Posts

Showing posts from February 6, 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို သီတဂူက ခေါ်ဝေါ် သတ် မှတ်ပေးခဲ့

Image
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို သီတဂူက ခေါ်ဝေါ် သတ် မှတ်ပေးခဲ့ပြီး မင်းအောင်လှိုင်က အာဏာသိမ်းမည်ကို သူ ကိုးကွယ်သော ဘုန်းကြီးအားလုံးနီးပါးနှင့် ကြိုတင် တိုင်ပင်ခဲ့ ရန်ကုန်၊ ဖေဖော်ဝါရီ ၆  ခေတ်သစ် အကြမ်းဖက် မင်းအောင်လှိုင်က စစ်အာဏာသိမ်းမည်ကို သီတဂူက ကြိုတင်သိရှိခဲ့ပြီး အာဏာသိမ်းမှု မတိုင်မီ ယတြာချေခြင်း၊ နာမည်မှည့်ပေးခြင်းများကို မင်းအောင်လှိုင် ကိုးကွယ်သော သီတဂူနှင့်၀ဇီပိတ်တို့က လုပ်ဆောင်ပေးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။  ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမည့်ကိစ္စကို မင်းအောင်လှိုင်က သူ ကိုးကွယ်သော ဘုန်းကြီးများနှင့် တိုင်ပင်ခဲ့ပြီး ယတြာချေခြင်း များ လုပ် ဆောင်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို မင်းအောင်လှိုင်၏ ဆရာအရင်း သီတဂူက အမည်ပေး ခဲ့ကြောင်း သိရှိရသည်။  "သီတဂူဆရာတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့ နာမည်ကို မှည့်ပေးခဲ့တာ။   တပ်ချုပ်က အာဏာသိမ်းမယ်ဆိုတာ ဆရာတော်တွေကို ဖွင့်ပြောပြီး တိုင်ပင်တယ်။ နာမည်ရွေးတာ၊ အချိန်အခါ ၊ ယတြာတွေကို ကြိုတင်လုပ်ခဲ့ကြပါတယ်။ ၀ဇီပိတ် ဆရာတော်၊ သီတဂူ ဆရာတော်နှစ်ပါးစလုံးကို တပ်ချု

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

Image
မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တိုးလာ၊ မုံရွာတစ်မြို့လုံးကို စစ်တပ်နှင့်ရဲက အိမ်တိုင်း ဝင်စစ်နေ ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို PDF တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တိုးလာကြောင်း Alpha Special Force Column၊ ချင်းတွင်းဂဠုန်ရာဇာ အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထက်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၉ နာရီ၁၈ မိနစ် အချိန်တွင်လည်းကောင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ၂ ကြိမ် ခွဲ၍ ပစ်ခတ်ခဲ့ကြောင်း ၊ မူလက စစ်သား ၄ ဦး သေဆုံးကြောင်း သိရှိရပြီးနောက် ထပ်မံ၍ စစ်သားများ  သေဆုံးမှု ထိခိုက်မှု အရေအတွက် တိုးလာကြောင်း သိရှိရသည်။  "လစရ ၆ ကားဂိုဒေါင် တစ်လုံး ၊ နမခ ကင်းဂိတ်၊ ဆောက်လုပ်ရေးတပ်အတွင်

စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် ပစ်ခတ် တိုက်ခိုက်မှုဖြစ်

Image
စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပြီး ရာအိမ်မှူး ၁ ဦး သေဆုံးကာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်း ဒဏ်ရာရ၊ အောင်လံတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး  ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ် မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မြို့မရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင် စုဝေးနေသော စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို  PDF တပ်များက ပစ်ခတ်တိုက်ခိုက်ရာ ရာအိမ်မှူး ၁ ဦးသေဆုံးပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်းဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။  ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်  မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊  မြို့မရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင် စုဝေးနေသော စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် စစ်သားများကို  သေနတ်၊ လက်ပစ်ဗုံးတိုဖြင့် ပစ်ခတ်တိုက်ခိုက်ရာ  ရာအိမ်မှူး အုန်းကြိုင် သေဆုံးပြီး ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်း ဒဏ်ရာရရှိကြောင်း  ရဲသတင်းရင်းမြစ်များက ပြောသည်။  သို့ရာတွင် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သော Myitnge PDF ၏ ထုတ်ပြန်ချက်အရ   မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စဉ

မှော်ဘီလျှပ်စစ်ရုံးခန်း ပါဆယ်ဗုံးထောင် ဖောက်ခွဲ

Image
မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် မီတာ လျှောက်မည်ဟုဆိုပြီး  ပါဆယ်ဗုံးထောင် ဖောက်ခွဲမှု Non-CDM ဝန်ထမ်း ၂ ဦး ဒဏ်ရာရ ၊ ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေ ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ် မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် လျှပ်စစ်မီတာ လျှောက်မည်ဟုဆိုပြီး  ဝင်ရောက် ပါဆယ်ဗုံးထောင် ဖောက်ခွဲသဖြင့် ဝန်ထမ်း ၂ ဦး ဒဏ်ရာရပြီး ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေကြောင်း မှော်ဘီသတင်းရင်းမြစ်များထံမှ သိရှိရသည်။  ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် မှော်ဘီမြိုနယ်၊လျှပ်စစ်ရုံး၊ စီမံဌာနအတွင်းသို့ လျှပ်စစ်မီတာ လျှောက်ထားရန်အတွက်ဟုဆိုကာ လူ ၂ ဦး ဝင်ရောက်လာပြီး ပါဆယ်အထုပ်တစ်ထုပ်ကို ထားရှိခဲ့ကြောင်း၊ ယင်းနောက် ယင်းပါဆယ်ထုပ် ပေါက်ကွဲပြီး လျှပ်စစ်ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။  "မှော်ဘီလျှပ်စစ်ရုံး ရုံးခန်းထဲဗုံးပေါက်တာက မီတာလျှောက်ချင်လို့ဆိုပြီး အထဲဝင်လာတာ။ အဲဒါ ပြီးတော့ အထုပ်ထားပြီး ပြန်လာခဲ့မယ်ဆိုပြီး ပြန်ထွက်သွားတယ်။ အဲဒီနောက်မှာ ဗုံးပေါက်တာပဲ။ Non- CDM ၂ ဦး ဒဏ်ရာပါတယ်။ ရုံးမှာ CCTV တပ်ထား‌တော့  CCTV မှတ်တမ်းကနေလိုက်နေတယ်။ အခုထိတော့ မိတယ်လ

ယုဇန ဌေးမြင့်၏ စီမံကိန်းဇုန်သို့ မင်းအောင်လှိုင်သွားရောက်မည်၊ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား

Image
ပန်းတနော်အနီးတွင် ရဟတ်ယာဉ်ကွင်းများပါ ထည့်သွင်း တည်ဆောက်ထားသော ယုဇန ဌေးမြင့်၏ စီမံကိန်းဇုန်သို့ မင်းအောင်လှိုင်သွားရောက်မည်၊ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထား ရန်ကုန်၊  ဖေဖော်ဝါရီ ၆ ခေတ်သစ် ဧရာ၀တီတိုင်း၊ ပန်းတနော်မြို့နယ်အနီးတွင် ယုဇန ဌေးမြင့်၏ စီမံကိန်း ဇုန်အတွင်းသို့ အကြမ်းဖက် မင်းအောင်လှိုင် သွားရောက်မည်ဖြစ်ပြီး စစ်တပ်က လုံခြုံရေး အပြည့်အကျပ် ချထားကြောင်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ယုဇန ဌေးမြင့်သည် ပန်းတနော်၊ ရွှေလောင်းနှင့်ပုသိမ်မြို့အကြားတွင် မြေဧက ထောင်ပေါင်းများစွာကို သိမ်းယူထားပြီး ယင်းမြေဧကတွင် စက်မှုဇုန် စီမံကိန်းနှင့်မြို့သစ် စီမံကိန်း ပုံစံ အကောင်အထည်ဖော်နေကြောင်း၊ အဆိုပါ စီမံကိန်း ဇုန်ဧရိယာအတွင်းတွင် ရဟတ်ယာဉ်ကွင်း ၃ ကွင်းနှင့် လေယာဉ်ဆီ၊ စက်သုံးဆီ ထည့်သွင်းနိုင်သော ဆီဆိုင်ကို ပါ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရှိရသည်။  "အဲဒီစီမံကိန်းက နည်းနည်းတော့ ထူးခြားတယ်။ ဘာလို့ဆိုတော့ ရဟတ်ယာဉ်ကွင်း ၃ ကွင်းပါတယ်။ ပြီးတော့ ဆီဆိုင်က လေယာဉ်ဆီပါ ထည့်လို့ရတယ်လို့သိရတယ်။ ဘာအတွက်လဲတော့မသိဘူး။ အရင် ငါးကန်တွေ လယ်တွေကို သိမ်းခဲ့တာ။ မူလပိုင်ရှင်တွေ ဘာတစ်ပြား

စစ်ကောင်စီတပ်နှင့် ၆နာရီကြာ တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး မြန်မာ့တော်ဝင်နဂါးတပ်တော် ရဲဘော် ၆ ဦးကျဆုံး

Image
ဖေဖော်ဝါရီ၊ ၂၀၂၃။ သံလွင်ခက် မြန်မာ့တော်ဝင်နဂါးတပ်တော်(MRDA)နှင့် စစ်ကောင်စီတပ်တို့အကြား ၆နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပြီး MRDAဘက်မှ ရဲဘော် ၆ ဦးကျဆုံးခဲ့သည်ဟု သိရသည်။ ယခုနှစ် ဇန်နဝါရီ၃၁ရက်တွင် ယင်းမာပင်မြို့နယ် ညောင်ပင်ရွာကျေးရွာ အရှေ့တောင်ဘက်နေရာ၌ စစ်ကောင်စီတပ်နှင့် MRDA တပ်တို့ နံနက်၈ နာရီမှ နေ့လည် ၂ နာရီ အထိ ပြင်းထန်တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲအတွင်း၌ MRDAရဲဘော် ၆ ဦးကျဆုံးခဲ့သည်ဟု MRDAရဲဘော်တစ်ဦးက သံလွင်ခက်ကို ပြောသည်။ ”  အဲနေ့က မနက် ၇ နာရီလောက်မှာ နာရီဝက်လောက် တိုက်ပွဲ တစ်ခါအရင်ဖြစ်သေးတယ်။ နောက် ညောင်ပင်ရွာနားလေးကျမှ အပြင်းအထန်ဖြစ်တာ။ ကျဆုံးရဲဘော်တွေကို အမိန့်ပြန်တမ်းထုတ်ပြန်ပြီး အဲနေ့ညနေကပဲ သင်္ဂြိုဟ်လိုက်ရတယ် ” ဟု ၎င်းကဆိုသည် ဇန်နဝါရီ၃၀ရက်တွင် ယင်းမာပင်မြို့မှ ထွက်လာသည့် အင်အား ၂၀၀ ဦးခန့်ရှိ စစ်ကောင်စီစစ်ကြောင်းကို MRDAတပ်ဖွဲ့ဝင်များက စောင့်ကြို၍တိုက်ခိုက်ခဲ့ရာ ၃၁ ရက်တွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်း ဖြစ်သည်။ ထိုနေ့တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ အကျအဆုံးများရှိနိုင်သော်လည်း စစ်ရေးတင်မာနေဆဲ အခြေအနေဖြစ်သည့်အတွက် အတိအကျ အတည်ပြုနိုင်သေးခြင်းမရှိသေးဟု MRDA တပ်ဖွဲ့ဝင်တစ်

ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် နူကလီးယားစင်တာ မင်းအောင်လှိုင် ဖွင့်မည့်သတင်း ပေါက်ကြားမှုကြောင့် ဒရုန်းဖြင့် ဗုံးကျဲခံရမည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမည်ကို စစ်ကောင်စီက အထူးစိုးရိမ်ပြီး လုံခြုံရေး အမြင့်ဆုံးတင်းကျပ်

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ်   ရန်ကုန်တက္ကသိုလ် လှိုင်နယ်မြေတွင် နူကလီးယားစင်တာကို ယနေ့ ဖေဖော်ဝါရီလ ၆ ရက်နေ့  မင်းအောင် လှိုင် ဖွင့်လှစ်မည့်သတင်းကို ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပေါက်ကြားလာပြီးနောက် စစ်ကောင်စီတပ်က  ဒရုန်းဖြင့် ဗုံးကျဲခံရမည်၊ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရမည်ကို စစ်ကောင်စီက အထူးစိုးရိမ်ပြီး လုံခြုံရေး အမြင့်ဆုံးတင်းကျပ်ထားကြောင်း စစ်တပ်သတင်းရင်းမြစ်များက ပြောသည်။  "ခေတ်သစ်မှာ နူကလီးယား စင်တာ လှိုင်နယ်မြေမှာ ဖွင့်မယ့် သတင်းပေါက်လို့ အခု ဒရုန်းပစ်ချတဲ့ စက်တွေ၊ ဆက်သွယ်ရေး ဖြတ်တောက်တဲ့ စက်တွေ အများကြီး ပိုတိုးထားတယ်။ စနိုက်ပါတွေ ကင်းပုန်းတွေ ထပ်တိုးပါတယ်။ မူလ စီစဉ်ထားတဲ့ အရေအတွက်ထက် ချက်ချင်း တိုးမြှင့်တာပါ။ တပ်ချုပ်တက်မယ်၊ ရုရှားဘက်က နူကလီးယားကော်ပိုရေးရှင်း ညွှန်ချုပ်တက်မှာမို့ အတိမ်းအစောင်းခံလို့ မရဘူးဆိုပြီး  လုံခြုံရေး အမြင်ဆုံး တိုးလိုက်တယ်။ မသင်္ကာရင် ပစ်သတ်ခွင့်ပြုထားတယ်။ ဖွင့်ပွဲလုပ်မယ့် ပတ်ဝန်းကျင်ကို လမ်းတွေပါပိတ်ဆို့ထားမယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။  လှိုင်နယ်မြေ အနီးအနားရှိ အထပ်မြင့်တိုက်များ၊ လှိုင်တက္ကသိုလ်နယ်မြေအတွင်းတွင်လည်း စနိုက်ပါများ၊ ကင်းပ

စောက်ပေါက်ကိုဆို့ထားပါသက္ကမိုးညို

Image
မည်သူမဆိုတော်လှန်ရေးကိုမနက်ဖန်အဆုံးသတ်ပစ်လိုက် ချင်ကြတာချည်းပါပဲ၊ မပြီးသေးတာအပေါ်လဲမှန်မှန်ကန်ကန် နားလည်သိမြင်စိတ်လဲရှိရပါမယ်၊ အဲဒီအထဲမှာ ဩစီကကျော်နိုင် မဲဆောက်က သက္ကမိုးညို တို့ လိုပညာတတ်တွေနားမလည်တာအဆိုးဆုံးပဲ၊ လက်နက်ကိုင်နွေဦးတော်လှန်ရေးစတော့ meeting တက်ခွင့် ရတယ် ဒေါ်ခင်မမမျိူးကအရင်က ဘလော့ဂါပါ စစ်ရေးနဲ့ လက်နက်စွမ်းရည်အကြောင်းတွေ ရေးပါတယ်၊ ပထမဆုံးဒုကာဝန်တာဝန်ယူထားချိန်ဆိုတော့ သူတင်ပြ တာတွေအထဲမှာ ကုန်ကျစာရိတ်ပါပါတယ်၊ တပ်စ ခန်း၁၀ခု တပ်သား၅၀၀၀စာ ကို $သန်း၅၀လျာ  ထား ပါတယ်၊ ဆိုတော့ ကျန်တဲ့နိုင်ငံရေးရှေ့ဆက်ပြောစရာရပ် ထားလို့ရပြီ ဒီပိုက်ဆံရဖို့ပဲစဉ်းစားရတော့မယ်၊ ဒီနေရာမှာ ရှင်ရှင်းလင်းလင်းသိရမှာ NUGဟာ နာမည် ကပဲအစိုးရပါ တကယ်လုပ်နေရတာက လုပ်ငန်းအဖွဲ့ သာသာပါ  အစိုးရအဆင့်အစစ်ဆိုရင် ကျွန်တော်တို့လို အဆင့်နဲ့ Meeting တွေလုပ်တွေ့နေပါ့မလား ပြောချင်တာ သူတို့လဲ လွင်ပြင်ကျယ်ကိုလှမ်းတွေ့နိူး နဲ့ခြုံပုတ်တခုပြီးတခုဖြဲပြီးလာနေရသူတွေပါ ဂျပိုး ကိုလိပ်ခြေလှမ်းလှမ်းခိုင်းလို့မရပါဖူး အချိန်ပေးရပါမယ် လက်ရှိပီဒီအက်ဖ် ဘယ်လောက်ရှိမလဲ တပ်ရင်းဆယ်ခု စာရှာနိုင်ခဲ့ပြီလား တနှစ်ကျော်မှာ $သန်း၅၀ ရသည့်တိုင် ဆိတ်ပါးစပ် နှမ်