Posts

Showing posts from June 21, 2024

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

Image
အာဏာသိမ်း စစ်အုပ်စုက ဆရာတော်အား ပစ်ခတ်သတ်ဖြတ်မှု ဝန်မခံသေးဘဲ ဆက်လက် စုံစမ်းဦးမယ်လို့ဆို၊ MFP ၊ ဇွန်-၂၁ မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ ဇွန်(၁၉)ရက် မနက်ပိုင်းက နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင်(ငြိမ်း)၊ ပဲခူးမြို့၊ ဝင်းနိမ္မတာရုံကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ လိုက်ပါ လာတဲ့ မော်တော်ကားကို ဖောကားပေါ်နေ ဝိုင်းဝန်း ပစ်ခတ် သတ်ဖြတ်ခဲ့သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန်မြို့နယ် ပြည်သူ့စစ်ခေါ် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ မန္တလေးနန်းတွင်းမှာ အခြေပြုတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် - လပခ လက်အောက်ခံ အမှတ်(၂) အင်အားပြန်လည် ဖြည့်တင်းရေးတပ် (အပတ-၂-ကျောက်ဆည်တပ်နယ်)က ဗိုလ်မှူးအဆင့် မိုးမင်းဦးဟာ စစ်အာဏာသိမ်းစ ကတည်းက ငါန်းဇွန်နယ်ထဲ ရောက်ရှိလာကာ ဒေသတွင်း လူသတ်၊ လုယက်၊ အကြမ်းဖက်မှုတွေမှာ ဦးဆောင်နေသူ ဖြစ်တယ်လို့ ဆိုပါတယ်။ ဇွန်(၁၉)ရက်က အဲ့ဒီ ဗိုလ်မှူးမိုးမင်းဦး ဦးဆောင်တဲ့ စစ်အုပ်စု အင်အား(၁၄)ယောက်၊ ငါန်းဇွန်မြို့နယ် ပျူခေါင်းဆောင် မျိုးမင်