မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ
နားကားပါပြီ ___________ UN Human Rights Council မြန်မာ့အရေး ကုလလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် ကန့်ကွက်သူမရှိ အတည်ပြု VOA Burmese မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်ကနေ မြန်မာအရပ်သား အစိုးရကို ဖြုတ်ချတဲ့အပေါ် အပြင်းအထန်ရှုတ်ချထားတဲ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက်မူကြမ်းကို ကန့်ကွက်သူမရှိ၊ မဲမခွဲဘဲ လူ့အခွင့်အရေးကောင်စီကနေ တညီတည်း ဆုံးဖြတ်အတည်ပြုလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ အရေးပေါ်အခြေအနေကြေညာပြီး လွှတ်တော်ကို ပယ်ဖျက်တာ၊ သမ္မတဦးဝင်းမြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရခေါင်းဆောင်ပိုင်းတွေ၊ နိုင်ငံရေးသမားတွေ သတင်းသမားတွေ အရပ်ဘက်လူမှုအဖွဲ့အစည်းအသီးသီးက ပုဂ္ဂိုလ်တွေကို မတရားဖမ်းဆီးတဲ့အပေါ်မှာလည်း ကုလလူ့အခွင့်အရေးကောင်စီက အပြင်းအထန် ကန့်ကွက် ရှုတ်ချထားပါတယ်။ လက်ရှိကျင်းပနေတဲ့ ၄၆ ကြိမ်မြောက်ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အစည်းအဝေးမှာ ကမ္ဘာအရပ်ရပ်က လူ့အခွင့်အရေးအခြေအနေတွေကို အလေးထားဆွေးနွေးနေကြတာမှာ မြန်မာပြည်အရေးကိစ္စကလည်း အဓိက ဆွေးနွေးစရာအကြောင်းတခုဖြစ်ခဲ့ပါတယ်။ အဆိုမူကြမ်းတင်သွင်းတဲ့ EU ဥရောပသမဂ္ဂရဲ႕ကုလကိုုယ်စားလှယ်က မြန်မာ့လူ့အခွင့်အ...