မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဉ်ဇုန် ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်

Breaking News- မုံရွာ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဉ်ဇုန် ကို ရှော့တိုက်ဒုံးများဖြင့်  ပစ်ခတ်မှု အနည်းဆုံး စစ်သား ၄ ဦးသေဆုံးပြီး သေဆုံးမှု  များပြားနိုင်၊ နမခဌာနချုပ်တွင် အရေးပေါ် အခြေအနေဖြင့် စစ်တပ်က ကင်းလှည့်(ရုပ်/သံ)
https://youtu.be/SKP1lTTSLHM
ရန်ကုန်၊ ဖေဖော်ဝါရီ ၅ ခေတ်သစ်
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို Shadow Ranger နှင့် မဟာမိတ်တပ်များက  ယနေ့ နံနက်ပိုင်း ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း  Shadow Ranger တပ်ဖွဲ့ဝင် တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန်တွင်လည်းကောင်း၊ နံနက် ၉ နာရီ၁၈ မိနစ် အချိန်တွင်လည်းကောင်း မုံရွာမြို့ အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်ရှိ လက်နက်တိုက်နှင့် လေယာဥ်ထားသည့် နေရာများကို ၁၀၇ မမ ရှော့တိုက်ဒုံး ၄ လုံးဖြင့် ၂ ကြိမ် ခွဲ၍ ပစ်ခတ်ခဲ့ကြောင်း ၊ လူနာတင်ကားများ ဝင်သွားသဖြင့်  စစ်သားများ သေဆုံးထိခိုက်သူများကို သယ်ဆောင်သွားကြောင်း  သိရသည်။
" အဓိက ထားပစ်တာကတော့ လက်နက်တိုက်နဲ့ သူတို့လေယာဥ်ထားတဲ့ နေရာတွေကို အဓိက ထားပစ်တာ စစ်ခွေးတွေ အထိအခိုက် ရှိတာတော့ သေချာတယ်။ ပျက်စီးဆုံးရှုံးမှု အခြေအနေနဲ့ မြေပြင် အနေအထား အသေးစိတ်တော့ မသိရသေးဘူး။ ဆေးရုံကားတွေ အများကြီးအဝင်အထွက် လုပ်နေတယ်လို့ သတင်းရတယ်" ဟု မဟာမိတ်တပ်ဖွဲ့ဝင် တစ်ဦးက ပြောဆိုသည်။
အဆိုပါ တိုက် ခိုက်မှုကို Shadow Ranger  နှင့် မဟာမိတ်များဖြစ်ကြသည့် မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၂ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၃ ၊ မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ နှင့် မုံရွာခရိုင် အမှတ် - ၅ တပ်ရင်း  (Aung San Force -ASF) ၊ Alpha Special Force Columnတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
" နံနက် ၃ နာရီ ၃ မိနစ်မှာ ၂ လုံး တစ်ကြိမ်ပစ်ခတ်ပါတယ်။   နံနက် ၉ နာရီ ၁၈ မိနစ်မှာ ၂ လုံး တစ်ကြိမ်ပစ်ခတ်ပါတယ်။ နမခ ဌာနချုပ်ထဲ တစ်လုံး ကျရောက်ပေါက်ကွဲ။  ဒုံးထိလို့ တပ်ကြပ်ကြီး၊ ဒုတပ်ကြီးနဲ့ အခြားအဆင့်ရဲဘော် စုစုပေါင်း  စစ်သား ၄ ဦးသေဆုံးပြီး စစ်သား  ၅ ဦး အရေးပေါ် ကုနေရတယ်။  လက်နက်တိုက်အနီး တစ်လုံးကျကွဲပါတယ်။ လက်နက်တိုက်က ပေါက်ကွဲသံများပါ ဆက်တိုက်ကြားရတယ်။ အသံပြင်းပါတယ်။  နံနက် ၉ နာရီ ၁၈ မိနစ်ပစ်ခတ်ချိန်မှာ ကင်းလှည့်ဖို့ လူစုချိန် ကျရောက်ပေါက်ကွဲပါတယ်။  အများအပြားကျတယ်လို့ သိရပါတယ်။  မုံရွာမြို့ပေါ် ကင်းလှည့်စစ်ကြောင်းတွေ ပြန်စုထားတယ်။ စစ်ကြောင်း ၇ ကြောင်းနဲ့ နမခ ပတ်လည်ကို ကင်းလှည့်နေတယ်လို့သိရတယ်။ သေဆုံးမှုကတော့ ပိုများနိုင်ပါတယ်" ဟု Shadow Ranger  တော်လှန်ရေး သတင်းရင်းမြစ်က ပြောသည်။ 
အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီလ ၂ ရက်နေ့မှစတင်၍ စစ်ကိုင်းတိုင်းအတွင်းရှိ ၁၁ မြို့နယ် စစ်အုပ်ချုပ်ရေးကြေညာပြီး တိုင်းမှူးကို အာဏာ အပြည့်ဖြင့် အုပ်ချုပ်ခိုင်းချိန်တွင် တိုင်းမှူးနေထိုင်သော နမခ ဌာနချုပ်ကို တော်လှန်ရေး တပ်များက တိုက်ခိုက်လာခြင်း ဖြစ်သည်။  
ဗီဒီယို- ယနေ့ နံနက် ၃ နာရီ ၃ မိနစ်အချိန် ရှော့တိုက်ဒုံး  ၂ လုံးဖြင့် ပထမအကြိမ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ပစ်ခတ်စဉ်။



Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ