မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်

မုံရွာ၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တိုးလာ၊ မုံရွာတစ်မြို့လုံးကို စစ်တပ်နှင့်ရဲက အိမ်တိုင်း ဝင်စစ်နေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ်

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို PDF တပ်ဖွဲ့များက ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်မှု စစ်သာများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် သေဆုံးမှု တိုးလာကြောင်း Alpha Special Force Column၊ ချင်းတွင်းဂဠုန်ရာဇာ အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံ ကိုထက်နိုင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 

ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၉ နာရီ၁၈ မိနစ် အချိန်တွင်လည်းကောင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ၂ ကြိမ် ခွဲ၍ ပစ်ခတ်ခဲ့ကြောင်း ၊ မူလက စစ်သား ၄ ဦး သေဆုံးကြောင်း သိရှိရပြီးနောက် ထပ်မံ၍ စစ်သားများ  သေဆုံးမှု ထိခိုက်မှု အရေအတွက် တိုးလာကြောင်း သိရှိရသည်။ 

"လစရ ၆ ကားဂိုဒေါင် တစ်လုံး ၊ နမခ ကင်းဂိတ်၊ ဆောက်လုပ်ရေးတပ်အတွင်းက အဆောက်အဦး ၃လုံး ထိခိုက်ပျက်စီးမှု ရှိတယ်။ ဗိုလ်ကြီးတစ်ဦး တပ်ကြပ်ကြီးတစ်ဦး ဒုတပ်ကြပ်တစ်ဦး အပါအဝင် ၂၂ ဦး ထိခိုက်ဒဏ်ရာရရှိတာရယ်။ သေဆုံးမှုတွေလည်း ရှိတယ်" ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။  

အဆိုပါ တိုက် ခိုက်မှုကို Shadow Ranger  နှင့် မဟာမိတ်များဖြစ်ကြသည့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၃ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ နှင့် မုံရွာခရိုင် အမှတ် - ၅ တပ်ရင်း  (Aung San Force -ASF) ၊ Alpha Special Force Columnတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် စစ်တပ်နှင့်ရဲက မုံရွာတစ်မြို့လုံးရှိ ရပ်ကွက်များကို အိမ်တိုင်းစေ့ စစ်အင်အားအများအပြားဖြင့် လက်နက်များ ရှာဖွေခြင်း၊ အိုးခွက် ပန်းကန်မှစ၍ လှန်လှော စစ်ဆေးခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။ 

အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းအတွင်းရှိ ၁၁ မြို့နယ် စစ်အုပ်ချုပ်ရေးကြေညာပြီး တိုင်းမှူးကို အာဏာ အပြည့်ဖြင့် အုပ်ချုပ်ခိုင်းချိန်တွင် တိုင်းမှူးနေထိုင်သော နမခ ဌာနချုပ်ကို တော်လှန်ရေး တပ်များက တိုက်ခိုက်လာခြင်း ဖြစ်သည်။  

ဗီဒီယို- ယမန်နေ့ နံနက် ၉ နာရီ ၁၈ မိနစ်အချိန် ရှော့တိုက်ဒုံး ဖြင့်  ဒုတိယအကြိမ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်စဉ်။
https://youtu.be/gVuIwMgTcg0



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်