Posts

Showing posts from March 4, 2022

အာဏာသိမ်း အဖွဲ့ စိုးရိမ်စပြုလာ

Image
​ အာဏာသိမ်း အဖွဲ့သည် နေပြည်တော်အား လုံခြုံစိတ်ချရသည့် ခံတပ်ကြီး သဖွယ် သဘောထားလာနေပြီး ရန်ကုန်ရှိ ဦးပိုင် ရုံးချုပ်ကို ရွှေ့ပြောင်းရန် ပြင်ဆင်လာနေပြီ ဖြစ်သည်ဟု သိရသည်။ ထိုသို့ ရွှေ့ပြောင်းရန် ဆုံးဖြတ်ခဲ့မှုသည် လုံခြုံရေး အရ စိုးရိမ်မကင်း ဖြစ်လာနေသည်ကို ပြဆိုလိုက်ခြင်းပင် ဖြစ်သည်။ ဦးပိုင် သည် ၎င်းတို့ အတွက် အစိုးရ ဘတ်ဂျက် အပြင်မှ စာရင်းစစ်ခွင့် မရှိ၊ စိတ်ကြိုက် သုံးခွင့် ရအောင် ဒေါ်လာ ဘီလီယံ ပေါင်း အများအပြား ကို “အောက်ဆိုက်” ဝင်ငွေ အဖြစ် ဖန်တီးပေးနေသည့် ကုမ္ပဏီ ပေါင်းများစွာ ကို ပိုင်ဆိုင်ထားသဖြင့် ဖြစ်နိုင်သမျှ အမြန်ဆုံး ရွှေ့ရန်လိုလားနေပြီး အဆောက်အဦး သစ်အတွက် နေပြည်တော် ဥတ္တရသီရိ မြို့ မန္တလေး လမ်းတွင် ဇန်နဝါရီ လ အတွင်း မြေနေရာကို ပန္နက်ရိုက်ကာ စတင် ဆောက်လုပ်နေပြီဟု ဧရာဝတီ သတင်းက ဆိုသည်။ စစ်ကောင်စီ အဖို့ က ၎င်းတို့ အားကိုးအားထား ပြုသည့် ရုရှားသည် စီးပွားရေးပိုင်းတွင် ပြဿနာပေါင်း သောင်း ခြောက်ထောင် နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ မြန်မာကဲ့သို့ နိုင်ငံမျိုးအား လက်နက်ခဲယမ်း များ ထောက်ပံ့ရေး အစ ရှိသည် တို့တွင် မည်သို့မျှ ဦးစားပေး အဆင့်တွင် မထားနိုင်တော့သည်ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။ လက်န

နူးကလီးယား ဓာတ်ပေါင်းဖိုကို ရုရှားပစ်ခတ်ပြီးနောက် ယူကရိန်းသမ္မတရဲ့ မိန့်ခွန်း

​တကယ့်နန်းလုပွဲ အစစ် !

Image
ပြင်သစ်သမ္မတစကားအရဆို အတော်စိုးရိမ်စာကောင်းနေသလို ကျနော်ယူဆမြင်နေတာ ပူတင်က နောက်မဆုတ်ဘူး ယူကရိန်းကို အရသိမ်းမယ်ဆို  လူသိပ်မရှိတဲ့ မြို့တမြို့လောက်ကို နူတလုံးလောက် ပစ်ပြလိမ့်မယ် ဒါမှ သိမ်းပြီးသားနဲ့ အနောက်အုပ်စုပါ ခြိမ်းခြောက်ပြိးသားဖြစ်မယ် မဟုတ် သူခံနေရ စစ်ပွဲကြာရှည်မှာပဲ  ဒီလိုဆိုမေးစရာရှိတယ် ပစ်ရင် အနောက်အုပ်စု ဘာလုပ်မလဲဆို မလုပ်ဘူး သူတို့မပစ်မခြင်း တားဆီးမယ် စိုးရိမ်မယ်နဲ့ သမရိုးကျစစ်လောက်နဲ့ပဲ ဟန့်တားမယ်  ဒီအတွက် ဘယ်နေရာပစ်မလဲဆို နူစက်ရုံတွေ ရှိတဲ့နေရာလို့ပဲထင်တယ် ဒါကြောင့်ဟိုနေ့က အဲ့ကိုပစ်တာ ကံကောင်းလို့ ဘာမှမဖြစ်တာပဲ အကြောင်းက ပူတင်ကို ခြိမ်းခြောက်အာခံနိုင်တဲ့ ဒီစက်ရုံတွေကို တခါတည်း ဖျက်ပြီးသားနဲ့ သူ့အလိုကျ အစိုးရတင်မြောက်နိုင်ဖို့ ယူကရိန်းကို သိမ်းဖို့ဆို နူပစ်ရင်ပစ် မပစ်ရင် နူစက်ရုံတွေ လှမ်းထုပဲ  အစက အဲ့စက်ရုံတွေကို ခြိမ်းခြောက်ရုံပစ်ပြပြီး ပိုကြီးမားကျယ်ပြန့်မစိုးလို့ အခြားနေရာ ပစ်မယ်ထင်ရပေမယ့် နူပစ် သိမ်းပိုက် စစ်ရေးကူနေတဲ့ အနောက်အုပ်စုကို ခြိမ်းခြောက်ဟန့်တားဖို့ဆို ထိုနေရာကို ပစ်ပြီး ပူတင်ထဟီးရိုးလုပ်မယ် ထင်ပါတယ်  ဒီတော့ ဒီပွဲ ယူကရိန်းရှုံးရင် အနောက်အုပ်စု ဒီမိူစနစ်က ကွန်မြူ

​NUG ခေါင်းဆောင်တွေကို စစ်ကောင်စီက နိုင်ငံသားအဖြစ်က ရပ်စဲ

Image
စစ်ကောင်စီဘက်က မတ်လ ၄ ရက်နေ့ ထုတ်ပြန်ချက်တစ်ခုမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ထဲက ခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာဇော်ဝေစိုး၊ ဦးရည်မွန်၊ ဦးလွင်ကိုလတ်၊ ဦးအောင်မျိုးမင်း၊ ဒေါက်တာဆာဆာ၊ ဒေါ်ဇင်မာအောင်တို့အပါအဝင် ၈ ဦးနဲ့ ဦးမင်းကိုနိုင်၊ ဦးမျိုးရန်နောင်သိမ်းနဲ့ မအိပန်ဆယ်လိုတို့ကို နိုင်ငံသားအဖြစ်က ရပ်စဲကြောင်း ကြေညာပါတယ်။ NUG ရဲ့လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကတော့ ဒီလိုလုပ်တာဟာ စစ်ကောင်စီအပါအဝင် စစ်အစိုးရအဆက်ဆက်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေကို စွပ်စွဲလုပ်ဆောင်လေ့ရှိတဲ့ လုပ်ထုံးလုပ်နည်းတစ်ခုသာ ဖြစ်ပြီး စစ်ကောင်စီက ကြေညာတာဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်မရှိသလို တရားဝင်မှာလည်း မဟုတ်ဘူးလို့ ဘီဘီစီကို ပြောပါတယ်။ ဘီဘီစီမြန်မာပိုင်း ဟာသကွာ ။  ငါတို့ကို နိုင်ငံသားအဖြစ်ကနေရပ်စဲပါသည်တဲ့။  မင်းတို့နိုင်ငံသားဖြစ်ခွင့်ပေးမှ နိုင်ငံသားဖြစ်မှာကျနေတာပဲ ။ နိုင်ငံသားဖြစ်ခြင်းဆိုတာ နှလုံးသား နဲ့ ဆိုင်တယ် ၊ ခံယူချက်နဲ့ဆိုင်တယ်။  ငါဘယ်နိုင်ငံရောက်နေနေ ငါ့အတွေး၊ ငါ့ဝိဉာဏ် ၊ ငါ့နှလုံးသားရှိရာအရပ်ဟာ ငါ့အမိနိုင်ငံတော်ပဲ။ ငါတို့က အသွေးအသားအားဖြင့် မြန်မာ ၊ ဝိဉာဉ်အားဖြင့် မြန်မာ ၊ နှလုံးသားအားဖြင့် မြန်

🗣 အော်ဟစ်ကြသူများ 🗣

Image
​ ဒါက ထုံးစံပါ။ ကမ္ဘာအရပ်ရပ်က နိုင်ငံသားတွေက အစိုးရကို သံသယနဲ့ ဝေဖန်မှုတွေ လုပ်လေ့ရှိကြတာပဲ..။ မြန်မာပြည်က မောင်နှမတွေရော NUG အစိုးရကို ဝေဖန် ဘာညာလုပ်ကြတာတွေ့ရတာ အမှန်တော့ ဝမ်းသာစရာပါ။ ကျုပ်တို့ မြန်မာတွေ ပါးစပ် ပိတ်လာရတာ အနှစ် ၆၀ကျော်ပြီလေ..။ အခုမှ ကျုပ်တို့ လူလို သူလို အစိုးရကို ဝေဖန်တာတို့ ဘာတို့..။ အဲ… ဆဲတာတို့…။ 🗣 ဒါ..မြန်မာပြည်မှာမှ မဟုတ်ပါဘူး၊ ဒီနေ့ခေတ်မှာ ကမ္ဘာတစ်ဝှမ်းက ပြည်သူတွေဟာ သူတို့အစိုးရတွေကို ပိုပြီးဝေဖန်လာကြတယ်။ အခုခေတ် မျိုးဆက်သစ်တွေက နိုင်ငံရေး ပါတီတွေကို စိတ်ပျက်ကြတယ်။ နိုင်ငံရေး အဖွဲ့အစည်းတွေ အပေါ် ယုံကြည်မှု နည်းပါးလာကြတယ်။ဒါကလည်းအကြောင်းရှိတယ်တဲ့။ ‘ လူမှုရေး ခေတ်မှီတိုးတက်လာတာနဲ့အမျှ၊ နိုင်ငံသားတွေကျွမ်းကျင်မှုတိုးတက်လာနဲ့ အမျှ၊ သူတို့ရဲ့ မျှော်လင့်ချက်တွေက မြင့်တက်လာတယ်..’ ‘မျှော်လင့်ချက်တွေဖြစ်မလာတာကြောင့် အာဏာပိုင်တွေ အပေါ် ကြည်ညိုမှု လျော့နည်းသွားတာဖြစ်တယ်’..လို့ The Civic Culture Transformed စာအုပ်ကပြောတယ်..။ 🗣 လေ့လာသူတွေ တွေ့ရှိချက်အရ —  အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ  ဒေါ်နယ်ထရမ့် အနိုင်ရရှိမှု ဟာ ကမ္ဘာကြီးရဲ့ political culture ကို တမျိုးတဖုံပြောင်းလဲစေတ

နျူကလီးယားစက်ရုံ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်း

​ ယူကရိန်းမှာ တည်ရှိတဲ့ ဥရောပရဲ့အကြီးဆုံး နျူကလီးယားစက်ရုံ ရုရှားရဲ့တိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်း ------------- ကိဗ်၊ မတ် ၄ ယူကရိန်းမှာ တည်ရှိတဲ့ ဥရောပရဲ့အကြီးဆုံး Zaporizhzhia နျူကလီးယားစက်ရုံဟာ ရုရှားစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဒီနေ့ မတ်လ ၄ ရက်မနက်ပိုင်းမှာ မီးလောင်ကျွမ်းနေပါတယ်။ ဒီနေ့မနက်ပိုင်းမှာ ရုရှားစစ်တပ်ရဲ့ ပစ်ခတ်မှုကြောင့် မီးလောင်ကျွမ်းရတာဖြစ်ကြောင်း အီနာဂိုဒါရဲ့ မြို့တော်ဝန် ဒီမီထရို အော်လဗ်က အတည်ပြုပြောကြားလာပါတယ်။ ယူကရိန်းမှာ နျူကလီးယားဓာတ်ပေါင်းဖို ၁၅ ခုရှိပြီး ၆ ခုဟာ အဆိုပါစက်ရုံမှာရှိနေပြီး တကယ်လို့သာ အခုစက်ရုံကနေ ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ပွားလာခဲ့မယ်ဆိုရင် မျိုးဆက် ၃ ဆက်လောက်အထိ ရင်ဆိုင်ရနိုင်တဲ့ ဓာတ်ရောင်ခြည်သင့်ဘေးအန္တရာယ်ကို ကြုံတွေ့ရနိုင်မယ့်အပေါ် စိုးရိမ်မှုတွေရှိနေကြပါတယ်။ Twitter >>> https://twitter.com/MercuryMedia21 Telegram >>> https://t.me/mercurymedia #Mercury_Media #Mercury_International_News #နျူကလီးယား  #ရုရှား #ယူကရိန်း ရုရှရဲ့ ဗုံးတလုံး ယူကရိမ်းရဲ့ ဥရောပမှာ အကြီးဆုံး ညူကလီးယား လျပ်စစ်စက်ရုံကို လာထိတယ်။  ကံကောင်းချင်တော့ စက်

ရုရှားနှင့် ယူကရိန်းကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေး

Image
​ ဒေသစံတော်ချိန် မတ်လ ၃ ရက်နေ့ ည၈နာရီခွဲခန့်တွင် ရုရှားနှင့် ယူကရိန်းကြား ဒုတိယအကြိမ် ဆွေးနွေးပွဲ ပြီးဆုံးခဲ့ပြီး ယာယီအပစ်အခတ်ရပ်စဲရေးနှင့် လူသားချင်းစာနာထောက်ထားရေးလမ်းကြောင်း ထူထောင်ရေးနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက သဘောတူညီမှု ရရှိခဲ့သည်။  ယူကရိန်းဘက်ကမူ စေ့စပ်ညှိနှိုင်းမှု၏ မျှော်မှန်းရလဒ်ကို မရရှိခဲ့ဟု ပြောကြားခဲ့သည်။ ရုရှားနှင့် ယူကရိန်းတို့သည် တတိယအကြိမ် ဆွေးနွေးပွဲကို အမြန်ဆုံးကျင်းပရန် သဘောတူညီခဲ့ကြသည်။ CRI Myanmar