မှော်ဘီလျှပ်စစ်ရုံးခန်း ပါဆယ်ဗုံးထောင် ဖောက်ခွဲ

မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် မီတာ လျှောက်မည်ဟုဆိုပြီး  ပါဆယ်ဗုံးထောင် ဖောက်ခွဲမှု Non-CDM ဝန်ထမ်း ၂ ဦး ဒဏ်ရာရ ၊ ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေ

ရန်ကုန်၊ ဖေဖော်ဝါရီ ၆ ခေတ်သစ်

မှော်ဘီလျှပ်စစ်ရုံးခန်းထဲတွင် လျှပ်စစ်မီတာ လျှောက်မည်ဟုဆိုပြီး  ဝင်ရောက် ပါဆယ်ဗုံးထောင် ဖောက်ခွဲသဖြင့် ဝန်ထမ်း ၂ ဦး ဒဏ်ရာရပြီး ဗုံးထောင်သူများကို CCTV မှတစ်ဆင့် ဖမ်းဆီးရန် စစ်တပ်က ကြိုးပမ်းနေကြောင်း မှော်ဘီသတင်းရင်းမြစ်များထံမှ သိရှိရသည်။ 

ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၁၁ နာရီအချိန် မှော်ဘီမြိုနယ်၊လျှပ်စစ်ရုံး၊ စီမံဌာနအတွင်းသို့ လျှပ်စစ်မီတာ လျှောက်ထားရန်အတွက်ဟုဆိုကာ လူ ၂ ဦး ဝင်ရောက်လာပြီး ပါဆယ်အထုပ်တစ်ထုပ်ကို ထားရှိခဲ့ကြောင်း၊ ယင်းနောက် ယင်းပါဆယ်ထုပ် ပေါက်ကွဲပြီး လျှပ်စစ်ဝန်ထမ်း ၂ ဦး ဒဏ်ရာရရှိကြောင်း သိရှိရသည်။ 

"မှော်ဘီလျှပ်စစ်ရုံး ရုံးခန်းထဲဗုံးပေါက်တာက မီတာလျှောက်ချင်လို့ဆိုပြီး အထဲဝင်လာတာ။ အဲဒါ ပြီးတော့ အထုပ်ထားပြီး ပြန်လာခဲ့မယ်ဆိုပြီး ပြန်ထွက်သွားတယ်။ အဲဒီနောက်မှာ ဗုံးပေါက်တာပဲ။ Non- CDM ၂ ဦး ဒဏ်ရာပါတယ်။ ရုံးမှာ CCTV တပ်ထား‌တော့  CCTV မှတ်တမ်းကနေလိုက်နေတယ်။ အခုထိတော့ မိတယ်လို့ မကြားသေးဘူး။ ရုံးခန်းတော့ အတော်ပျက်စီးသွားတယ်။ အခုတော့ ရုံးပိတ်ထားတယ်" ဟု မှော်ဘီသတင်းရင်းမြစ်က ပြောဆိုသည်။ 

အလားတူ ယနေ့ နံက်ပိုင်း သင်္ဃန်းကျွန်းမြို့နယ်တွင် ဗုံးပေါက်ကွဲသံကြားရပြီး နေရာကို အတိအကျ မသိရှိရသေးကြောင်း၊ စစ်တပ်က ရန်ကုန်မြို့ တစ်ဝန်းတွင် လုံခြုံရေး တိုးမြှင့်ထားကြောင်း သိရှိရသည်။



Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်