Posts

Showing posts from April 6, 2022

အလုံမြို့နယ်တွင် စစ်ကောင်စီတပ်က အသက် ၄ နှစ်အရွယ် ကလေးငယ်ကို မူကြိုကျောင်းအတွင်း ဝင်ရောက် ဖမ်းဆီး

​ ဘာလဲဟ... ခလေးတွေ ကစိတ်ဒဏ်ရ သွားပီ နင်တို့ဒီ အပြစ်က လွတ်မယ်ထင်လား.... ပြည်သူ့ မေတ္တာ စူး...ပါစေ... မြန်မြန်စူးပါစေ ------------------------------- ရန်ကုန်တိုင်း၊ အလုံမြို့နယ်၌ အသက် လေးနှစ်ဝန်းကျင် အရွယ် ကလေးငယ်ကို ယမန်နေ့  ဧပြီလ ၅ ရက် ညနေပိုင်းတွင်  စစ်ကောင်စီတပ််က မူကြိုအတွင်း ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဒေသခံများက  မဇ္စျ်ိမကို ပြောသည်။  အလုံမြို့နယ်၊ ဆင်မင်းရပ်ကွက်၊ စက်တွင်းလမ်းအတွင်း ဖွင့်လှစ်ထားသည့် BC အမည်ရှိ မူကြိုကို DC တစ်စီး၊ အိမ်စီးကားတစ်စီး၊ ရဲကားတစ်စီးနှင့်  အရပ်ဝတ်များ ရဲယူနီဖောင်းများဖြင့် လာရောက်ကာ ကလေးငယ်ကို ဖမ်းဆီးသွားကြောင်း သိရသည်။  “ကလေးရဲ့ အဖေနဲ့ အမေကို  PDF ထောက်ပံ့သူတွေဆိုပြီး  စစ်တပ်က လိုချင်နေတာ။ သူတို့က တိမ်းရှောင်ပြီး နေရတော့ သူတို့ ကလေးက အဖိုးနဲ့ သွားနေနေတာ။ မနေ့က ညနေ ၃ နာရီ ၁၅ မိနစ်လောက်မှာ အဲ့ဒီကလေးတက်နေတဲ့  စက်တွင်းလမ်းထဲက  BC  ဆိုတဲ့ မူကြိုကို အရပ်ဝတ်တွေနဲ့ ရောက်လာပြီး အဲ့ဒီ ကလေးငယ်လေးကို ဖမ်းသွားတယ်။ လာတဲ့အထဲမှာ စစ်ကောင်စီက ခန့်ထားတဲ့ ဆင်မင်းရပ်ကွက် အုပ်ချုပ်ရေးမှူးလည်း ပါတယ်။ ကြားရသလောက် ဝင်ဖမ်းတဲ့ အချိန် ကလေးတွေ အကုန်လုံးနဲ့ ဆရာမကို ဒူးထောက်ခိုင်းပြီ