မအလရဲ့ပြည်ထောင်စုနေ့အထိမ်းအမှတ်မီးရှို့ပွဲ

မြောင်မြို့နယ်၊ မရိုးကုန်းရွာကို စစ်တပ်က ရွာလုံး ကျွတ် မီးရှို့ဖျက်ဆီး​​
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယ​နေ့ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီး​နေကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၅ နာရီကျော်ခန့်တွင် မြောင်မြို့နယ်၊ မရိုးကုန်းရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
" ပျက်စီးဆုံးရှုံးမှု အခြေအနေတော့ အတည်မပြုနိုင်သေးဘူး။ ရွာလုံးကျွတ်ကို ပြေးနေရတာ အဝေးကနေပဲ လှမ်းကြည့်နေရတယ်" ဟု ဒေသ ပြည်သူ တစ်ဦးကပြောဆိုသည်။



ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာကို စစ်တပ်က ရွာလုံးကျွတ် မီးတင်ရှို့ ဖျက်ဆီး
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ 
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်ရှိ တင့်တယ်ကျေးရွာနှင့် ကျောက်မြင့်ကျေးရွာများကို စစ်တပ်က ယနေ့ ရွာလုံးကျွတ် မီးတင်ရှို့ဖျက် ဆီး နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ 
ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး ရွှေဘိုမြို့နယ်၊ ကျောက်‌မြင့်ကျေးရွာကို ပစ်ခတ်၍ ဝင်ရောက်လာသော စစ်ကြောင်းက ရွာလုံးကျွတ် မီးတင်ရှို့ကြောင်း၊ ယင်းနောက် တင့်တယ်ကျေးရွာသို့ ဝင်ရောက်လာပြီး မီးတင်ရှို့လျက်ရှိရာ ယနေ့ညပိုင်းအထိ မီးလောင်ကျွမ်းနေဆဲဖြစ်ပြီး ရွာလုံးကျွတ် ပြာကျနိုင်ခြေရှိကြောင်း ဒေသပြည်သူများက ပြောသည်။ 
"ပြည်သူတွေအားလုံးကတော့ ထွက်ပြေးနေရတယ်။ တင့်တယ်ရွာက မီးခိုးလုံးတွေတက်နေတာ တစ်နေကုန်ပဲ။ တစ်ရွာလုံးကုန်ပြီ ထင်ပါတယ်။ သီးလုံးကျေးရွာမှာရှိတဲ့ စစ်ခွေးနဲ့ ပျူစောထီးတွေ ရှို့နေကြတာ။ အခြေအနေဆိုးပါတယ်" ဟု ဒေသပြည်သူတစ်ဦးက ပြောသည်။ 
လက်ရှိ စစ်တပ်က ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးနေသော ရွှေဘိုမြို့နယ်အတွင်းရှိ ကျေးရွာများ၏ အခြေအနေကို အသေးစိတ်  မသိရှိရသေးကြောင်း‌ ဒေသပြည်သူများက ဆိုကြသည်။











Comments

Popular posts from this blog

ဘုရားသုံးဆူမြို့ရှိ ရဲစခန်းအားပစ်ခတ်တိုက်ခိုက်၊ထမင်းစားဆောင် မီးလောင်

မြန်မာ သည် ရုရှား၏ အစောင့်ရှောက်ခံ နိုင်ငံ အဖြစ် ဦးတည်နေပြီလော

မြန်မာစစ်လက်နက်ပွဲစား ထွန်းမင်းလတ်ရဲ့ အရှုပ်တော်ပုံမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက်နေတဲ့ ထိုင်းအထက်လွှတ်တော်အမတ်

ဝဏ္ဏမောင်လွင် ရဲ့သမီးဖြစ်သူ Lynn Marlar Lwin

KIO/KIA ရဲ့ ခေတ္တ ဥက္ကဌအဖြစ် ဗိုလ်ချုပ်ကြီးဂမ်ရှောင် ကိုခန့်အပ်တာဝန်ပေး

အရာချခံရသည့် ဦးသိန်းညွန့်နှင့် ဦးခင်မောင်ဆွေတို့ ဝန်ကြီးအိမ်ရာမှ ဖယ်ပေးရ

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးအကြမ်းမဖက်လှုပ်ရှားမှု၂၀၂၁(မင်းကိုနိုင်)

မောတောင်နှင့်တနင်္သာရီမြို့ပေါ်သာ စစ်ကောင်စီယန္တရားလည်ပတ်နိုင်တော့ဟုဆို

နိုင်ငံကူးလက်မှတ်အတွက် လူ ၈၅၀၀ ကျော် အွန်လိုင်းမှတစ်ဆင့် လျှောက် ထား ပြီး နောက် Online Booking စနစ် ရပ်ဆိုင်းသွားပြန်

ကမ္ဘာ့ စာနယ်ဇင်းကြီးက ချီးကြူးလာသော မြန်မာတို့၏ တွန်းလှန် ခုခံစစ်