CDM မှာပါဝင်သည့် ရဲ၊ စစ်သားနှင့် ဝန်ထမ်း များကို ကေအန်ယူက ခိုလှုံခွင့်ပေးမည်

 DVB | 7 March, 2021
အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့   ရဲ၊ စစ်သားတွေ အပါအဝင်   နိုင်ငံ့ဝန်ထမ်းတွေ  အန္တရာယ်ရှိရင် ခိုလှုံနိုင်အောင် ကူညီပေးဖို့ အသင့်ရှိတယ်လို့  ကရင်အမျိုးသားအစည်းအရုံး (KNU)အထွေထွေအတွင်း
ရေးမှူးချုပ် ပဒိုစောတာဒိုမူးက ပြောပါတယ်။

မြန်မာနိုင်ငံတဝန်းမှာ အာဏာသိမ်းစစ်အုပ်စုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ အရှိန်အဟုန်နဲ့ဆက်လက်ဖြစ်ပွားနေသလို စစ်အာဏာရှင်ရဲ့ ကျွန်အဖြစ် အလုပ်ခိုင်းစေမခံလိုတဲ့ ဝန်ကြီးဌာနပေါင်းစုံက ဝန်ထမ်းတွေကလည်း အာဏာဖီဆန် CDM လုပ်ဆောင်နေကြရာမှာ  ရဲတပ်ဖွဲ့ဝင်တွေလည်း တနေ့တခြားပိုမို ပူးပေါင်းပါဝင်လာနေကြတာပါ။

တဖက်မှာ အာဏာသိမ်းစစ်ကောင်စီကလည်း  CDM လုပ်တဲ့ ဝန်ထမ်းတွေကို ဖိအားပေးတာ ၊ ရဲနဲ့စစ်တပ်က လိုက်လံဖမ်းဆီးနေတာ၊  တရားစွဲထောင်ချတာတွေလည်း ရှိနေတဲ့ အတွက် CDM ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့လိုအပ်နေတာဖြစ်ပါတယ်။ 

CRPH ရဲ့    နိုင်ငံတကာဆက်ဆံရေးတာဝန်ခံ ဦးထင်လင်းအောင်ကလည်း “CDM မှာပါဝင်တဲ့   ရဲနဲ့  စစ်သားတွေ အန္တရာယ်ရှိတယ်ထင်ရင် နီးစပ်ရာ တိုင်းရင်းသား လက်နက်ကိုင်တွေထံ သွားရောက်ခိုလှုံပါ ၊ အာမခံချက်အပြည့်ပေးကြောင်း သက်ဆိုင်ရာက သတင်းပို့လာတဲ့အတွက် အမြန်အကြောင်းကြား အပ်ပါတယ်၊ လုံခြုံရေးအတွက် အပြည့် တာဝန်ယူပါတယ်” လို့   သူ့ရဲ့   လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်မှာ မတ် ရ ရက်နေ့က  ရေးသားထားပါတယ်။

CDM ဝန်ထမ်းတွေကို ခိုလှုံခွင့်ပေးဖို့ကိစ္စနဲ့ ပတ်သက်ပြီး ကေအန်ယူနဲ့ CRPHရဲ့  ကုလသမဂ္ဂကိုယ်စားလှယ် ဒေါက်တာဆာဆာနဲ့ တွေ့ဆုံစဉ်က    သီးခြားဆွေးနွေးခဲ့တာ  မရှိပေမယ့်   KNU အနေနဲ့  CDM ကို  ထောက်ခံတာကြောင့်    CDM လုပ်တဲ့  ဝန်ထမ်းတွေကို  ကူညီပေးနိုင်တယ်လို့  ပြောပါတယ်။

Comments

Popular posts from this blog

​ကြံဖွတ်နဲ့အပေါင်းအပါတွေ... ငါးရာတန် သုံးရာတန်ထမင်းဆိုင်တွေဖွင့်

ဩစီနိုင်ငံ မြန်မာစစ်သံရုံးရှေ့တွင်သံကြိုးခတ်ပိတ်ဆို့မှုဖြစ်ပွါး

မြင်းခြံတွင် သားဖြစ်သူစစ်ဗိုလ်အရှိန်အဝါသုံး၍ လက်နက်ကိုင်ခြိမ်းခြောက်နေသည့် ပျုခေါင်းဆောင် အသတ်ခံရ

ဝ တ်မှုံရွှေရည်ကို Social Punishmentလုပ် ရတဲ့အကြောင်းရင်း

ကျွန်တော်တို့အလုပ်တွေတောင် လကုန်ကျရင် ပြုတ်မလားဘုရားတနေရပြီ

ဒေါ်အိသင်ဇာမောင် အား အမေရိကန်မှ ဆု ချီးမြှင့် ************************************

ဒုတိယ ဂဠုန်ဦးစောနဲ့ ဒေါ်အောင်ဆန်းစုကြည်