Posts

Showing posts from March 7, 2021

ဂျိုးဘိုင်ဒန်ကို စစ်ရေးအရကူညီပေးပါလို့ ဝိုင်း လက်မှတ်ထိုး တောင်းဆိုတာပါဝင်ကြပါ၊ 🙏

Image
ဒီ လက်မှတ်ထိုးတောင်းဆိုတဲ့လှုပ်ရှားမှုဟာ နွေဦးတော်လှန်ရေးကို အောင်မြင်စေချင်သူတွေ ပူးပေါင်းလုပ်ဆောင်ထားတာ ဖြစ်ပါတယ်.. မြန်မာပြည်သူတွေက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို စစ်ရေးအရကူညီပေးပါလို့ ဝိုင်း လက်မှတ်ထိုး တောင်းဆိုတာ ဖြစ်ပါတယ်.. နာမည် (အပြည့်အစုံမဟုတ်လည်း ရ)၊ မှတ်ပုံတင်ရဲ့ နောက်ဆုံးနံပါတ်လေးလုံးဖြည့်ပြီး လက်မှတ်ထိုးရုံပါပဲ.. တခြားကိုယ်ရေးအချက်အလက် မတောင်းပါ.. Clack here.... https://nwayootawlhanyay.com #SaveMyanmar #MilitaryActionToMyanmar

ရွှေပြည်သာမြို့နယ်လူ၂၀၀ထပ်မနည်း ဖမ်းသွားပါတယ်

7.3.2021 (6:20PM) ရွှေပြည်သာ ချစ်ကောင်းမှတ်တိုင် ရွှေလာဘ် စားသောက်ဆိုင်မှာ  စစ်သားနဲ့ ရဲများက ဆိုင်ထဲရှိသမျှ အစားအသောက်များ ယူသွားပြီး ဆိုင်ပိုင်ရှင်ဦးလေးကိုလဲ ပစ်ပြီးဖမ်သွားပါတယ် ဗိုက်ပေါက်သွားသည်ဟု သိရ 😠😠😠😠😠 ပြည်သူပေးတဲ့လစာစားပီး ပြည်သူကို အနိုင်ကျင့် ဒီစောက်ချိုးမျိုးနဲ့ မင်းတို့ကိုပြည်သူမယုံတာမဆန်းပါဘူး စားသောက်ဆိုင်ကိုအကြမ်းဖက် ဝင်ရောက်စားသောက်တယ်  ပြီးတော့လူကိုနှိပ်စက်တယ် ဆိုင်ကိုဖျက်ဆီးတယ် မင်းတို့ကို  ဘယ်တော့မှ ကမ္ဘာမကြေဘူး မင်းတို့ကိုဘယ်တော့မှ အရှုံးမပေးဘူး ဒို့လိုချင်တဲ့ပန်းတိုင်ရောက်အောင်သွားမယ် 👈👈👈👈👈👈👈 #CreditVideo  နန်းဇော်ဦး

CDM မှာပါဝင်သည့် ရဲ၊ စစ်သားနှင့် ဝန်ထမ်း များကို ကေအန်ယူက ခိုလှုံခွင့်ပေးမည်

 DVB | 7 March, 2021 အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့   ရဲ၊ စစ်သားတွေ အပါအဝင်   နိုင်ငံ့ဝန်ထမ်းတွေ  အန္တရာယ်ရှိရင် ခိုလှုံနိုင်အောင် ကူညီပေးဖို့ အသင့်ရှိတယ်လို့  ကရင်အမျိုးသားအစည်းအရုံး (KNU)အထွေထွေအတွင်း ရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။ မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ဆက်လက်ဖြစ်ပွားနေသလို စစ်အာဏာရှင်ရဲ့ ကျွန်အဖြစ် အလုပ်ခိုင်းစေမခံလိုတဲ့ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေကလည်း အာဏာဖီဆန် CDM လုပ်ဆောင်နေကြရာမှာ  ရဲတပ်ဖွဲ့ဝင်တွေလည်း တနေ့တခြားပိုမို ပူးပေါင်းပါဝင်လာနေကြတာပါ။ တဖက်မှာ အာဏာသိမ်းစစ်ကောင်စီကလည်း  CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဖိအားပေးတာ ၊ ရဲနဲ့စစ်တပ်က လိုက်လံဖမ်းဆီးနေတာ၊  တရားစွဲထောင်ချတာတွေလည်း ရှိနေတဲ့ အတွက် CDM ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။  CRPH ရဲ့    နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးထင်လင်းအောင်ကလည်း “CDM မှာပါဝင်တဲ့   ရဲနဲ့  စစ်သားတွေ အန္တရာယ်ရှိတယ်ထင်ရင် နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေထံ သွားရောက်ခိုလှုံပါ ၊ အာမခံချက်အပြည့်ပေးကြောင်း သက်ဆိုင်ရာက သတင်းပို့လာတဲ့အတွက် အမြန်အကြောင်းက

ပိုက်လိုင်းတစ်လျောက် အသေးစား မီး ရှို့တာခံနိုင်ပါတယ်

Image
တရုပ်ပိုက်လိုင်းမှာ ရေနံစိမ်းပိုက်လိုင်းရယ်၊ ဂက်စ် ပိုက်လိုင်းရယ်ဆိုပြီး နှစ်ခုရှိပါတယ်။ရေနံစိမ်းပိုက်လိုင်းကတော့ ပြည်ပကဝယ်လာတဲ့ ရေနံစိမ်းကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ရေနံချက်စက်ရုံဆီပို့တာပါ။ ဂက်စ် ပိုက်လိုင်းကတော့ LNG carrier ကနေသယ်လာတဲ့ သဘာဝဓါတ်ငွေ့အရည်ကို တရုတ်ပြည်တွင်းမှာ ရှိတဲ့ Gas Processing Plant အထိရောက်အောင် Compressor စက်ကြီးတွေနဲ့ ဖိအားမြှင့်ပြီးတွန်းယူတာပါ။ ပိုက်လိုင်းတွေအကုန်လုံးဟာ API (American Petroleum Institute Standard) စံချိန်စံညွှန်းတွေအတိုင်း တည်ဆောက်ထားတာမို့ တော်ရုံတန်ရုံ မီးလောင်တာ (တောမီး)၊ ငလျင်လှုပ်တာလောက်ကို ခံနိုင်ရည်ရှိပါတယ်။ ဒါကြောင့်မို့ ပိုက်လိုင်းတစ်လျောက် ရိုးရိုးသာမန် အသေးစားမီးရှို့တာ (တာယာမီးပုံရှို့တာ၊ ဒီဇယ်လောင်းရှို့တာ) လောက်ကိုခံနိုင်ရည်ရှိပါတယ်။ အဲ့ဒါမျိုးတွေ မလုပ်ကြပါနဲ့။ 😗 ပိုက်လိုင်းတစ်လျောက် မှာ ရေနံစိမိးနဲ့ ဂက်စ် ပို့လွှတ်ရာမှာ ခန့်မှန်းခြေ မိုင်တစ်ရာ (သို့) နှစ်ရာတိုင်းမှာ ဖိအားမြှင့်တင်ရေးစက်ရုံတွေရှိပါတယ်။ ပုံမှာ Oil Pumping station တွေမှာ Booster Pumps တွေ ထိုင်ထားပြီး Gas Compressing station တွေမှာ Booster Compressor တွေ ထိုင်ထားပါတ

ညအချိန်မတော် အင်အားသုံး ပိုင်နက်ကျူး​ကျော် 😡 (လမ်းမတော်မြို့နယ်)

"ဟဟ ပါပဲ"

~~~~~ ■ ပြင်ပဆောင်းပါးရှင် မောင်သံဒိုးရဲ့ "ဟဟ ပါပဲ" အစီအစဉ်ဖြစ်ပါတယ်။ အခုတစ်ပတ်မှာတော့ " ပြည်သူ့ထမိန်" ဆိုတဲ့ ခေါင်းစဉ်နဲ့ တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ကြယ်စင်ကိုသေနတ်ထိမှန်ချိန်

ကြယ်စင်ကိုသေနတ်ထိမှန်ချိန် အကုန်ပြေးလွှား နေတာပဲတွေရချိန်ဒိုင်းကဟအသွားမှာကျည်ဝင် လာတာကို သူတို့မပစ်ပါဖူးဆိုပြီးဖင်ပိတ်ငြင်းလဲ ရာဇဝတ်ကောင်အဖြစ်ကမလွတ်ပါဖူး မအလ

ဝန်ထမ်းချေးငွေ၂လစာပြန်ပေးရန်မလို

Image

တာမွေအခြေအနေဆိုး

Image
၇၀ဝကျော်လောက်ဝိုင်းထားပါတယ် တပ်မ(၇၇)ချစရာလိုလား

အနောက်ပိုင်းဆေးရုံနားကလမ်းတိုင်းဝင်ပစ်

ကြည့်မြင်တိုင် အနောက်ပိုင်းဆေးရုံအနီး သီတာရပ်ကွက် သိန္နီလမ်း ၉:၃၀  အနောက်ပိုင်းဆေးရုံနားကလမ်းတိုင်းဝင်ပစ် ကင်းသမားတွေပါသွားတယ် ကင်းသမားတွေအတွက်ထားထားတဲ့ စားစရာတွေ အကုန်မသွားပါတယ် တော်တော်ငတ်ပြတ်နေကျတာပါ 

အနောက်ပိုင်းဆေးရုံဝန်းအတွင်းပစ်ခတ်

စစ်တပ်အသိုင်းအဝိုင်း၏အိမ်တစ်လုံးကို ပစ်ခတ်၍ အော်ဆဲ

ရန်ကုန် ၁၀၈ လမ်းတွင် ယနေ့ညပိုင်း စစ်တပ်အသိုင်းအဝိုင်း၏အိမ်တစ်လုံးကို ပစ်ခတ်၍   ပစ်ခတ်ခံရသည့်အိမ်က စစ်တပ်ကို မထောက်ခံ တော့ဟု အော်ဆဲ     

ဆန္ဒပြတဲ့ကလေးကို လက်နက်ကိုင် အကြမ်းဖက်သမားများကရိုက်နှက်ဖမ်းဆီး

ရွေပြည်သာက ဆန္ဒပြတဲ့ကလေးကို လက်နက်ကိုင် အကြမ်းဖက်သမားများက လူအင်အားနဲ့ရိုက်နှက်ဖမ်းဆီး  Military terrorist violently beating the protester.(Shwe pyi thar, Yangon) #Mar7Coup #MilitaryCoupInMyanmar #WhatsHappeningInMyanmar

သမိုင်းဗဟိုလမ်းသေနတ်သံမရပ်နား

မရမ်းကုန်း(1)ရပ်ကွက်သမိုင်းဗဟိုလမ်းမှာ ယနေ့ည9:40 အသံဗုံးတွေရော  သေနတ်သံတွေ မရပ်မနား ကြားနေရ

ရဲတပ်ဖွဲ့ စည်းကမ်းထိန်းသိမ်းရေးဥပဒေကို ရုပ်သိမ်း

Image

ရန်ကင်းအုပ်ချုပ်ရေးမှူးရုံးမှာ စစ်သား တွေ စခန်းလာချ

ရန်ကုန်၊ ရန်ကင်းအုပ်ချုပ်ရေးမှူးရုံးမှာ စစ်သား အယောက် ၃၀ နီးပါး စခန်းလာချခြင်းကို ရန်ကင်းရပ်ကွက်နေသူအပေါင်း လူ ၈၀၀ ခန့်ဝန်းကျင်ခန့်ကကန့်ကွက်။ ရန်ကင်းလမ်း၂ ရပ်ကွက် လူက တဖြည်းဖြည်းများလာ၍ အခြေအနေက တင်းမာခဲ့သည်ရှိသော်လည်းပထမအဆင့် အောင်မြင်စွာညှိနိုင်းပြီးစီးကြောင်း #ရန်ကင်း (၇.၃.၂၀၂၁)" 

မန္တလေးမှာ အရိုက်ခံရတဲ့ ဒုတိယနှစ် ဆေးကျောင်းသား ကျဆုံး

မြောက်ဥက္ကလာမှာဆဲဆိုပစ်ခတ်​နေပါသည်

မြထွန်းဦးက ကနေဒါအခြေစိုက် Dickens & Madson ကို လော်ဘီလုပ်ဖို့ ငှား

Image
မြထွန်းဦးက Ari Ben-Menashe ထောင်ထားတဲ့ ကနေဒါအခြေစိုက် Dickens & Madson ကို လော်ဘီလုပ်ဖို့ ငှားလိုက်တယ် လို့ ဖတ်ရပါတယ်။ ဒေါ်လာသန်းချီပေးငှါးရတဲ့ ဒီလိုအဖွဲ့အစည်းမျိုးကို စစ်သူပုန်အဖွဲ့က ဘယ်ကရတဲ့ငွေကြေးနဲ့များ ငှားရမ်းနိူင်တာပါလိမ့်လို့ တွေးမိတယ်။ တဆက်တည်းမှာပဲ Dickens & Madsonဟာ ဘယ်လိုအဖွဲ့အစည်းမျိုးလဲ၊ Ari Ben-Menasheဟာ ဘယ် လို လူလဲ သိချင်လို့ လက်လှမ်းမီရာ ဖတ်ကြည့်မိတယ်။ သေချာတာက Dickens & Madsonဟာ နာမည်ဆိုးနဲ့ ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်ဆိုတာပဲ။ ဧပြီ ၂ဝ၁၉ တုန်းက ဆူဒန်မှာ အာဏာရှင်သမ္မတ Omar Al-Bashir ပြုတ်ကျခဲ့အပြီး TMC- Transitional Military Council အနေနဲ့ စစ်တပ် က ယာယီအာဏာထိန်းသိမ်းထားစဉ် မေလ ၂ဝ၁၉ မြာ ဆူဒန် ဒုတိယဗိုလ်ချုပ်ကြီး Dagalo (Hemeti)က Dickens & Madson ကို လော်ဘီလုပ်ဖို့ ငှားရမ်းဖူးခဲ့တယ်။ အမေရိကန်ဒေါ်လာ ၆သန်းပေးခဲ့ရတ့ဲ အဲဒီငှားရမ်းမှှုမှာ လုပ်ငန်းသဘောအရ စစ်တပ်ရဲ့ကျဆင်းနေတဲ့ ပုံရိပ် ကို နိူင််ငံတကာမှာ ပြန်ဆယ်ပေးဖို့၊ နိူင်ငံတကာ မီဒီယာတွေမှာ ကောင်းသတင်းရအောင် မီဒီယာနဲ့ ပြန်တိုက်ပေးဖို့၊ လော်ပေးဖို့တွေ စာချုပ်ရေးထိုးခဲ့ကြတယ်။  အဲတာအပြင် စာချုပ်ထဲမှာ လစ်ဗျားခေါ

ရွှေပြည်သာမှာဆန္ဒပြသူရာနဲ့ချီပြီးအိမ်တွေထဲအထိဝင်ဖမ်းခံရ

ရွှေပြည်သာထန်းခြောက်ပင်ဖက်ကနေ ရန်ကြီးအောင်ဘက်ကိုတစ်စုကျူချောင်ဘက်ကနေပတ်ပီး ရန်ကြီးအောင်ဘက်ကိုတစ်စု  ညှပ်ပြီးဖမ်းနေပါတယ် ချစ်ကောင်းဘက်မှာ လူငယ်တွေကို အိမ်ထဲထိဝင်ဆွဲပါတယ် ရဲတွေ အတော်ယုတ်မာနေပါတယ် ရာဘာကျည်ထိထားသူလဲထိထားပါတယ်မိန်းကလေးအယောက်တရာကျော်အဖမ်းခံရပါတယ်၊

ငြိမ်းချမ်းစွာဆန္ဒပြသူများအားအကြမ်းဖက်သည့်ရုပ်သံ

မအလနှင့်နောက်လိုက်စစ်ခွေး၏ပြည်သူ အပေါ်ရက်စက်ယုတ်မာမှုများကိုကမ္ဘာသိ အောင်ချပြရပါမည်။

ဇော်မဲလုံးရဲ့ ဇနီးနဲ့ သမီး ဇာတိ မကွေးတိုင်း ပေါက်မြို့ကို တိမ်းရှောင်လာကြောင်း သိရ

Image
ဇော်မဲလုံးရဲ့ ဇနီး နာမည်မှာ မသင်းသင်းအောင် ဖြစ်ပြီးကျန်းမာရေးအငြိမ်းစားဝန်ထမ်း ဦးသန်းအောင်ရဲ့ သမီးဖြစ်ကြောင်းသိရပါသည်။ ပေါက်မြို အောင်တော်မူရပ်ကွက်မှာ နေထိုင်ကြောင်းသိရပါသည်။သင်းသင်းအောင်နဲ့ မြင့်မြင့်အောင်ဆိုပြီး ညီအစ်မနှစ်ရှိတာဖြစ်ပြီး မြင့်မြင့်အောင်က အစ်မအပျိုကြီးလို့ သိရ။  လဝက ဝန်ထမ်းဖြစ်ပြီးသင်းသင်းအောင်မှာ  ယခင်ကသူနာပြုတယောက်ပါ။ ယနေ့မနက်မှာ ဇော်မဲလုံးရဲ့ ဇနီးနဲ့ သမီးဖြစ်သူ ပေါက်မြို့ကို တိမ်းရှောင်လာကြောင်း သိရတဲ့အတွက်ဒေသခံများ လုပ်သင့်တာကို လုပ်ကြပါ။ ရဲဇော်  🇱🇷 

ပန်ဘဲးတန်းမှကျဆုံးသွားတဲ့ဦးခင်မောင်လတ်

Image
"ပန်းဘဲတန်းမှာ မနေ့ညက(၅/၀၃/၂၀၂၁)နေ့ကဖမ်းခံရသူ ကျဆုံးရှာပြီ" မနေ့ညက ပန်းဘဲတန်းမြို့နယ် လမ်း ၃၀ အလယ်ဘလောက်ကို အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ အကြမ်းဖက်လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးတာခံလိုက်ရတဲ့ ဦးခင်မောင်လတ် (NLD ၇ရပ်ကွက် ဥက္ကဌ) ညတွင်းချင်းဆုံးသွားပြီလို့ ပြည်သူ့လွှတ်တော်အမတ် ဦးစည်သူမောင်က ဆိုပါတယ်။ သတ်ဖြတ်ခံလိုက်ရတဲ့ ဦးခင်မောင်လတ်ရဲ့ရုပ်အလောင်းကို မင်္ဂလာဒုံစစ်ဆေးရုံမှာ သွားရောက်ထုတ်ယူနေပြီး အစ္စလာမ်ထုံးတမ်းနဲ့အညီ ဈာပနပြုလုပ်ဖို့ မြို့ခံပြည်သူတွေက ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။ Credit- ကမာရွတ်မီဒီယာ။ 😔😔😔

အလှူရှင်များပီတိဖြစ်စရာမြင်ကွင်းတစ်ခု🙏

Image
Photo credit👉 Mai Nyan Jarr Tun(Facebook)

လက်နက်ကိုင်အဖွဲအစည်းတွင်အမိန့်မနာ ခံလျှင်ပြစ်မှုမြောက်ပါသည်။

Image
🔺လက်နက်ကိုင်အဖွဲ့အစည်းတွေမှာ အမိန့် မနာခံတာနဲ့တင် ပြစ်မှု့မြောက်။ အရပ်သားဥပဒေနဲ့မတူ။ ဒါကြောင့် စစ်သား၊ ရဲ တို့ဆိုတာ CDM လုပ်မရ။ တပ်ပြေး ၊ ရဲပြေးဘဲ လုပ်လို့ရ။ Reference @meemeetofu https://www.facebook.com/100000302823760/posts/4073673745986013/?d=n