မှော်ဘီလျှပ်စစ်ရုံးခန်း ပါဆယ်ဗုံးထောင် ဖောက်ခွဲ

မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် မီတာ လျှောက်မည်ဟုဆိုပြီး  ပါဆယ်ဗုံးထောင် ဖောက်ခွဲမှု Non-CDM ဝန်ထမ်း ၂ ဦး ဒဏ်ရာရ ၊ ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ်

မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် လျှပ်စစ်မီတာ လျှောက်မည်ဟုဆိုပြီး  ဝင်ရောက် ပါဆယ်ဗုံးထောင် ဖောက်ခွဲသဖြင့် ဝန်ထမ်း ၂ ဦး ဒဏ်ရာရပြီး ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေကြောင်း မှော်ဘီသတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် မှော်ဘီမြိုနယ်၊လျှပ်စစ်ရုံး၊ စီမံဌာနအတွင်းသို့ လျှပ်စစ်မီတာ လျှောက်ထားရန်အတွက်ဟုဆိုကာ လူ ၂ ဦး ဝင်ရောက်လာပြီး ပါဆယ်အထုပ်တစ်ထုပ်ကို ထားရှိခဲ့ကြောင်း၊ ယင်းနောက် ယင်းပါဆယ်ထုပ် ပေါက်ကွဲပြီး လျှပ်စစ်ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 

"မှော်ဘီလျှပ်စစ်ရုံး ရုံးခန်းထဲဗုံးပေါက်တာက မီတာလျှောက်ချင်လို့ဆိုပြီး အထဲဝင်လာတာ။ အဲဒါ ပြီးတော့ အထုပ်ထားပြီး ပြန်လာခဲ့မယ်ဆိုပြီး ပြန်ထွက်သွားတယ်။ အဲဒီနောက်မှာ ဗုံးပေါက်တာပဲ။ Non- CDM ၂ ဦး ဒဏ်ရာပါတယ်။ ရုံးမှာ CCTV တပ်ထား‌တော့  CCTV မှတ်တမ်းကနေလိုက်နေတယ်။ အခုထိတော့ မိတယ်လို့ မကြားသေးဘူး။ ရုံးခန်းတော့ အတော်ပျက်စီးသွားတယ်။ အခုတော့ ရုံးပိတ်ထားတယ်" ဟု မှော်ဘီသတင်းရင်းမြစ်က ပြောဆိုသည်။ 

အလားတူ ယနေ့ နံက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် ဗုံးပေါက်ကွဲသံကြားရပြီး နေရာကို အတိအကျ မသိရှိရသေးကြောင်း၊ စစ်တပ်က ရန်ကုန်မြို့ တစ်ဝန်းတွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရသည်။



Comments

Popular posts from this blog

“ယူကရိန်း အတွက် လေယာဥ်တွေပို့မယ် ဆိုတဲ့ ပိုလန် ကမ်းလှမ်းချက်အကောင်အထည် ဖော်ဖို့ခက်

အာဆီယမ် အမေရိကန်ထိပ်သီးဆွေးနွေးပွဲ ရွှေ့ဆိုင်း

နေဝင်းစတိုင်ဖမ်းလာတဲ့သောင်းလှိုင်သား

အပစ်ရပ် ခုနစ်ဖွဲ့နဲ့ စစ်ကောင်စီ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆွေးနွေးမည်

စစ်ကောင်စီကို အသိအမှတ်မပြုလို၍ ယာယီသံရုံးတာ၀န်ခံကိုသာ ဗြိတိန်ခန့်အပ်

ထွန်းမင်းလတ်နှင့်ဥပကစ်ကွင်းဆက်အပါအဝင်နောက်ဆက်တွဲများ

မြန်မာနှင့် ယူကရိန်းပြည်သူများနှင့်အတူ မားမားမတ်မတ််ရပ်တည်ကြောင်း အီးယူထုတ်ပြန်

အသံတိတ်လူသတ်သမားတွေ