လေထဲတွင် တိုက်အိမ် ဆောက်နေကြသူများ

စစ်အာဏာသိမ်း အဖွဲ့သည် အကြမ်းဖက် လုပ်ရပ်များမြှင့်တင်ရန် စစ်ဆင်ရေးနည်း လမ်း ငါးသွယ် မဟာဗျုဟာကို ချမှတ်လာပြီ ဖြစ်သည်ဟု ဝါရှင်တန် ရှိ အမျိုးသား စစ်ကောလိပ်မှ မြန်မာ အရေး အနီးကပ်လေ့လာ သုံးသပ်နေသူ ဇာကာရီ အဘူဇာ မှ RFA တွင် ရေးသားလာခဲ့သည်။

အတိုချုပ်တင်ပြရမည် ဆိုက 


(၁) လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် အရပ်သားများကို အဓိက ပစ်မှတ်ထား၍ တော်လှန်ရေး အင်အားစု များ ထောက်ခံမှု ကျဆင်းသွားရန် အမှည့်ချွေ ချွေသွားမည် ဖြစ်သည်။


(၂) NUG ၏ ငွေကြေး ထောက်ပံ့ရေး လမ်းကြောင်းများကို မရမနေ ပိတ်ဆို့ သွားမည် ဖြစ်သည်၊ လက်ရှိတွင် ဘဏ်တိုင်း တွင် စစ်ဗိုလ်များ ချထားပြီး ငွေကြေး လွှဲပြောင်းမှု ကျပ်တသိန်း ကျော် လျှင်ပင် မျက်လုံးဒေါက်ထောက် ကြည့်လာပြီ ဖြစ်သည်။


(၃) NUG အဓိက အင်အားလည်း ဖြစ်၊ အာချီလီ ‌‌ဖနောင့်ကြီးလည်း ဖြစ်နေသည့် တိုင်းရင်းသား အင်အားစုများ နှင့် ပေါင်း
စည်းနေမှု ကို ဖြိုခွဲသွားမည်။


(၄) မြို့ပေါ်ရှိ မြေအောက် ပျောက်ကြားစစ်ဆင်‌ရေး ကို အဓိက ထား ဖြိုခွင်းမည်။


(၅) နောက်ဆုံးတွင် ထိုင်း ကို ပုံတူ ကူးချ၍ “ရွေးကောက်ပွဲ” ဆိုသည်ကို လုပ်မည် အစရှိသည်တို့ ဖြစ်သည်ဟု ဖေါ်ပြထားသည်။


လက်ရှိတွင် မြန်မာ ၏ အခြေအနေသည် ထိန်းချုပ်၍ မရအောင် ဖြစ်လာနေပြီ၏ဟု နိုင်ငံတကာ ရှိ လေ့လာသုံးသပ်သူများက တညီတညွတ်တည်း မှတ်ချက် ချနေချိန်တွင် ဂျကာတာ မှ ထွက်ပေါ်လာသော သတင်းများ ကို အတိုချုပ် သုံးသပ်ရမည် ဆိုက အာဆီယံ သည် အချက် ငါးချက်ကိုသာ ကြက်တူရွေး နှုတ်တိုက် ရွတ်သလို ရွတ်ဆိုနေသည့် အဆင့်က တက်မလာ နိုင်သေး၊ ထိုအထဲမှ အကြမ်းဖက်မှုများ လျော့ကျစေရေး ဦးစားပေး ကြိုးပမ်းသွားမည်၊ ထိုသို့ လျော့ကျသွားမှ စစ်ကောင်စီ ကို ခေါ်ယူ ဆွေးနွေးမည် ဟူ၍ ဖြစ်သည်။


လောလောဆယ်တွင် အင်ဒိုနီရှား မှ ၎င်းတို့၏ နိုင်ငံခြားရေး ဝန်ကြီး ဌာန လက်အောက်ခံ အထူး သံတမန်ရုံး ထားရှိပြီး စစ်အာဏာသိမ်း အဖွဲ့နှင့် အဆင့်နိမ့် သံတမန်ရေးရာ ဆွေးနွေးမှု မျိုး ပြုလုပ်သွားရန် စီစဉ်နေသည်ဟု ဆိုသည်။


အာဆီယံ နိုင်ငံ များ အတွင်း မြန်မာ အရေး အပေါ် စိုးရိမ် ပူပန်မှု အဆင့် မတူညီကြောင်း စင်္ကာပူ နိုင်ငံခြားရေး ဝန်ကြီးက ဝန်ခံပြောဆိုသွားသည်။ ၎င်းတို့ အနေဖြင့် မြန်မာ အရေး ထိထိရောက်ရောက် ဖြေရှင်းဖို့ထက် အသင်းကြီး ပြိုကွဲမသွားအောင် အဓိက ထားနေသည့် သဘောထား များ ထွက်ပေါ်လာသည်။


အင်ဒိုနီရှား သည်လည်း ဟွန်ဆန် ကဲ့သို့ပင် စစ်အာဏာသိမ်း အဖွဲ့ နှင့် ဆွေးနွေးရန် ကြိုးစားလာသည်ပင်။ စစ်အာဏာ
သိမ်း အဖွဲ့သည် အကြမ်းဖက် မှု ကို ၎င်းတို့ အာဏာတည်မြဲရေး အတွက် လက်နက်အဖြစ် အသုံးချနေသည် ဖြစ်၍
မည်သို့များ သဘောတူပေမည်နည်း။


ထိုအတွက်ကြောင့်လည်း ၎င်းတို့ ပြောသည့် အချက် ငါးချက် ကို မင်းအောင်လှိုင် က ဘူးလုံးနားမထွင်း သဘောတူခဲ့သည့် တိုင် နောက်ပိုင်းတွင် အရေးစိုက်စရာ မလိုဟု ယူဆလာခြင်းမှာလည်း အဆန်းတော့ မဟုတ်ပေ။ 


မြန်မာ ပြည်သူများကတော့ လက်ရှိ အာဏာသိမ်း အဖွဲ့ ဆက်လက် အုပ်ချုပ်သွားမည့် အရေးကို လုံးဝ လက်မခံ နိုင်ကြောင်း အသံတိတ် သပိတ်ဆင်နွှဲခြင်း ဖြင့် အာဆီယံ အစည်းအဝေး မစမီ နှစ်ရက်အလို တွင် ထင်ရှားစွာ ပြသခဲ့ကြပြီးလည်း ဖြစ်သည်။


စစ်တပ်မှ အကြမ်းဖက်လုပ်ရပ်များ တိုးမြှင့်ရန် မာရှယ်လောပင် ထုတ်ပြန်လာနေသည့် အချိန်တွင် အာဆီယံသည် လေထဲတိုက်အိမ်ဆောက်နေကြဆဲပင် ဖြစ်သည်။ ဤသို့ဖြင့် မြန်မာ အရေး ဖြေရှင်းရန် မည်သို့မျှ မအပ်စပ်တော့သည့် အဖွဲ့အစည်း ဖြစ်လာ နေပေသည်။


နဂိုကတည်းက အကြံတုံး ညဏ်တုံး ဖြစ်နေသော စစ်ဗိုလ်ချုပ်များသည် အင်ဒိုနီရှား ပုံစံ မဟန်တော့၍ ထိုင်း ကို ပုံတူ ကူးချရန် ကြံစည်နေကြပြီ ဖြစ်သည်။


ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!
လှစိုးဝေ


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️