စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် ပစ်ခတ် တိုက်ခိုက်မှုဖြစ်

စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် ပစ်ခတ် တိုက်ခိုက်မှုဖြစ်ပြီး ရာအိမ်မှူး ၁ ဦး သေဆုံးကာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်း ဒဏ်ရာရ၊ အောင်လံတွင် စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ ၁ ဦး ပစ်ခတ်ခံရပြီး သေဆုံး 

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ်

မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ မြို့မရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင် စုဝေးနေသော စစ်တပ်လက်အောက်ခံ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ကို  PDF တပ်များက ပစ်ခတ်တိုက်ခိုက်ရာ ရာအိမ်မှူး ၁ ဦးသေဆုံးပြီး ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်းဒဏ်ရာရရှိကြောင်း ရဲသတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်  မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြို့၊  မြို့မရပ်ကွက်၊ မြို့တော်ခန်းမရှေ့တွင် စုဝေးနေသော စစ်ကောင်စီအုပ်ချုပ်ရေးမှူးများနှင့် စစ်သားများကို  သေနတ်၊ လက်ပစ်ဗုံးတိုဖြင့် ပစ်ခတ်တိုက်ခိုက်ရာ  ရာအိမ်မှူး အုန်းကြိုင် သေဆုံးပြီး ဒုမြို့နယ် အုပ်ချုပ်ရေးမှူး ကျော်ကျော်လင်း ဒဏ်ရာရရှိကြောင်း  ရဲသတင်းရင်းမြစ်များက ပြောသည်။ 

သို့ရာတွင် တိုက်ခိုက်မှု လုပ်ဆောင်ခဲ့သော Myitnge PDF ၏ ထုတ်ပြန်ချက်အရ   မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ စဉ့်ကိုင်မြို့တော်ခန်းမရှေ့တွင် အရပ်ဝတ်ဖြင့် စုဝေးနေသာ စစ်သား၊ ရဲ၊ ပျူစောထီးနှင့် အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များကို မိုင်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦး သေ ဆုံးသွားကြောင်း သိရှိရသည်။ 

ဖေဖော်ဝါရီလ ၅ ရက် နံနက် ၉ နာရီခွဲခန့်က အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးနှင့် စစ်ကောင်စီ ခန့်အုပ်ချုပ်ရေးမှူးအဖွဲ့ဝင်များသည် အရပ်ဝတ်ဖြင့် စုနေစဉ် ပြည်သူ့ကာကွယ်ရေးမြို့ပြပြောက်ကျား တပ်ဖွဲ့ဝင်များမှ လက်ပစ်မိုင်း ၂ လုံးအပြင် သေနတ်ဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ဦးသေဆုံးပြီး အချို့ ဒဏ်ရာရရှိကာ ဆေးရုံသို့တင်ပို့ကုသထားရကြောင်း သိရသည်။ 

အလားတူ မကွေးတိုင်း၊ အောင်လံမြို့နယ်တွင် အကြမ်းဖက် စစ်တပ် သတင်း ပေးဟု သတ်မှတ်ခံရသူ တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် အောင်လံမြို့နယ်၊ ချင်းစခန်းကြီးကျေးရွာရှိ အကြမ်းဖက် စစ်တပ် သတင်းပေး ကျော်ရဲအောင်ကို မြေလတ်ဗမာကာ ကွယ်ရေးတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း ကျော်ရဲအောင်၏ ဆွေမျိုးတော်စပ်သူများက ရန်ပြုရန် ပြုလုပ်ခဲ့သော်လည်း အရပ်သားများဖြစ်သည့်အတွက် ပစ်ခတ်မှုမပြုလုပ်ဘဲ ဆုတ်ခွာခဲ့ကြောင်း မြေလတ်ဗမာကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။





Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ