မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ)

 


 မြိတ်မြို့မှ ပုလောသို့ အင်အား ၃၀၀ ကျော်ဖြင့်တက်လာသော စစ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး စစ်သား ၅၀ ဦးထက်မနည်းသေဆုံး(ရုပ်/သံ) 
ရန်ကုန်၊ ဒီဇင်ဘာ ၃၁ Khit Thit Media 
 တနင်္သာရီတိုင်း၊ မြိတ်မြို့မှ ပုလောမြို့ဘက်သို့ အင်အား ၃၀၀ ကျော်ဖြင့် တက်လာသော အကြမ်းဖက် စစ်တပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား ပလမြို့အထွက်တိုရွာ၊ နန်းပရုပ်ကျေးရွာတို့တွင် တိုက် ပွဲဖြစ်ခဲ့ရာ အကြမ်းဖက် စစ် သား ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း Palaw PDF ထံမှ သိရသည်။ ဒီဇင်ဘာလ ၃၀ ရက်နံနက် ၈ နာရီဝန်းကျင်ခန့်က မြိတ်မြို့မှ ပုလောမြို့ဘက်သို့ တက်လာသော စစ် ကောင်စီယာဉ်တန်းသည် ပလ မြို့မှ အင်အား (၃၀ဝ) ကျော်ဖြင့် အထွက် တိုရွာအရောက်တွင် ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင် အမှတ်(၁)တပ်ရင်းမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲ စတင်ဖြစ်ပွားခဲ့ရာ ယနေ့ ဒီဇင်ဘာလ ၃၁ ရက်နေ့ ညနေ ၃ နာရီခန့်အထိ တိုက်ပွဲဖြစ်ခဲ့ပြီး အ ကြမ်း ဖက်စစ်သား ၅၀ ဦးထက်မနည်းသေဆုံးကာ (၃၀)ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း Palaw PDF က အတည်ပြု ထုတ်ပြန်ထားသည်။ အဆိုပါနှစ်ရက်ဆက် တိုက်ပွဲအတွင်း မိုင်းဆွဲတိုက်ခိုက်မှု ၇ ကြိမ်ရှိခဲ့ကြောင်း၊ ထိတွေ့တိုက်ပွဲ အငယ်စား မြောက်များစွာရှိခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးလည်း မစိုးရိမ်ရ ထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။ ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ပြည်သူ့နေအိမ် တိုရွာမှ ၄၈ လုံး၊ တန်းရှင်းရွာမှ ၇ လုံး၊ သင်္ကန်းတောရွာမှ ၁၄ လုံး၊ စုစုပေါင်းနေအိမ် ၆၉ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။ မိဘပြည်သူ့နေအိမ်များ မီးရှို့ဖျက်ဆီးခံရမှုအတွက် များစွာထပ်တူဝမ်းနည်းရပါကြောင်း၊ ပြည်သူလူထု၏ အသက် အိုးအိမ် စည်းစိမ်ကို ပိုမိုကာကွယ်နိုင်ရန် စွမ်းစွမ်းတမံကြိုးစားသွားမည်ဖြစ်ကြောင်း၊ ခရီးသည် တင် မော်တော်ယာဉ်လိုင်းများနှင့် မိဘပြည်သူများအနေဖြင့် ခရီးသွားလာရာတွင် တိုက်ပွဲဖြစ်ပွား ကြောင်း သိရှိပါက တိုက်ပွဲနယ်မြေသို့ လုံးဝ(လုံးဝ) မလာရောက်ဘဲ ရှောင်ရှားကြရန် ပြည်သူ့ကာကွယ် ရေး တပ်မတော် မြိတ်ခရိုင်တပ်ရင်း ၁ ကထုတ်ပြန်ထားသည်။

Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ