Posts

Showing posts from February 12, 2023

ကသာမြို့နယ်၊ ရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့မှု နေအိမ် ၄၀၀ ကျော် ပြာကျ၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအား လုံး ကိုပါ စစ်တပ်က မီးရှို့ဖျက်ဆီး

Image
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၃  ခေတ်သစ် စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်၊ ကျေးရွာ ၄ ရွာကို စစ်တပ်က မီးတင်ရှို့ရာ ပြည်သူပိုင် နေအိမ် ၄၀၀ ကျော် ပြာကျပျက်စီးသွားကြောင်း ကသာမြို့ခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။  ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှစတင်၍ စစ်တပ်စစ်ကြောင်းက မယ်ငိုကျေးရွာ၊ တက်တူလယ်အခင်းစု ကျေးရွာ၊ သာယာကုန်းကျေးရွာ၊ အင်းကြီးကျေးရွာ တို့ကို စစ်တပ်က မီးတင်ရှို့ခဲ့သဖြင့် အိမ်ခြေ ၄၀၀ ကျော် ပြာကျပျက်စီးသွားခြင်းဖြစ် ကြောင်း သိရှိရသည်။  "ဖေဖော်ဝါရီ ၁၁ ရက်နေ့ ညနေပိုင်းမှာ မယ်ငိုကျေးရွာမှာရှိတဲ့ အိမ်ခြေ ၅၀ ကို စစ်တပ်က မီးရှို့တယ်။ ဖေဖော်ဝါ ရီလ ၁၂ ရက်နေ့မှာ တက်တူလယ် အခင်းစု ကျေးရွာမှာရှိတဲ့ အိမ်ခြေ ၂၀ ကို စစ်တပ်က မီးရှို့တယ်။ အဲဒီနေ့မှာပဲ သာယာကုန်းကျေးရွာ အိမ်ခြေ ၃၀ ၊ အင်းကြီးတိုက်နယ်ဆေးရုံရှိတဲ့ အင်းကြီးကျေးရွာ အိမ်ခြေ ၃၀၀ ကို စစ်တပ်က မီးတင်ရှို့တယ်။ အဲဒါ စုစုပေါင်း အိမ်ခြေ ၄၀၀ ကျော် ပြာကျသွားပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။  စစ်တပ်က လှေဘိုကျေးရွာကိုလည်း မီးရှို့မည်ဟု ပြောဆိုထားပြီး ကျေးရွာများမှ ပြည်သူများအားလုံးမှာ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ကျေးရွာများကို မီးရှို့ရာတွင် ဘု

နိုင်ငံကူးလက်မှတ် လိုအပ်သူများ နေပြည်တော်ရှိ အဘကိုလိပ်မူ၍ သနားခံစာ တင်ကြရ

Image
ကီရာ မဇ္ဈိမ နိုင်ငံကူးလက်မှတ် အမြန်လိုအပ်သူများသည် နေပြည်တော် အမှတ် (၁၀)ရုံးသို့ လိပ်မူ၍ အသနားခံစာ တင်ရသည်ဟု နိုင်ငံကူးလက်မှတ် လျှောက်ထားသူများထံမှ သိရသည်။ ထိုသို့ အသနားခံစာတင်ရာတွင် နိုင်ငံကူးလက်မှတ်စာအုပ်ထုတ်ရန် စောင့်နေရသူများနှင့် နိုင်ငံကူးလက်မှတ်စာအုပ်လုပ်ရန် ၎င်းတို့သတ်မှတ်ထားသည့် QR ရရှိထားသူများသည်လည်း အသနားခံစာတင်နိုင်သည်ဟုလည်း သိရသည်။ ထို့အပြင် ကျန်းမာရေးကြောင့် ပြည်ပထွက်ရန် လိုအပ်သူများနှင့် ကျောင်းကိစ္စရပ်များကြောင့် ပြည်ပထွက်ရန် လိုအပ်သူများသည်လည်း အသနားခံစာရေး၍ နိုင်ငံကူးလက်မှတ်စာအုပ်ရရှိရန် တောင်းဆို လျှောက်ထားကြသည်ဟုလည်း သိရသည်။ အသနားခံတောင်းဆိုလွှာနှင့်ပတ်သက်၍လည်း  " အဘဥက္ကဌကြီးအား အသနားခံစာ တင်ပြအပ်ပါသည်။ ဤစာသည် ဒုတိယအကြိမ် တင်ပြခြင်းဖြစ်ပါသည်။  ပထမအကြိမ် အသနားခံစာကိုလည်း ပူးတွဲတင်ပြအပ်ပါသည်။ ကျေးဇူးပြု၍ သမီးစာအုပ်အားထုတ်ယူခွင့်ပြုရန် အဘဥက္ကဌကြီးအား လေးစားစွာဖြင့် အသနားခံတင်ပြအပ်ပါသည်"ဟု ရေးသားထားသည့် အသနားခံစာပုံစံနမူနာသည်လည်း နိုင်ငံကူးလက်မှတ်ဂရုတွင်လည်း ပျံနှံလျက်ရှိနေသည်ကိုလည်း တွေ့ရသည်။ နိုင်ငံကူးလက်မှတ်ရုံးများကို ၂၀၂၂ခု နှစ် ဒီဇင်ဘာလလယ်တွင် အကြောင်းပ

ရွှေဘို အမှတ် (၈) လေ့ကျင့်ရေးတပ် တပ်မှူးဟောင်း၊ စစ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် ပစ်သတ်ခံရ

Image
MFP ၊ ဖေဖော်ဝါရီ - ၁၂ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ပေါ်က ဘုန်းကြီးကျောင်းဝင်းအတွင်း ဖေဖော်ဝါရီ (၁၀) ရက်  ညနေပိုင်းက ရွှေဘိုမြို့ အမှတ် (၈) လေ့ကျင့်ရေးတပ် တပ်မှူးဟောင်း၊ စစ်ဗိုလ်မှူးကြီးဟောင်း တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။ သေဆုံးသူဟာ ရွှေဘိုမြို့ အမှတ်(၈) လေ့ကျင့်ရေးတပ်၊ စခတ (၈) မှာ  ၂၀၁၆-၂၀၁၇ အထိ တပ်မှူး အဖြစ် တာဝန်ယူခဲ့တဲ့ ဗိုလ်မှူးကြီး ကိုကိုကြီး(ငြိမ်း) ဆိုသူ ဖြစ်ပြီး ဘုန်းကြီးကျောင်းဝင်းထဲ ပစ်သတ်ခံရခြင်း ဖြစ်ကာ ဘယ်အဖွဲ့က ပစ်ခတ်တယ်ဆိုတာ အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။ ရွှေဘိုမြို့  အမှတ် (၄) ရပ်ကွက်နေ ဗိုလ်မှူးကြီးဟောင်း ဦးကိုကိုကြီး (၅၅) နှစ်ကို ဘုန်းကြီးကျောင်းအတွင်း ရှိနေစဉ် ဆိုင်ကယ် နှစ်စီးနဲ့ ရောက်လာသူတွေက သေနတ်နဲ့ လာရောက်ပစ်ခတ်သွားပြီး ဦးကိုကိုကြီးမှာ သေနတ်ထိမှန်ဒဏ်ရာတွေနဲ့ ပွဲချင်းပြီး သေတယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။  စစ်ဗိုလ်မှူးကြီးဟောင်း ပစ်သတ်ခံရပြီးနောက် စစ်အုပ်စုက သောင်းကျန်းလာနိုင်လို့ အများပြည်သူ အနေနဲ့  စစ်အုပ်စုနှင့် ဝေးဝေး နေကြဖို့ တော်လှန်ရေး အင်အားစုတွေ ကိုယ်စား မေတ္တာရပ်ခံကြောင်း ရွှေဘိုမြို့နယ် သတင်းအမှန

ပြင်ဦးလွင်-မိုးကုတ်လမ်းအနီး ၂၅ ကောင်မြေခ

Image
ပြင်ဦးလွင်-မိုးကုတ်လမ်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ၊ PDF ရဲဘော် ၂ ဦး ကျဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ် ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအစပ် ပြင်ဦးလွင်-မိုးကုတ်လမ်းတွင် စစ်ကောင် စီတပ်များနှင့် PDF တပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံးကြောင်း ဒေသပြည်သူများနှင့် မန္တလေး PDF ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။  ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှ စတင်၍  ပြင်ဦးလွင်- မိုးကုတ် လမ်း ဒိုပင်းကျေးရွာနှင့် လုံးခန်း ကျေးရွာ အနီးတွင် PDF တပ်များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သဖြင့် အနီးအနား ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ် းရှောင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။    မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင်မူ ဖေဖော် ဝါရီလ ၁၀ ရက်နေ့  နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သဖြင့်  တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခ

🟢 ငြိမ်းချမ်းရေး ကြိုးပမ်းမှု ကျရှုံးခဲ့တယ်လို့ ပြည်ထောင်စုနေ့မှာ စစ်ခေါင်းဆောင် ဝန်ခံ၊ နိုင်ငံအတွက် ရင်လေးတယ်လို့ ပြော

Image
လွေးထွေး၊ ရွှေဖီမြေ ဖေဖော်ဝါရီ ၁၂ ရက်၊ လားရှိုး ၂၀၂၂ ခုနှစ်မှာ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းခဲ့ပေမဲ့လည်း ကျရှုံးခဲ့တယ်လို့ ဒီနေ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ကျရောက်တဲ့ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့မှာ ထုတ်ပြန်ခဲ့တဲ့ သဝဏ်လွှာမှာ ရေးသားထားပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး မအောင်မြင်တာဟာ ပြည်တွင်း ပြည်ပတွေရဲ့ နှောက်ယှက်မှုတွေကြောင့်ဖြစ်တယ်လို့ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ သက်ဆိုင်ရာတွေက နိုင်ငံနဲ့ပြည်သူ့အကျိုး၊ ပြည်သူ့ လိုအပ်ချက်တွေ စဉ်းစားပြီး မလုပ်ဆောင်ပေးလို့ ငြိမ်းချမ်းရေးနဲ့ အလှမ်းဝေးနေအုံးမှာဖြစ်ပြီး နိုင်ငံအတွက် ရင်လေးတယ်လို့လည်း သူက ဆိုပါတယ်။ စစ်ကောင်စီက ငြိမ်းချမ်းရေး ကြိုးပမ်းတာ ကျရှုံးခဲ့တယ်လို့ ဝန်ခံတဲ့အပေါ် နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က "တိုင်းပြည်ရဲ့ တစ်ဝက်လောက်ကို NUG, PDF က ထိန်းချုပ်ထားပြီ။ ဒါကြောင့် တိုင်းပြည်ကို ထိန်းသိမ်းနိုင်စွမ်း ကုန်ဆုံးနေပြီဆိုတာကို ဝန်ခံလိုက်တာ။ အဲ့ကြောင့် ဟိုပြည်သူ၊ ဒီပြည်သူ၊ ဟိုနိုင်ငံ၊ ဒီနိုင်ငံ လိုက်ပြီး လက်ညိုးထိုးနေတာ" လို့ ပြောပါတယ်။ တိုင်းပြည်ရဲ့ ဘဏ္ဍာငွေတွေနဲ့ တည်ဆောက်ထားတဲ့ စစ်တပ်က

စောက်ပု က မပျင်းရဖူး

Image
🟢 EAO တွေရဲ့ လက်နက်အပါအဝင် လက်နက်ပေါင်း (၁၇,၀၀၀)ကျော် ဖမ်းမိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌပြော  မိုင်းရူပ၊ ရွှေဖီမြေ ဖေဖော်ဝါရီ ၁၁ ရက်၊ လားရှိုး ​တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (EAO)တွေရဲ့ ​လက်နက်အပါအဝင် လက်နက်ပေါင်း (၁၇,၀၀၀)ကျော် ဖမ်းမိတယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။ ဖေ​ဖော်ဝါရီ ၉ ရက်မှာ စစ်ခေါင်းဆောင်က လက်နက်ပေါင်း (၁၇,၆၉၀)ကျော်၊ ဗုံးနဲ့ လက်နက် (၂၇,၂၀၀)ကျော် ဖမ်းဆီးရမိကြောင်း စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဥ် အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ဖမ်းဆီးရမိတဲ့ လက်နက်တွေဟာ EAO နဲ့ နယ်စပ်ကနေ တရားမဝင် တင်သွင်းလာတဲ့ လက်နက်တွေဖြစ်ပြီး ဘယ်တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ လက်နက်ဖြစ်ကြောင်း အတိအကျ ပြောဆိုထားတာ မရှိပါဘူး။ တိုင်းရင်းသား လက်နက်ကိုင်နဲ့ PDF တွေရဲ့ နိုင်ငံရေး သဘောထား တူညီမှုမရှိဘဲ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေဟာ ဒီမိုကရေစီကို အကြမ်းဖက်နည်းနဲ့ လုယူနေတာကို တွေ့မြင်နေရတယ်လို့ စစ်ခေါင်းဆောင်က ဆိုပါတယ်။ အကြမ်းဖက်မှု လျော့နည်းအောင် အရေးပေါ်ကာလ သက်တမ်း ၆ လအတွင်းမှာ ကိုင်တွယ်ဖြေရှင်းမယ်လို့ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခဲ့ပါတယ်။ #လက်နက် #ဖမ်းမိ #စစ်ကောင်စီ

၁၂ရက် - ၄၅ကောင်( ဒွမ် )

Image
 ချင်းပြည်နယ်တွင် ဖေဖော်ဝါရီလ ၁၂ ရက် တာကာလ တိုက်ပွဲများအတွင်း စစ်သား ၄၅ ဦးသေဆုံးပြီး သေနတ် ၅၀ ကျော် သိမ်းဆည်းရရှိ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂  ခေတ်သစ် ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ တန်တလန်မြို့နယ်တို့ရှိ CNA တပ်မဟာ ၃ ခုတွင် ဖေဖော်ဝါရီလ ၁ ရက် နေ့မှ ၁၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင် စီတပ်နှင့် CNA ၊ CDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်း ထန်ခဲ့ပြီး အကြမ်းဖက်စစ်သား ၄၅ ဦးထက်မနည်းသေဆုံးပြီး ၂၂ ဦးကျော်ဒဏ်ရာရရှိကာ သေနတ်အ လက် ၅၀ ကျော်သိမ်းဆည်း ရရှိခဲ့ကြောင်း Chin National Front ထံမှ သိရသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် CNA တပ်မဟာ -၁ နယ်မြေအတွင်းရှိ မတူပီမြို့နှင့်Rezua မြို့အကြား Zotung ဒေသသို့ အကြမ်းဖက်စစ်သား အင်အား ၁၃၀ မှ ၁၅၀ ကြား ဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာ ရာ CNA ၊ CDF – Matupi ၊ CDF – Zotung ၊ CDF – Mara ပူးပေါင်းတပ်ဖွဲ့မှ ၆ ရက်တိုင်တိုင် အပြင်းအ ထန်ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄၀ ဦး ထက်နည်းသေဆုံးပြီး ၂၀ ကျော်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် CNA တပ်မဟာ ၃ နယ်မြေအတွင်း ထန်တလန်မြို့ရှိ အကြမ်းဖက်စစ်သား၊ ရဲ ၆ ဦးကို လက်နက်များနှင့်အတူ အရှင်ဖမ်းမိခဲ့သည့်အပြင် ဖေဖော်ဝါရီလ ၈ ရက်န

ကုန်တင်ယာဥ်များကို ငွေတောင်းသည့် တပ်ကြပ်ကြီးတစ်ဦး ငွေအတုလက်ခံထားမိရာမှ ဖမ်းဆီးခံရ

Image
ကုန်တင်ယာဥ်နှင့် အိမ်စီးကားများကို ငွေကြေးတောင်းခံနေသည့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ကြပ်တစ်ဦး ငွေစက္ကူအတုများနှင့် ဖမ်းဆီးခံရသည်ဟု စစ်တပ်နှင့် နီးစပ်သူများထံမှ သိရသည်။ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားသည့် ပေါင်းတည်မြို့နှင့် အုတ်ဖိုမြိုတွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက စစ်ကောင်စီတပ်က ကုန်တင်ယာဥ်နှင့် အိမ်စီးကားများကို ငွေကြေးတောင်းခံရာတွင် လက်ခံထားမိသည့်ငွေမှာ ငွေအတုဖြစ်နေ၍ ဖမ်းဆီးခံရတာဖြစ်သည်ဟု စစ်တပ်နှင့်နီးစပ်သူတစ်ဦးက CJ Platform ကိုပြောသည်။ “တပ်ကြပ်ကြီးက ပဲခူးမှာဆိုင်ကယ်သွားဝယ်ရင်း တစ်သောင်းတန်ငွေအတုတွေ ပါလာလို့ ဆိုင်က ရဲစခန်းဖုန်းဆက်လိုက်တာ ပြီးမှ စစ်တပ်က တပ်ကြပ်ဖြစ်နေတယ် ရဲစခန်းကတော့ ခေါ်သွားတာပဲ အမှုကို ဘယ်လိုလုပ်မလဲ မသိဘူး”ဟု ပြောသည်။ ပေါင်းတည်မြို့ သပြေကုန်းဂိတ်တွင် ပြီးခဲ့သည့် ရက်ပိုင်းအတွင်း တောင်ပိုင်းတိုင်းစစ်ဌာနချုပ်က ညမထွက်ရအမိန့်နှင့် အတူ ယာဥ်စစ်ဆေးမှုများကို ပြုလုပ်စဥ် ငွေကြေးတောင်းခံမှုများ လုပ်ခဲ့ရာတွင် အဆိုပါ ငွေအတုမှာ ပါဝင်လာခြင်းဖြစ်ကြောင်း  အဆိုပါတပ်ကြပ်က ဝန်ခံထွက်ဆိုခဲ့သည်ဟု အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ “အဲ့ဒီပိုက်ဆံက ဘယ်သူပိုက်

အလှမယ်ဟန်လေးနဲ့ရောင်နီလာရာလမ်း (တိုရန်တို-ကနေဒါ)

Image
https://youtu.be/cA45U9oCjp4

မအလရဲ့ပြည်ထောင်စုနေ့အထိမ်းအမှတ်မီးရှို့ပွဲ

Image
မြောင်မြို့နယ်၊ မရိုးကုန်းရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီး​​ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယ​နေ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး​နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ " ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို ပြေးနေရတာ အဝေးကနေပဲ လှမ်းကြည့်နေရတယ်" ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂  စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာများကို စစ်တပ်က ယနေ့ ရွာလုံးကျွတ် မီးတင်ရှို့ဖျက် ဆီး နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။  ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရွှေဘိုမြို့နယ်၊ ကျောက်‌မြင့်ကျေးရွာကို ပစ်ခတ်၍ ဝင်ရောက်လာသော စစ်ကြောင်းက