ပြင်ဦးလွင်-မိုးကုတ်လမ်းအနီး ၂၅ ကောင်မြေခ

ပြင်ဦးလွင်-မိုးကုတ်လမ်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ၊ PDF ရဲဘော် ၂ ဦး ကျဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်


ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအစပ် ပြင်ဦးလွင်-မိုးကုတ်လမ်းတွင် စစ်ကောင် စီတပ်များနှင့် PDF တပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံးကြောင်း ဒေသပြည်သူများနှင့် မန္တလေး PDF ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ 


ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှ စတင်၍  ပြင်ဦးလွင်- မိုးကုတ် လမ်း ဒိုပင်းကျေးရွာနှင့် လုံးခန်း ကျေးရွာ အနီးတွင် PDF တပ်များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သဖြင့် အနီးအနား ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ် းရှောင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 
 
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင်မူ ဖေဖော် ဝါရီလ ၁၀ ရက်နေ့  နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သဖြင့်  တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း၊  မြေပြင်တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားသည့်အပြင် စစ်ကောင်စီက  Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ လည်းကောင်း ၊တိုက်လေယာဉ်များကို အသုံးပြု၍ ၃ ကြိမ်တိုင်တိုင် လေကြောင်းပစ်ကူပေး၍လည်းကောင်း ထိုးစစ်ဆင်ခဲ့ကြောင်း ဖော်ပြထားသည်။ 


တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ  ၂၅ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲအချိန် ၆ နာရီ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း PDF ရဲဘော်စစ်နိုင် နှင့်  ရဲဘော် ဖိုးဝ တို့ ကျဆုံးခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။


Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ