Posts

Showing posts from March 14, 2021

တရုတ် နိုင်ငံသား အပြည့်အဝပိုင် ပြည်ပ ကုမ္ပဏီစာရင်း

Image
ရန်ကုန်မှာ အခြေစိုက်တဲ့ တရုတ် နိုင်ငံသား အပြည့်အဝပိုင်  ပြည်ပ ကုမ္ပဏီစာရင်းကို ရသလောက် စုပေးထားပါတယ်။ လိုအပ်သလို ဆက်လက် ဆောင်ရွက် နိုင်ကြပါတယ်။ ◾ လှိုင်သာယာ 🇨🇳 CHINA JIANGSU SANHE GROUP MYANMAR SHOES COMPANY LIMITED မြေကွက် အမှတ် ၁၇၉၊ စက်မှုဇုန် အမှတ် ၂၊ လှိုင်သာယာမြို့နယ်။ 🇨🇳 P & S UNION GROUP CO.,LTD (CHINA) အမှတ် ၃၉၆၊ မြေကွက် အမှတ် ရလပ-၂၅၊ ရွှေလင်ပန်း စက်မှုဇုန်၊ လှိုင်သာယာမြို့နယ်။ 🇨🇳 ENJOY FASHION COMPANY LIMITED (CHINESE) မြေကွက် အမှတ် ၁၀၁၊ ၁၄ ရပ်ကွက် (ရွှေသံလွင်)၊ လှိုင်သာယာမြို့နယ်။ ◾ ရွှေပြည်သာ 🇨🇳 CHINA PALETTE GARMENT MYANMAR COMPANY LIMITED မြေကွက် အမှတ် ၁၄၂၊ မြေတိုင်းအမှတ် ၄၉၊ ဝါးတရာ စက်မှုဇုန်၊ ရွှေပြည်သာမြို့နယ်။ 🇨🇳 DA CHENG MYANMAR COMPANY LIMITED (CHINESE) မြေကွက် အမှတ် ၈၈၊ မြေတိုင်းအမှတ် ၅၁၊ စက်မှုဇုန် အိမ်ယာ၊ ရွှေပြည်သာမြို့နယ်။ ◾ ကျောက်တံတား 🇨🇳 CHINA UNICOM (MYA) OPERATIONS COMPANY LIMITED အခန်း အမှတ် ၁၇၀၆၊ ၁၇ ထပ်၊ ဆာကူရာ တာဝါ၊ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ကျောက်တံတား မြို့နယ်။ ◾ မင်္ဂလာဒုံ 🇨🇳 YANCHENG FOOTWEAR COMPANY LIMITED ( CHINA) မြေကွက် အမှတ် ၈၇၁

ကျော်ဇေယျာထွန်း ၁၇ နှစ် (ရွှေပြည်သာ)

Image
ရွှေပြည်သာ အ.ထ .က (၁ )ကျောင်းရှေ့မှာ မျက်လုံးနဲ့ပေါင်ထိပီ ကျဆုံးသွားတာပါ နာမည်က ကျော်ဇေယျာထွန်းပါ  17 နှစ်ပဲရှိသေးတဲ့ ကလေးပါ ငြိမ်းချမ်းစွာ အနားယူပါတော့ ညီလေး မင်းတာဝန်ကျေခဲ့ပြီ R.I.P....ပါသူရဲကောင်းလေး...😓  မြင်းလှည်းသမားလေးရေ စိတ်မကောင်းဘူး ညနေဘက်ဆို သူမြင်းလှည်းမောင်းသံအမြဲကြားရတယ် လမ်းထဲမှာ အမှန်တရားဘက်တော်သားများအုပ်စု

စူးစူးဝါးဝါး အော်ငိုသံများအား လစ်လျူရှု့ထားနေဆဲ ဖြစ်သည်

Image
စက်ရုံများကို မီးရှို့မှု တရုတ် ပြင်းထန်စွာ တုံ့ပြန်   မြန်မာပြည်သူများကို ကူညီပေးရန် ကုလ ပန်ကြား ••••••••••••••••••••••••• ဖခင်များ သေဆုံးခဲ့ကြရ၍ မိဘမဲ့ ကလေးများ၏ မချိတင်ကဲ စူးစူးဝါးဝါး အော်ငိုသံများအား တရုတ်က ဆက်လက် လစ်လျုရှုထားနေဆဲ ဖြစ်သည်နှင့် အမျှ တရုတ်၏ ပုံရိပ်သည် နိုင်ငံသားများ အကြား တဖြေးဖြေး ကျဆင်းလျက် ရှိနေပေသည်။ ရလဒ် အဖြစ် တနင်္ဂနွေနေ့ နေ့လည် ၁:၃၀ ခန့်တွင် တရုတ် ပိုင် အထည်ချုပ်စက်ရုံ နှစ်ရုံ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း တရုတ် ရုပ်သံ CGTN က ထုတ်လွှင့်ခဲ့သည်။ လူထုကြီးက သံတုတ်များ၊ ပုဆိန်များနှင့် ဓါတ်ဆီပုံးများ ယူလာကာ လုံခြုံရေး အစောင့်များ ကို အတင်းကျော်ဖြတ်၍ စက်ရုံ အဝင်ဝ နှင့် ဂိုဒေါင်များကို မီးတင်ရှို့ခဲ့ကြသည်ဟု ဆိုသည်။ မီးရှို့ခံရသော စက်ရုံ နှစ်ရုံ အနက် တရုံသည် တရုတ်ပိုင် ဖြစ်ပြီး ကျန်စက်ရုံ သည် တရုတ်-မြန်မာ ဖက်စပ် ပိုင် ဖြစ်သည်ဟုသိရသည်။ တရုတ်သံရုံး မှ စက်ရုံများကို တိုက်ခိုက်ခဲ့ကြသူများအား "ဥပဒေချိုးဖောက်သူများ"ဟု သုံးနှုံးလိုက်ပြီး ပြင်းထန်စွာ အရေးယူပေးရန် အာဏာပိုင် ဆိုသူများကို တိုက်တွန်းသည့် ကြေညာချက်  ထုတ်ပြန်လာ သည်ကို တွေ့ရသည်။ တရုတ်သံရုံး ပြောခွင့်ရ မှ

အမှန်တရားအတွက်မရပ်တည်နိုင်တဲ့ မိဘတွေဆီမဝင်စားပါစေနဲ့

Image
နောင်ဘဝတွေသာရှိခဲ့ရင် အမှန်တရားအတွက်မရပ်တည်နိုင်တဲ့ မိဘတွေဆီမဝင်စားပါစေနဲ့ ဒဂုံ တက္ကသိုလ် က R.I.Pပါ မိဘတွေက ဆေးရုံရောက်နေတာတောင်လာမ ကြည့်ဘူးတဲ့ မိဘတွေကစစ်တပ်ဘက်က သူကတော့အမှန်တရားဘက်ကပေါ့။မိဘကမသွားခိုင်းတာတောင် သွားလို့ လိုက်မကြည့်ဘူးတဲ့။ နွေဦးတော်လှန်ရေးအတွက် ဒဂုံတက္ကသိုလ်ကျောင်းသားတစ်ဦး အသက်ပေးလှူ။ ဒဂုံတက္ကသိုလ် ၊ မြန်မာစာ (တတိယနှစ် ၊ အဝေးသင်) မှ မောင်ဟန်ထက်အောင် (အသက် ၂၂) နှစ် သည် စစ်အာဏာရူး မင်းအောင်လှိုင် နှင့် အကြမ်းဖက်အဖွဲ့ကို အံ့တုတော်လှန်ရင်း မတ်လ ၁၄ ရက် ၊ ညနေ ပိုင်းတွင် မြောက်ဥက္ကလာတွင် ကျည်ဆန်အစစ်ထိမှန်၍ အသက်ပေးလှူသွားခဲ့ပါပြီ ။ အာဇာနည် ဟန်ထက်အောင် ငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ။ #crd

ဒီနေ့ စုစုပေါင်း ၈၃ ဦး (ရန်ကုန်)

ယနေ့ (14.3.2021)💔🥀 ရက်စက်လိုက်ကြတာ🙏😭 ရန်ကုန်တိုင်း ကျဆုံးသူစာရင်း... 🥀💔(10:20 PM) Update လှိုင်သာယာ - ၄၆ ဦး  သင်္ကန်းကျွန်း - ၂၀ ဦး ရွှေပြည်သာ - ၃ ဦး တောင်ဒဂုံ - ၃ ဦး မြောက်ဥက္ကလာ - ၂ ဦး တောင်ဥက္ကလာ - ၁ ဦး လှိုင် - ၁ ဦး အင်းစိန် - ၁ ဦး မြောက်ဒဂုံ - ၁ ဦး ကြည့်မြင်တိုင် -၄‌ ဦး တာမွေ - ၁ ဦး စုစုပေါင်း ၈၃ ဦး (ရန်ကုန်) ပစ်ခတ်နေဆဲပါတဲ့  ထပ်တိုးမများလာဖို့ ဝိုင်းဆုတောင်းပေးကျပါ☹️ တလကျော်အတွင်း တနိုင်ငံလုံး၂၀၀ခန့်စုစုပေါင်းကျဆုံး #WhatHappeningInMyanmar #online_warriors

၁၅ နှစ် သမီးလေးခေါင်းကိုတည်ပစ်(တောင်ဒဂုံမှာပါ)

Image

သဃ်န်းကျွန်း (၁၄.၃.၂၀၂၁)

US အပါအဝင် ( ၄ ) နိုင်ငံပူးပေါင်း အဖွဲ့

Image
မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုများ မြင့်တက်လာတာကြောင့် US အပါအဝင် ( ၄ ) နိုင်ငံပူးပေါင်း အဖွဲ့ #Quad_Alliance [ အမေရိကန် ၊ ဂျပန် ၊ ဩစတေလျ ၊ အိန္ဒိယ ] က မြန်မာနိုင်ငံမှာ ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ် မူလ အခြေအနေအတိုင်း ပြန်လည် တည်ဆောက်နိုင်ဖို့ ဆောင်ရွက်မယ်လို့ ဂတိ ပြု လိုက်ကြပါတယ် စင်ကာပူ TV - CNA သတင်းက ဆိုပါတယ်....💯💯

မြောက်ဒဂုံမြို့နယ် မဝတလမ်းဆုံ

ရန်ကုန်၊ မတ် ၁၄ ရက် အထွေထွေအုပ်ချုပ်ရေးမှူးရုံး အနီး မြောက်ဒဂုံမြို့နယ် မဝတလမ်းဆုံမှာ ညသပိတ် ဆင်နွှဲနေတာကို အကြမ်းဖက် ဖြိုခွင်း

ဒိုင်းလေးကာပြီးပြန်ဆွဲနေတာ

Image

လှိုင်သာယာမာရှယ်လောထုတ်

Image

စစ်သားတွေကရှို့တယ်ပြည်သူတွေကမီးငြှိမ်းရတယ်။

Image

“ခန့်ညားဟိန်း”(အ.ထ.က ၁ ဒဂုံ ကျောင်းသားဟောင်း)

Image

ဒါအောင်မြင်မှုမဟုတ်လို့ဘာလဲ

CDM တွေနှင်ထုတ်ခံနေရ

စစ်တပ်ကလှိုင်သာယာစက်ရုံတွေကို မီးရှို့

Image
ရန်ကုန် လှိုင်သာယာစက်ရုံတွေကို မီးရှို့တာ စစ်တပ်ကဖြစ်ကြောင်း ကိုယ်တိုင်ကျည်ဆံထိမှန်ခံရသူ မီးရှို့ခံစက်ရုံမှ တရုပ်လူမျိုး တစ်ဦပြောကြား။ Source. Factory Manager. .

အင်းစိန်စဥ့်ငူနဝရတ် ၄လမ်း ကိုဝဏ္ဏဌေးကျဆုံး

Image

ဒါဏ်ရာရထားသူကိုခေါ်ဆောင်သည့်ရုပ်သံ

အမှိုက်ထွက်ပစ်သူကိုဖမ်းဆီးရုပ်သံ

သုံးပွင့်တကောင်မိထားပြီ

မြောက်ဥက္ကလာမှာကျဆုံး

လှိုင်သာယာတံတားအနီးခေါင်းထိရုပ်သံ

သံဃာများပါအဖမ်းခံနေရပြီ

ပန်းခြံထဲမှာလူရာချီဖမ်းခံရ

လှိုင်မြို့နယ်ကဖိုးသားလေးကျဆုံးပြီ

Image

ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း အသိပေးထုတ်ပြန်

Image
ကြေညာချက် အမှတ် ( ၁၃/၂၀၂၁ ) မတ်လ (၁၄)ရက်၊ ၂၀၂၁ခုနှစ်။ အကြမ်းဖက်မှုကျူးလွန်ခံရလျှင် ပြည်သူများအနေဖြင့် ဥပဒေနှင့်အညီ မိမိကိုယ်ကို ကာကွယ်ခုခံပိုင်ခွင့်ရှိကြောင်း အသိပေးထုတ်ပြန်ခြင်း။ ================ အကြမ်းဖက်အုပ်စုဖြစ်သည့် တရားမဝင် အာဏာသိမ်းစစ်ကောင်စီသည် နိုင်ငံတော်အတွင်းရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ၎င်းတို့ ၏ လက်ပါးစေ အဖျက်အမှောင့်ပြုသူများကို အမိန့်ညွှန်ကြားချက်များ ထုတ်ပြန်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေကြသော ပြည်သူများ၊ ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှု (ဃငလငူ Dငျသဘနိငနညခန ဩလနာနညအ) တွင် ပါဝင်ဆောင်ရွက်နေကြသည့် နိုင်ငံ့ဝန်ထမ်းများအပေါ် အကြမ်း ဖက်သတ်ဖြတ်မှုများ၊ နေအိမ်များအတွင်း အဓမ္မဝင်ရောက် လုယက်ဖျက်စီးမှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်။ သို့ဖြစ်၍ ပြည်သူတို့၏ မွေးရာပါ လူသားအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ပိုင်ခွင့်၊ လွတ်လပ်လုံခြုံစွာ ရှင်သန်ရပ်တည်ပိုင်ခွင့်တို့ကို ကာကွယ်နိုင်ရန်အတွက်လည်းကောင်း၊ ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ်များကို ဥပဒေနှင့်အညီ ကာကွယ်ခုခံပိုင်ခွင့် ပေးအပ်ရန်အတွက်လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီသည် ဤကြေညာချက်ကို ထုတ်ပြန်လိုက်သည်