Posts

Showing posts from February 5, 2023

တောပုရွာ ပျူစခန်းအား ဒေသခံ PDF များမှ လက်နက်ကြီးများဖြင့် တိုက်ခိုက် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်

Image
ဓာတ်ပုံ – ChindwinMyay Division စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် တောပုရွာ ပျူစခန်းကို ဒေသခံ PDF များမှ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီဘက်မှ အထိအခိုက်ရှိနိုင်ကြောင်း မုံရွာသံမဏိတပ်ရင်း၊ တပ်ခွဲ-၇၏ တပ်ခွဲမှူး ဗိုလ်နွေဦးက CJ Platform သို့ ပြောကြားသည်။ အဆိုပါ တိုက်ပွဲအား ဖေဖော်ဝါရီ ၂ ရက် ညပိုင်းတွင် ဖော်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း မြေပြင်အခြေအနေအရ ယနေ့တွင်သာ ထုတ်ပြန်ခြင်းဖြစ်ကြောင်းလည်း သိရသည်။ “လက်နက်ကြီး ဆယ်ချက်ကျော်လောက်နဲ့ တောပုရွာကို ပစ်ခတ်ခဲ့တာဗျ၊ အဲ့ကောင်တွေဘက်က နှစ်ယောက်လောက်သေတယ်။ သူတို့တွေပြန်ပြီးတော့ တောင်မပစ်ခတ်ဘူး” ဟု ဗိုလ်နွေဦးက ပြောကြားသည်။ PDF ပူးပေါင်းတပ်ဖွဲ့များသည် တောပုရွာပျူစခန်းကို ၆၀ မမ လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကာ အဆိုပါပစ်ခတ်မှုသည် စစ်ကောင်စီတပ်များအနီး ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်းလည်း ယင်းက ဆိုသည်။ စစ်ဆင်ရေးဖော်ဆောင်ခဲ့သည့် ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းလည်း သိရသည်။ အထက်ပါ စစ်ဆင်ရေးအား မုံရွာခရိုင် သံမဏိတပ်ရင်း-၂၅ ChindwinMyay Division တပ်ခွဲ-၇၊ Federal Democratic R

၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီအဖြစ် ယူရို (၁၈)သန်းကူညီပေးမည်

Image
ဂျန်ဇက် (NP News) - ဖေဖော်ဝါရီ ၄ ဥရောပသမဂ္ဂ(EU)သည် ၂ဝ၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံကို လူသားချင်းဆိုင်ရာစာနာမှုအကူညီအဖြစ် ယူရို (၁၈)သန်းကူညီထောက်ပံ့fပေးသွားမည်ဖြစ်ပြီး အဆိုပါငွေကြေးကို အစိုးရထံတိုက်ရိုက်လှူဒါန်းမည်မဟုတ်ဘဲ လူသားချင်းဆိုင်ရာစာနာမှုအကူညီပေးရေးလုပ်ငန်းများလုပ်ကိုင်နေသော မိတ်ဖက်အဖွဲ့အစည်းများမှတဆင့် ကူညီလှူဒါန်းသွားဖွယ်ရှိနေကြောင်းသိရသည်။   EU သည် အဆိုပါငွေကြေးကို နေရပ်စွန့်ခွာထွက်ပြေးသူများ၊ ပဋိပက္ခကြောင့်ထိခိုက်လွယ်သူများအတွက် အစားအစာ၊ အကာအကွယ်ပေးရေး၊ အမိုးအကာ၊ ပညာရေးစသော အသက်ကယ်ထောက်ပံ့ပေးမှုများအတွက် အသုံးပြုကူညီသွားမည်ဖြစ် ကြောင်းသိရသည်။  EU ၏အခက်အခဲများ စီမံခန့်ခွဲရေးဌာနကော်မရှင်နာက"အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်းကတည်းက မြန်မာနိုင်ငံမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီများလိုအပ်မှုတိုးလာခဲ့တယ်။ EU ဟာ ပဋိပက္ခဖြစ်ပွားမှုရဲ့သက်ရောက်မှုတွေ၊ ဒေသအတွင်း သဘာဘေးအန္တရာယ်တွေ့ကြုံရသူတွေအပြင် ဒုက္ခသည်များကိုလက်ခံထားတဲ့နိုင်ငံတွေနဲ့ နေရပ်စွန့်ခွာထွက်ပြေးသူတွေကို ကူညီထောက်ပံ့ပေးဖို့အမြဲတမ်း ရပ် တည်သွားမယ်လို့ ကတိပြုပါတယ်" ဟုပြောဆိုထားသည်။ ၂ဝ၂၃ ခုနှစ်တွင် မြန်မာနိုင်ငံရ

မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဉ်ဇုန် ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

Image
Breaking News- မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဉ်ဇုန် ကို ရှော့တိုက်ဒုံးများဖြင့်  ပစ်ခတ်မှု အနည်းဆုံး စစ်သား ၄ ဦးသေဆုံးပြီး သေဆုံးမှု  များပြားနိုင်၊ နမခဌာနချုပ်တွင် အရေးပေါ် အခြေအနေဖြင့် စစ်တပ်က ကင်းလှည့်(ရုပ်/သံ) https://youtu.be/SKP1lTTSLHM ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ခေတ်သစ် စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို Shadow Ranger နှင့် မဟာမိတ်တပ်များက  ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  Shadow Ranger တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၉ နာရီ၁၈ မိနစ် အချိန်တွင်လည်းကောင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ၂ ကြိမ် ခွဲ၍ ပစ်ခတ်ခဲ့ကြောင်း ၊ လူနာတင်ကားများ ဝင်သွားသဖြင့်  စစ်သားများ သေဆုံးထိခိုက်သူများကို သယ်ဆောင်သွားကြောင်း  သိရသည်။ " အဓိက ထားပစ်တာကတော့ လက်နက်တိုက်နဲ့ သူတို့လ

နိုင်ငံတကာ ရေနံလုပ်ကွက် ဝန်ဆောင်မှု ကုမ္ပဏီ ၂၀ကျော် စစ်ကောင်စီကို နိုင်ငံခြားငွေ ရှာဖွေပေးနေ

Image
(မောင်းမှ ပြန်လည်ကောက်နှုတ်ရေးသားသည်။) မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်နေတဲ့ နိုင်ငံတကာရေနံလုပ်ကွက်ဝန်ဆောင်မှုကုမ္ပဏီ ၂၁ ခုကို ဖော် ထုတ်တွေ့ရှိခဲ့တယ်လို့ Justice For Myanmar က ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။    အများပြည်သူကို ထုတ်ပြန်ထားတဲ့ သတင်းရင်းအမြစ်တွေနဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက် စာတမ်းတွေကို အသုံးပြုပြီး Justice For Myanmar ကလုပ်ဆောင်ခဲ့တဲ့ စုံစမ်းလေ့လာမှုတခုမှာ အခုလိုတွေ့ရှိခဲ့တာပါ။  Justice For Myanmar ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်တွေ အကြောင်းအပါအဝင် စစ်ကောင်စီရဲ့ နိုင်ငံခြား ဝင်ငွေရလမ်းတွေကို ဆက်တိုက်ဖော်ထုတ်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။ ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ ရေနံတူးဖော်တဲ့လုပ်ငန်းကအစ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၊ ပစ္စည်းတင်သွင်း ထောက်ပံ့ရေးလုပ်ငန်းတွေအထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် အရေးပါတဲ့ အကူအညီ တွေနဲ့ စက်ပစ္စည်းတွေကို စစ်အုပ်စုအတွက် ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။   ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကုမ္ပဏီတွေထဲက ၈ ခုဟာ အမေရိကန်ပြည်ထောင်စုမှာ

ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာ စင်တာ ဖွင့်ပွဲကို မင်းအောင်လှိုင်နဲ့အတူ တက်ဖို့ ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachevရောက်ရှိ

Image
ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေရှိ  ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာ စင်တာ ဖွင့်ပွဲကို မင်းအောင်လှိုင်နဲ့အတူ တက်ဖို့ ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM အကြီးအကဲ Aleksei Likhachev က  ပုဂ္ဂလိဂျက်လေယာဉ်နဲ့ ရန်ကုန် လာရောက် +++++++++++++++ ဖေဖော်ဝါရီ ၅  ရန်ကုန်တက္ကသိုလ်၊ လှိုင်နယ်မြေဝင်း(RC2) အတွင်း ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာကို အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် မနက်ဖြန် ဖေဖော်ဝါရီလ ၆ ရက်နေ့ မနက်ပိုင်းမှာ တက်ရောက် ဖွင့်လှစ်မှာ​ဖြစ်ပြီး ရုရှား အစိုးရ အဏုမြူ စွမ်းအင် ကော်ပိုရေးရှင်း ROSATOM ရဲ့ ညွှန်ကြားရေးမှူးချုပ်  Mr Aleksei Likhachev လည်း Private ဂျက်လေယာဉ်နဲ့ ရန်ကုန်ကို လာရောက်ကြောင်း သိရပါတယ်။ Mr Aleksei Likhachev  လိုက်ပါတဲ့ ရုရှား RA-73545 ၊ Bombardier BD-700-1A11 Global 5000 အမျိုးအစား ပုဂ္ဂလိက ဂျက်လေယာဉ်ဟာ မော်စကိုက တစ်ဆင့် ရန်ကုန်မြို့ကို ဒီနေ့ ညနေပိုင်းမှာ ရောက်ရှိလာကြောင်း ၊ ဖေဖော် ဝါရီ ၆ ရက်နေ့ မနက်ပိုင်း  ရုရှား-မြန်မာ နူကလီးယား အချက်အလက် နည်းပညာစင်တာ ဖွင့်ပွဲကို တက်ရောက်မှာဖြစ်ကြောင်း၊   Mr Aleksei Likhachev နဲ့အတူ ရုရှားROSATOM

ကားတွင်း၌ ထိုင်နေသော ဒု၂ပွင့်ဗိုလ် မျိုးထွန်းသိန်း နှင့်ဒလန်လင်မယား ဦးစိန်ထွန်း + ဒေါ်သိန်းကြည်နှင့် စကစ တပ်သား ၃ဦး ကျဆုံး

Image
#ထုတ်ပြန်ကြေညာချက်                 စစ်ကိုင်းတိုင်း ဆားတောင်မြို့ပေါ်တွင် စကစနှင့်ပေါင်းပြီး ဂျင်ဝိုင်းလက်ခံနေသည့် ဒလန်လင်မယား ဦးစိန်ထွန်း + ဒေါ်သိန်းကြည် တို့၏နေအတွင်း၌ ကျွန်တော်တို့မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့မှ ယနေ့ ဖေဖော်ဝါရီ ၅ ရက် နေ့လည် ၁၂နာရီ ခန့်တွင် ၀င်ရောက်ပစ်ခတ်ခဲ့ရာ ကားတွင်း၌ ထိုင်နေသော ဒု၂ပွင့်ဗိုလ် မျိုးထွန်းသိန်း နှင့် ဂျင်ဝိုင်းနေရာတွင်၀င်ရောက် ပစ်ခတ်ခဲ့ရာ ဒလန်လင်မယား ဦးစိန်ထွန်း + ဒေါ်သိန်းကြည်နှင့် စကစ တပ်သား ၃ဦး ကျဆုံး၍ စုစုပေါင်း ကျဆုံးသူ ဒု၂ပွင့်ဗိုလ်အပါအ၀င် ၆ဦး ကျဆုံးပြီး ဒု၂ပွင့်ဆီမှ ၆လုံးဗျူး အတို တစ်လက် သိမ်းဆည်းရရှိမိခဲ့၍ ဂျင်းပစ္စည်းများကို မီးရှို့ ဖျက်စီးခဲ့ပါသည်။ ဂျင်းဝိုင်းအတွင်းမှ ရရှိသော ၃၄၂၀၀၀ိ/-ကျပ်ကို တ်ေလှန်ရေးအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။ #မြေအောက်လျှပ်စီးပြောက်ကျားတပ်ဖွဲ့                #ဗိုလ်မုန်တိုင်း

စဉ့်ကိုင် မြို့တော်ခန်းမရှေ့ အရပ်ဝတ်နဲ့ စုဝေးနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို ဗုံးထု၊ ပစ်ခတ်ရာ လေးယောက် သေ

Image
နေပြည်တော်မှာ တည်နေတဲ့ ဘုရားအတွက် အလှူခံနေချိန် အပစ်ခံရပြီး အုပ်ချုပ်ရေးမှူးတစ်ယောက်ပဲ သေတယ်လို့ စစ်အုပ်စု သတင်းဖြန့်၊ MFP ၊ ဖေဖေါ်ဝါရီ - ၅ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီမနက်ပိုင်း အရပ်၀္တ်နဲ့ စုဝေးနတဲ့ စစ်အုပ်စုကို ပျူတွေကို ဗုံးထုပြီး ပစ္စတိုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ (မြစ်ငယ်) က သတင်း ထုတ်ပြန်ပါတယ်။ ဖေဖေါ်ဝါရီ(၅)ရက် ဒီမနက် (၉)နာရီခွဲက စဉ့်ကိုင်မြို့တော်ခန်းမရှေ့ အရပ်ဝတ်နဲ့ စုဝေးနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့၊ ကျောက်ဆည် ပကဖ နှင့် စဉ့်ကိုင် LPDF ( SINTGAING ) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ “စဉ့်ကိုင်မြို့တော်ခန်းမရှေ့ အုပ်ကြီး၊ ပျူများနှင့် စခ၊ ရခများ အရပ်ဝတ်ဖြင့် စုဝေးနေချိန်တွင် ကျွန်တော်တို့ တော်လှန်ရေး မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ လျှက်ဆားပုလင်း (လက်ပစ်ဗုံး) နှစ်လုံး ပစ်ပြီး နှုတ်ခမ်းနီးအတို ငါးတောင့်ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပါသည်” လို့ မြစ်ငယ် Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့က

မိုးပျံပူဖေါင်းပစ်ချမှု တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ကန့်ကွက်

Image
VOA U.S. Shoots Down Suspected Chinese Spy Balloon အမေရိကန် လေကြောင်းပိုင်ထဲရောက်နေတဲ့ သံသယဖြစ်ဖွယ် တရုတ်ထောက်လှမ်းရေး မိုးပျံပူဖေါင်းကြီးကို အမေရိကန်လေတပ်က မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ပစ်ချလိုက်တဲ့အပေါ်၊ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကန့်ကွက်လိုက်ပြီး ဒါဟာ အမေရိကန်အစိုးရက လိုအပ်တာထက်ပိုပြီး တုန့်ပြန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောပါတယ်။ ဒီလုပ်ရပ်ကို တရုတ်နိုင်ငံက အလေးအနက် ကန့်ကွက်ကြောင်းနဲ့ အခုလို ဖြစ်သွားတဲ့အတွက် အနာဂတ်မှာ အလားတူဖြစ်ရပ်မျိုးနဲ့ ကြုံတွေ့ရမယ်ဆိုရင် တရုတ်တို့ဘက်ကလည်း တူညီတဲ့ တုန့်ပြန်မှုမျိုး လုပ်ဆောင်သွားမယ်လို့ တရုတ်ကာကွယ်ရေးဌာန ပြောခွင့်ရ Tan Kefei က ပြောပါတယ်။ တရုတ်တို့အဆိုအရ မိုးပျံပူဖေါင်းကြီးဟာ လေရဲ့သယ်ဆောင်မှုအရ အမေရိကန်နိုင်ငံအတွင်းကို မတော်တဆ ရောက်ရှိသွားတာဖြစ်ပြီး၊ အမေရိကန်တို့ စွပ်စွဲပြောဆိုနေသလို ထောက်လှမ်းရေးလုပ်တဲ့ မိုးပျံပူဖေါင်းမဟုတ်ဘဲ၊ အရပ်ဘက်သုံး မိုးလေဝသဆိုင်ရာ အချက်အလက်တွေ စုဆောင်းရေးအတွက် ဖြစ်တယ်လို့ တရုတ်အစိုးရက အစောပိုင်းမှာ ပြောထားပါတယ်။ ကျောင်းကား ၃ စင်းစာလောက် အရွယ်အစားလောက်ရှိပြီး၊ အမြင့်ပေ ၆ သောင်းလောက်မှာ ပျံသန်းခဲ့နေတဲ့ ဒီ မိုးပျံပူဖေါင်းကြီးဟာ သွ

မြင်းမူတွင် စစ်ကောင်စီစခန်း သိမ်းပိုက်ခံရပြီး စစ်သား ၁၅ ဦးသေဆုံး

Image
ကျည်ဘောက်(၃)ခု ၊ကာဘိုင်ကျည်(၁၀၄)တောင့်၊ 9 ball(ကိုးလုံးကျည်)(၇၆)တောင့် ၊Jummer စက်(၂)လုံး ၊ ကျည်ကာအကျီ (၁)ထည်၊ စစ်ယူနီဖောင်း(၂)စုံ၊ စစ်ဖိနပ်(၃)ရံနှင့် စစ်ဦးထုပ်(၃)လုံးတို့ကို မဟာမိတ်တပ်များမှ သိမ်းဆည်းရခဲ့ကြောင်း သိရသည်။ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် စစ်ကောင်စီတပ်၏ စခန်းတစ်ခုကို တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး စစ်သား၁၅ ဦး သေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း Zero ပြောက်ကြားတပ်ဖွဲ့ (မြင်းခြံ) ၏ တာဝန်ရှိသူ ကိုသက်ကြီးထံမှ သိရသည်။ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာရှိ စစ်ကောင်စီတပ်၏ စခန်းတစ်ခုကို Zero ပြောက်ကျားတပ်ဖွဲ့ တပ်ရင်း(၇) မြင်းခြံခရိုင်၊ တပ်ရင်း(၁၉) ရွှေဘိုခရိုင် ၊တပ်ရင်း(၂) စစ်ကိုင်းခရိုင် ၊တပ်ခွဲ(၂ )GTR(မြင်းမူ) နှင့် တပ်ရင်း(၁ )ကျောက်ဆည်ခရိုင်၊ နဂါးနီ(ကျောက်ဆည်) တို့မှ ယနေ့ ဖေဖော်ဝါရီလ ၄ရက် မနက်၁နာရီမှ စတင်ကာ တိုက်ခိုက်ခဲ့တာပဲ ဖြစ်သည်။ အဆိုပါ စခန်းအား မနက် ၃ နာရီခန့်မှာ မဟာမိတ်တပ်များ အလုံးစုံ သိမ်းပိုက်မိခဲ့ပြီး စစ်ကောင်စီတပ်သား ၁၅ ဦး၏ အလောင်းနှင့် MA3 တစ်လက်၊ကျည်ဘောက်တစ်ခု၊ ၅ဒသမ၅၆ကျည်(၁၈)တောင့်၊ Carbone တစ်လက်၊ “ကျနော်တို့ စခန်းထဲဝင်တော့ မျက်မြင်တင် ၁၅ ယေ

“မြန်မာပြည်ပုံမှန်အခြေအနေ ပြန်ရောက်စေလိုပါက စစ် ကောင်စီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ် အသိအမှတ် ပြုဖို့ စစ်ကောင်စီနိုင်ငံခြားရေးပြော

Image
”မြန်မာနိုင်ငံကို ပုံမှန်အခြေအနေသို့ ပြန်ရောက်ရှိစေလိုပါက စစ်ကောင်စီရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေအပေါ်အသိအမှတ်ပြုဖို့ လိုအပ်တယ်လို့  စစ်ကောင်စီဩဇာခံ နိုင်ငံခြားရေးဝန်ကြီးဌာနက  ဖေဖော်ဝါရီလ ၄ ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။  ကုလသမဂ္ဂရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို လိုက်နာဖို့ ပျက်ကွက်ပြီး မြန်မာနိုင်ငံပြည်တွင်းရေးကို စွက်ဖက်နေတဲ့ နိုင်ငံတချို့နဲ့ လုပ်ပိုင်ခွင့်ကိုကျော်လွန်လုပ်ဆောင်နေတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတချို့ရဲ့ တာဝန်မဲ့ပြောဆိုလုပ်ဆောင်ချက်တွေကိုလည်း ပြတ်သားစွာကန့်ကွက်ပယ်ချ ကြောင်းလည်း ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်း ၂ နှစ်ပြည့်ချိန် မြန်မာပြည်ဟာ သာမန် အခြေအနေမဟုတ်ဆိုပြီး သက်တမ်း ၆ လထပ်တိုးခဲ့တဲ့အပေါ်  ကုလသမဂ္ဂအပါအဝင် ကမ္ဘာနိုင်ငံတွေအသီးသီးက မြန်မာစစ်အာဏာရှင်ကို ရှုတ်ချက်ကန့်ကွက် ထုတ်ပြန် ပြောဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်လိုက်တာဖြစ်ပါတယ်။ နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အကြမ်းဖက်မှုတွေနဲ့ အဖျက်အမှောင့် လုပ်ရပ်တွေ ပိုမိုအားကောင်းလာစေမယ့် ထုတ်ပြန်မှုတွေ ပြုလုပ်နေမယ့်အစား ပြည်သူတွေရဲ့ဆန္ဒနဲ့ အညီ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းနိုင်ရေးအတွက် စစ်ကေ

တရုတ်၏ မိုးပျံ ပူ‌ဖောင်း အရေးကြောင့် အမေရိကန်နှင့် ဆက်ဆံရေး တင်းမာမှု မြင့်တက်လာ

Image
၂၀၁၈ ခုနှစ် နောက်ပိုင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ၏ ပထမဆုံး ခရီးစဉ် သည် ပျက်ပြားသွားနိုင်စရာ ရှိသည့် အကြောင်းရင်းများ ကို ဆန်းစစ်ကြည့်သူများ အဖို့ မွန်တာနား ပြည်နယ် ပေါ် ရောက်ရှိလာသော တရုတ်၏ မိုးပျံ ပူဖောင်း ရောက်ရှိလာခြင်းကို မည်သူမျှ ထည့်သွင်း စဉ်းစားမိကြလိမ့်မည် မဟုတ်ပေ။ ဖေဖေါ်ဝါရီ ၂ ရက်နေ့တွင် ပင်တဂွန်မှ အမြင့်ပေပေါင်း များစွာ မှ ပျံသန်းနေသော ထောက်လှန်းရေး သတင်းများ စုဆောင်းရာတွင် အသုံးပြုသည့် ပူဖေါင်းကြီး တလုံးကို ခြေရာခံမိသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။ နောက်တနေ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့ တွင် တရုတ်ပြည်သို့ သွားရောက်ရန် ရှိနေသည့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်ထော်နီ ဘလင်ကင် ၏ ခရီးစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်ကြောင်း အိမ်ဖြူတော် အရာရှိများက ထုတ်ဖေါ်ပြောဆိုလိုက်သည်။ နှစ်ဖက်စလုံးက ထိုခရီးစဉ်သည် ဘာလီတွင် တရုတ်သမ္မတ ရှီကျင့်ပင် နှင့် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်တို့ တွေ့ဆုံခဲ့အပြီး တင်းမာမှုများ လျော့ကျလာနေမှု ကို ပို၍ ခိုင်မာအောင် တည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်နေကြချိန်လည်း ဖြစ်သည်။ အမေရိကန် ဖက်က တိုင်ဝမ် အရေး နှင့် ရုရှား၏ ကျုးကျော်မှုအား တရုတ်မှ ထောက်ခံမှု ပေးနေခြင်း ကဲ့သို

လေထဲတွင် တိုက်အိမ် ဆောက်နေကြသူများ

Image
စစ်အာဏာသိမ်း အဖွဲ့သည် အကြမ်းဖက် လုပ်ရပ်များ မြှင့်တင်ရန် စစ်ဆင်ရေးနည်း လမ်း ငါးသွယ် မဟာဗျုဟာကို ချမှတ်လာပြီ ဖြစ်သည်ဟု ဝါရှင်တန် ရှိ အမျိုးသား စစ်ကောလိပ်မှ မြန်မာ အရေး အနီးကပ်လေ့လာ သုံးသပ်နေသူ ဇာကာရီ အဘူဇာ မှ RFA တွင် ရေးသားလာခဲ့သည်။ အတိုချုပ်တင်ပြရမည် ဆိုက  (၁) လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားများ ကို အဓိက ပစ်မှတ်ထား၍ တော်လှန်ရေး အင်အားစု များ  ထောက်ခံမှု ကျဆင်းသွားရန် အမှည့်ချွေ ချွေသွားမည် ဖြစ်သည်။ (၂) NUG ၏ ငွေကြေး ထောက်ပံ့ရေး လမ်းကြောင်းများကို  မရမနေ ပိတ်ဆို့ သွားမည် ဖြစ်သည်၊ လက်ရှိတွင် ဘဏ်တိုင်း တွင် စစ်ဗိုလ်များ ချထားပြီး ငွေကြေး လွှဲပြောင်းမှု ကျပ်တသိန်း ကျော် လျှင်ပင် မျက်လုံးဒေါက်ထောက် ကြည့်လာပြီ ဖြစ်သည်။ (၃) NUG အဓိက အင်အားလည်း ဖြစ်၊ အာချီလီ ‌‌ဖနောင့်ကြီး လည်း ဖြစ်နေသည့် တိုင်းရင်းသား အင်အားစုများ နှင့် ပေါင်း စည်းနေမှု ကို ဖြိုခွဲသွားမည်။ (၄) မြို့ပေါ်ရှိ မြေအောက် ပျောက်ကြားစစ်ဆင်‌ရေး ကို အဓိက ထား ဖြိုခွင်းမည်။ (၅) နောက်ဆုံးတွင် ထိုင်း ကို ပုံတူ ကူးချ၍ “ရွေးကောက်ပွဲ”  ဆိုသည်ကို လုပ်မည် အစရှိသည်တို့ ဖြစ်သည်ဟု ဖေါ်ပြထားသည်။ လက်ရှိတွင် မြန်မာ ၏ အခြေအနေသည် ထိန်းချုပ်၍