လယ် ၁ နာရီခွဲက မရမ်းကုန်းမြို့နယ်၊ အောင်သပြေ ရဲရိပ်သာဝန်း အတွင်း မီးလောင်မှု ဖြစ်ပွားခဲ့ပေမယ့် မီးသတ်တပ်ဖွဲ့က သတင်း ထုတ်ပြန်တာ မရှိဘဲ ထိမ်ချန်ထားတယ်လို့ သိရပါတယ်။

MK-005
#MeKongNews 
#နေပြည်တော်
#တောမီးလောင်
#လွှတ်တော်ဝန်း




Comments

Popular posts from this blog

စစ်ကောင်စီဒုဗိုလ်မှုးကြီး အဆင့် ၃ဦးCDMကိစ္စဝန်ခံရပြီ

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

နိုင်ငံခြားရေးဌာနက ညွှန်ချုပ်ဖြစ်သူ ဦးချမ်းအေးနဲ့ လက်ထောက်ညွှန်မှူး ဦးစိုးသူရတို့ကို ဖမ်းလိုက်တယ်။

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

အမေရိကန်မရိန်းတပ်ဖွဲ့မှ သင်တန်းဆရာများ

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "