နိုင်ငံတကာ ရေနံလုပ်ကွက် ဝန်ဆောင်မှု ကုမ္ပဏီ ၂၀ကျော် စစ်ကောင်စီကို နိုင်ငံခြားငွေ ရှာဖွေပေးနေ

(မောင်းမှ ပြန်လည်ကောက်နှုတ်ရေးသားသည်။)
မြန်မာစစ်တပ်ရဲ့ တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံမှာ လုပ်ငန်းဆက်လုပ်နေတဲ့ နိုင်ငံတကာရေနံလုပ်ကွက်ဝန်ဆောင်မှုကုမ္ပဏီ ၂၁ ခုကို ဖော် ထုတ်တွေ့ရှိခဲ့တယ်လို့ Justice For Myanmar က ဖေဖော်ဝါရီ ၄ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။ 
 
အများပြည်သူကို ထုတ်ပြန်ထားတဲ့ သတင်းရင်းအမြစ်တွေနဲ့ လျှို့ဝှက်ပေါက်ကြားလာတဲ့ စာရွက် စာတမ်းတွေကို အသုံးပြုပြီး Justice For Myanmar ကလုပ်ဆောင်ခဲ့တဲ့ စုံစမ်းလေ့လာမှုတခုမှာ အခုလိုတွေ့ရှိခဲ့တာပါ။
 Justice For Myanmar ကအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ပတ်သတ်ဆက်နွယ်နေတဲ့ လုပ်ငန်းနဲ့ လူပုဂ္ဂိုလ်တွေ အကြောင်းအပါအဝင် စစ်ကောင်စီရဲ့ နိုင်ငံခြား ဝင်ငွေရလမ်းတွေကို ဆက်တိုက်ဖော်ထုတ်နေတဲ့ အဖွဲ့အစည်းလည်းဖြစ်ပါတယ်။
ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီတွေဟာ ရေနံတူးဖော်တဲ့လုပ်ငန်းကအစ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်း၊ ပစ္စည်းတင်သွင်း ထောက်ပံ့ရေးလုပ်ငန်းတွေအထိ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကဏ္ဍအတွက် အရေးပါတဲ့ အကူအညီ တွေနဲ့ စက်ပစ္စည်းတွေကို စစ်အုပ်စုအတွက် ကူညီထောက်ပံ့ပေးနေတာဖြစ်ပါတယ်။  
ဖော်ထုတ်တွေ့ရှိခဲ့တဲ့ ကုမ္ပဏီတွေထဲက ၈ ခုဟာ အမေရိကန်ပြည်ထောင်စုမှာ အပြည့်အဝ သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း အခြေစိုက်ထားကြပြီး၊ ရေနံနဲ့ သဘာဝဓာတ်ငွေကဏ္ဍမှာ အကြီးဆုံးကုမ္ပဏီတွေ ဖြစ်ကြတဲ့ Halliburton, Schlumberger နဲ့ Baker Hughes တို့ ပါဝင်နေကြပါတယ်။
လက်ရှိမှာလည်း အဲ့ဒီကုမ္ပဏီတွေဟာ မြန်မာနိုင်ငံမှာ ရုံးခွဲတွေ ဖွင့်လှစ်ထားကြပြီး၊ လက်ရှိမှာလည်း ဆက်လက် လုပ်ကိုင်လျှက်ရှိပြီး စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှုကျူးလွန်ရာမှာ အကူအညီအထောက်အပံ့တွေ အဖြစ် ရပ်တည်နေခြင်းဖြစ်တယ်လို့ Justice For Myanmar ရဲ့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း အမေရိကန်က စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီး၊ MOGE ရဲ့ ဦးဆောင် ညွှန်ကြားရေးမှူး၊ ဒုတိယ ဦးဆောင်ညွှန်ကြားရေးမှူးတို့အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပေမဲ့ MOGE တစ်ခုလုံးကို ဒဏ်ခတ်ပိတ်ဆို့တာ လက်ရှိ အချိန်အထိ လုပ်ဆောင်ခြင်းမရှိသေးပါဘူး။
MOGE ဟာ ရေနံနှင့်သဘာဝဓာတ်ငွေ့ကဏ္ဍကို စီမံခန့်ခွဲနေပြီူ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့စီမံကိန်း ကနေစစ်အုပ်စုအတွက် များပြားလှသော နိုင်ငံခြားဝင်ငွေတွေကို ရှာဖွေပေးနေတဲ့ အဖွဲ့အစည်းပဲဖြစ်ပါတယ်။ 
စစ်အုပ်စုက တရားမဝင် ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ဖို့ အမေရိကန်အစိုးရရဲ့ ပျက်ကွက်မှုကြောင့် အခုလို အမေရိကန်ရေနံလုပ်ကွက် ဝန်ဆောင်မှုကုမ္ပဏီ တွေက ဆက်လက် လုပ်ဆောင်ခွင့်ရနေခြင်းလည်းဖြစ်တယ်လို့ Justice For Myanmar ကဆိုပါတယ်။
Justice For Myanmar  ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က
“အမေရိကန် စတော့အိတ်ချိန်း စာရင်းဝင် Halliburton, Diamond Offshore Drilling နဲ့ Schlumberger တို့လို ကုမ္ပဏီကြီးတွေက မြန်မာနိုင်ငံမှာရှိတဲ့ လုပ်ငန်းတွေကို ဆက်လုပ်နေကြပြီး၊ စစ်အုပ်စုကို ရေနံနဲ့ ဓာတ်ငွေ့အခွန်ငွေတွေ ဆက်လက်စီး ဆင်းဖို့ ကူညီပေးနေတာက စိတ်ပျက်ဖွယ်ရာ ဖြစ်ပါတယ်။ သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေက စစ်အုပ်စုကို ကျည်ဆံတွေ၊ ဗုံးတွေနဲ့ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်ရာမှာ လိုအပ်တဲ့ လေယာဉ်ဆီတွေကို ဝယ်ယူနိုင်ဖို့ ကူညီပေးနေပါတယ် ဒီကုမ္ပဏီတွေဟာ စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငွေကြေးထောက်ပံ့တဲ့ ရေနံနဲ့သဘာဝ ဓာတ်ငွေ့စီမံကိန်းတွေကို သိသိကြီးနဲ့ ဝန်ဆောင်မှုပေးခြင်းအားဖြင့် သူတို့ရဲ့ နိုင်ငံတကာ ဥပဒေဆိုင်ရာ တာဝန်တွေကို ချိုးဖောက်ခဲ့ပြီး၊ စစ်အုပ်စုရဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေမှာ ကြံရာပါပတ်သက်နေတာ ဖြစ်ပါတယ်  'ဒါ့ကြောင့် အမေရိကန်နဲ့ သူ့ရဲ့မဟာမိတ်တွေဖြစ်တဲ့ သြစတြေးလျ၊ ကနေဒါနဲ့ ဗြိတိန်တို့အနေနဲ့ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ ပြီး၊ စစ်အုပ်စုဆီကို ငွေကြေးစီးဆင်းမှုတွေ ဖြတ်တောက်ဖို့ ကူညီခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ အတူ ရပ်တည်ပေးဖို့ ကျမတို့ တောင်းဆိုပါတယ်    "





Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️