နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို သီတဂူက ခေါ်ဝေါ် သတ် မှတ်ပေးခဲ့

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို သီတဂူက ခေါ်ဝေါ် သတ် မှတ်ပေးခဲ့ပြီး မင်းအောင်လှိုင်က အာဏာသိမ်းမည်ကို သူ ကိုးကွယ်သော ဘုန်းကြီးအားလုံးနီးပါးနှင့် ကြိုတင် တိုင်ပင်ခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၆  ခေတ်သစ်

အကြမ်းဖက် မင်းအောင်လှိုင်က စစ်အာဏာသိမ်းမည်ကို သီတဂူက ကြိုတင်သိရှိခဲ့ပြီး အာဏာသိမ်းမှု မတိုင်မီ ယတြာချေခြင်း၊ နာမည်မှည့်ပေးခြင်းများကို မင်းအောင်လှိုင် ကိုးကွယ်သော သီတဂူနှင့်၀ဇီပိတ်တို့က လုပ်ဆောင်ပေးခဲ့ကြောင်း စစ်ဘက်သတင်းရင်းမြစ်များက ပြောသည်။ 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမည့်ကိစ္စကို မင်းအောင်လှိုင်က သူ ကိုးကွယ်သော ဘုန်းကြီးများနှင့် တိုင်ပင်ခဲ့ပြီး ယတြာချေခြင်း များ လုပ် ဆောင်ခဲ့ကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ဆိုသော အမည်ကို မင်းအောင်လှိုင်၏ ဆရာအရင်း သီတဂူက အမည်ပေး ခဲ့ကြောင်း သိရှိရသည်။ 

"သီတဂူဆရာတော်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုတဲ့ နာမည်ကို မှည့်ပေးခဲ့တာ။   တပ်ချုပ်က အာဏာသိမ်းမယ်ဆိုတာ ဆရာတော်တွေကို ဖွင့်ပြောပြီး တိုင်ပင်တယ်။ နာမည်ရွေးတာ၊ အချိန်အခါ ၊ ယတြာတွေကို ကြိုတင်လုပ်ခဲ့ကြပါတယ်။ ၀ဇီပိတ် ဆရာတော်၊ သီတဂူ ဆရာတော်နှစ်ပါးစလုံးကို တပ်ချုပ်က အာဏာသိမ်းမယ့် ကိစ္စ ကြိုတင်သိရှိခဲ့ပြီး  တိုင်ပင်မှု တွေရှိခဲ့ပါတယ်" ဟု စစ်တပ်သတင်းရင်းမြစ်က ပြောသည်။ 

သီတဂူနှင့် ၀ဇီပိတ် ၂ ဦးလုံးသည်  မင်းအောင်လှိုင် နှင့် ကြူကြူလှ အမြဲတစေ ကိုးကွယ်ဆည်းကပ်နေသော ဘုန်းကြီးများဖြစ်ကြပြီး မင်းအောင်လှိုင် မိသားစုနှင့်ပတ်သက်သည့် အလှူများအားလုံးကို ထိုဘုန်းကြီး ၂ ဦးက စီမံဆောင်ရွက်ပေးခြင်း၊ ဘာသာရေးဆိုင်ရာ ယတြာ ချေခြင်းများကိုလည်း မင်းအောင်လှိုင်က ၀ဇီပိတ် ဘုန်းကြီးနှင့် တိုင်ပင် လုပ်ဆောင်လေ့ရှိကြောင်း သိရှိရသည်။ 

မင်းအောင်လှိုင် အာဏာသိမ်းမည်ကိုကြိုတင်သိရှိခဲ့ကြသော ဘုန်းကြီးများတွင် မဘသ နာယက ရွာမဆရာတော်၊  အရှင်ဆေကိန္ဒတို့လည်း ပါဝင်ကြောင်း သိရှိရသည်။ 

လက်ရှိတွင် မင်းအောင်လှိုင်က အပြင်အောင်ခြင်း ရှစ်ပါး၊ အတွင်းအောင်ခြင်းရှစ်ပါး တရားများကို သီတဂူ၏ လမ်းညွှန်ချက်အတိုင်း စစ်တပ် ဝါဒဖြန့် ရုပ်သံလိုင်း၊ ရေဒီယိုများတွင် ထုတ်လွှင့်ခြင်း၊ စစ်တပ် တပ်ရင်းတပ်ဖွဲ့များ၊ ဝန်ကြီးဌာနများတွင် ရွတ်ဖတ်ခိုင်းခြင်းများဖြင့် ယတြာချေခိုင်းနေကြောင်း သိရှိရသည်။


Comments

Popular posts from this blog

မမေဇွန်မိုး သို့မဟုတ် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်လိုက်တဲ့ သူနာပြုဆရာမ

တပ်မ ၃၃ ၊ တပ်မ၇၇ ဒရုန်းပစ်မှတ်များဖြစ်လာပါပြီ

မြန်မာပြည်တွင် အာမခံချက်ဆိုသည်မှာ တစ်လလောက်အတွင်းသာကောင်းတတ်သည်

​" ဒီကနေ့ ဥရောပပါလီမန်ဆွေးနွေးပွဲမှာ မြန်မာ့အရေးကိုအထိရောက်ဆုံးပြောသွားသည့် ပါလီမန်အမတ် "

စစ်ကောင်စီမိသားစုဝင်တွေ၊ စစ်တပ် အသိုင်းအဝိုင်း မိသားစုဝင်တွေ သွားလာလှုပ်ရှားပုံပြောင်း

Keppel Land သည် မြန်မာနိုင်ငံရှိ ဟိုတယ်စီမံကိန်းကို ကန်ဒေါ်လာ ၇၇ သန်းဖြင့် နုတ်ထွက်ခဲ့

ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြို့ကို PDFများ စီးနင်းသိမ်းပိုက်ထား

စစ်ကောင်စီ အသေအပျောက်များသည့် ဒီမော့ဆို ကျောက်ဆည်ကန်တိုက်ပွဲ (ရုပ်သံ)