စဉ့်ကိုင် မြို့တော်ခန်းမရှေ့ အရပ်ဝတ်နဲ့ စုဝေးနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို ဗုံးထု၊ ပစ်ခတ်ရာ လေးယောက် သေ

နေပြည်တော်မှာ တည်နေတဲ့ ဘုရားအတွက် အလှူခံနေချိန် အပစ်ခံရပြီး အုပ်ချုပ်ရေးမှူးတစ်ယောက်ပဲ သေတယ်လို့ စစ်အုပ်စု သတင်းဖြန့်၊
MFP ၊ ဖေဖေါ်ဝါရီ - ၅
မန္တလေးတိုင်း ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့၊ မြို့တော်ခန်းမရှေ့မှာ ဒီမနက်ပိုင်း အရပ်၀္တ်နဲ့ စုဝေးနတဲ့ စစ်အုပ်စုကို ပျူတွေကို ဗုံးထုပြီး ပစ္စတိုနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စကစ လေးယောက် သေတယ်လို့ မန္တလေးခရိုင် အမှတ်(၅)တပ်ရင်း Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့ (မြစ်ငယ်) က သတင်း ထုတ်ပြန်ပါတယ်။
ဖေဖေါ်ဝါရီ(၅)ရက် ဒီမနက် (၉)နာရီခွဲက စဉ့်ကိုင်မြို့တော်ခန်းမရှေ့ အရပ်ဝတ်နဲ့ စုဝေးနေတဲ့ စစ်အုပ်စုနဲ့ ပျူတွေကို Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့၊ ကျောက်ဆည် ပကဖ နှင့် စဉ့်ကိုင် LPDF ( SINTGAING ) တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
“စဉ့်ကိုင်မြို့တော်ခန်းမရှေ့ အုပ်ကြီး၊ ပျူများနှင့် စခ၊ ရခများ အရပ်ဝတ်ဖြင့် စုဝေးနေချိန်တွင် ကျွန်တော်တို့ တော်လှန်ရေး မဟာမိတ်အဖွဲ့များ ပူးပေါင်း၍ လျှက်ဆားပုလင်း (လက်ပစ်ဗုံး) နှစ်လုံး ပစ်ပြီး နှုတ်ခမ်းနီးအတို ငါးတောင့်ဖြင့် ပစ်ခတ်တိုက်ခိုက် ခဲ့ပါသည်” လို့ မြစ်ငယ် Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့က ဖော်ပြပါတယ်။
အဲ့ဒီ တိုက်ခိုက်မှုမှာ လေးယောက် သေပြီး ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ သတင်းရကြောင်းနှင့် စစ်အုပ်စုနဲ့ပေါင်းပြီး ပြည်သူကို ဒုက္ခပေးနေသူတွေကို က်လက် တိုက်ခိုက်မယ်လို့ မြစ်ငယ် Myitnge - PDF မြို့ပြပြောက်ကျား အထူးတပ်ဖွဲ့က ဆိုပါတယ်။
အဲ့ဒီဖြစ်စဉ်ဟာ စဉ့်ကိုင်မြို့က အလှူခံမဏ္ဍပ် တိုက်ခိုက်ခံရတာ ဖြစ်ပြီး အုပ်ကြီးတစ်ယောက် သေတယ်လို့ စစ်လော်ဘီတွေက သတင်းဖြန့်ပါတယ်။
နေပြည်တော်မှာ စစ်အုပ်စုက တည်နေတဲ့ ဘုရားအတွက် စဉ့်ကိုင်မြို့၊ စဉ်ကိုင်မြို အာရုံတော်ဓမ္မာရုံအရှေ့မှာ အလှူခံမဏ္ဌပ်ဖွင့်ပြီး အလှူခံနေချိန် ဒီမနက်(၁၀)နာရီ(၄၅)မိနစ်မှာ ဆိုင်ကယ်သုံးယောက်တွဲ စီးလာပြီး အရှိန်နဲ့ မောင်းလာတဲ့ PDF သုံးယောက်က လက်ပစ်ဗုံး တစ်လုံးနဲ့ ပစ်ကာ ပစ္စတိုနဲ့ ခြောက်ချက် ပစ်ခတ်သွားတာ ဖြစ်ကြောင်းနှင့် အဲ့ဒီ တိုက်ခိုက်ခံရမှုကြောင့် ရပ်ကွက် အုပ်ချုပ်‌ရေးမှုး တစ်ဦး သေပြီး ဒဏ်ရာရသူတွေ ရှိခဲ့တယ်လို့ စစ်လော်ဘီတွေက ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက စဉ့်ကိုင်မြို့လည် မြို့တော်ခန်းမနှင့် မြသီတာ ပန်းခြံရှေ့မှာ တွေ့ရတဲ့ စစ်အုပ်စု/Photo – S


#MFP #Mandalay_Free_Press #မန္တလေး #စစ်ကိုင်း #အညာ #စဉ့်ကိုင်

Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️