ပြင်ဦးလွင်-မိုးကုတ်လမ်းအနီး ၂၅ ကောင်မြေခ

ပြင်ဦးလွင်-မိုးကုတ်လမ်းအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ ၊ PDF ရဲဘော် ၂ ဦး ကျဆုံး


ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်


ရှမ်းပြည်နယ်နှင့် မန္တလေးတိုင်းအစပ် ပြင်ဦးလွင်-မိုးကုတ်လမ်းတွင် စစ်ကောင် စီတပ်များနှင့် PDF တပ်များ တိုက်ပွဲဖြစ်ပြီး စစ်တပ်ဘက်မှ ၂၅ ဦးသေဆုံးကာ PDF ၂ ဦးကျဆုံးကြောင်း ဒေသပြည်သူများနှင့် မန္တလေး PDF ၏ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။ 


ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နံနက် ၅ နာရီကျော်အချိန်မှ စတင်၍  ပြင်ဦးလွင်- မိုးကုတ် လမ်း ဒိုပင်းကျေးရွာနှင့် လုံးခန်း ကျေးရွာ အနီးတွင် PDF တပ်များနှင့် စစ်ကောင်စီတပ်များ အကြား တိုက်ပွဲစတင်ဖြစ်ပွားခဲ့ကြောင်း၊ စစ်တပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ်၊ လေယာဉ်များ ဖြင့် ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့သဖြင့် အနီးအနား ကျေးရွာများမှ ပြည်သူများ ထွက်ပြေးတိမ် းရှောင်ရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။ 
 
မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ထုတ်ပြန်ချက်တွင်မူ ဖေဖော် ဝါရီလ ၁၀ ရက်နေ့  နံနက် ၆ နာရီဝန်းကျင်တွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်လာခဲ့သဖြင့်  တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ကြောင်း၊  မြေပြင်တိုက်ပွဲများ ပြင်း ထန်စွာဖြစ်ပွားသည့်အပြင် စစ်ကောင်စီက  Mi 35 တိုက်ခိုက်ရေးရဟတ်ယာဉ်ကို အသုံးပြု၍ လည်းကောင်း ၊တိုက်လေယာဉ်များကို အသုံးပြု၍ ၃ ကြိမ်တိုင်တိုင် လေကြောင်းပစ်ကူပေး၍လည်းကောင်း ထိုးစစ်ဆင်ခဲ့ကြောင်း ဖော်ပြထားသည်။ 


တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ  ၂၅ ဦး သေဆုံးကြောင်း မျက်မြင်အတည်ပြုနိုင်ခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိကြောင်း၊ တိုက်ပွဲအချိန် ၆ နာရီ ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း PDF ရဲဘော်စစ်နိုင် နှင့်  ရဲဘော် ဖိုးဝ တို့ ကျဆုံးခဲ့ကြောင်း မန္တလေး PDF က ထုတ်ပြန်ထားသည်။


Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်