ရုရှားနဲ့တရုတ်တို့ရဲ့ ဒိုင်းကာအောက် ပိုပိုရက်စက်ယုတ်မာလာတဲ့ မြန်မာ စစ်အာဏာရူးများ

မဲခေါင်၊ ဒီဇင်ဘာ ၃၁

ကမ္ဘာ့စီးပွားရေး၊ ငွေရေးကြေးရေးနဲ့ စျေးကွက်သတင်းတွေကို တင်ပြရာမှာ အကြီးဆုံးမီဒီယာကြီးဖြစ်တဲ့ Bloomberg (ကနေဒါ) က မြန်မာနိုင်ငံမှာ ရုရှားနဲ့တရုတ်တို့ ကိုယ်ကျိုးစီးပွားတစ်ခုတည်းသာကြည့်ပြီး အာဏာရူး စစ်ကောင်စီကို ဒိုင်းသဖွယ်ကာကွယ်ပေးနေမှုကြောင့် စစ်ကောင်စီဟာ ပိုပြီး ရက်စက်ကြမ်းကြုတ်လာတာဖြစ် တယ်လို့ အယ်ဒီတာအာဘော်အဖြစ် ဝေဖန်ရေးသားခဲ့ပါတယ်။

ဇူလိုင်လတုန်းက ကိုဂျင်မီ၊ ဇေယျာသော်အပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူလေးဦးကို စစ်ကောင်စီ က သေးဒဏ်စီရင်ခဲ့တော့ အမေရိကန်နဲ့အနောက်နိုင်ငံတွေက ပြင်းထန်စွာဆန့်ကျင်ရှုတ်ချခဲ့ပေမယ့် တရုတ်၊ ရုရှားအပြင် အိန္ဒိယ အစိုးရတို့ဟာ နှုတ်ဆိတ်နေခဲ့ပြီး မြန်မာစစ်ကောင်စီနဲ့ပေါင်းလို့ ကိုယ်ကျိုးစီးပွားသာရှာနေခဲ့ သလို လူ့အခွင့်အရေးဆိုတာကို လုံး၀မျက်ကွယ်ပြုခဲ့တယ်။ ပြီးခဲ့တဲ့လက တက္ကသိုလ်ကျောင်းသား ခုနစ်ဦးကို သေဒဏ် ထပ်ပေးခဲ့ပြီး စုစုပေါင်း သေဒဏ်ပေးခဲ့သူ ၁၃၀ ကျော်ရှိနေခဲ့ပြီဖြစ်ပေမယ့် စစ်ကောင်စီကို တရုတ်နဲ့ ရုရှားက ဒိုင်းသဖွယ် ကာကွယ်ပေးထားဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ တစ်ပတ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီဟာ ရှားရှားပါးပါး အသိအမှတ်ပြုမှုအဖြစ် မြန်မာ့အရေး ပြောင်းလဲပြင်ဆင်ရေးအဆိုကို အတည်ပြုလက်မှတ်ရေးထိုးနိုင်ခဲ့တော့လည်း တရုတ်၊ ရုရှားနဲ့ အိန္ဒိယတို့က မကန့်ကွက်ပေမယ့် ကြားနေနိုင်ငံအဖြစ်သာ မဲမပေးဘဲ လက်ရှောင်ခဲ့ကြတယ်။ ဒီ မြန်မာအရေးပြောင်းလဲမှု အဆိုမှာ အကြမ်းဖက်မှုတွေရပ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထားသူတွေအားလုံး ပြန်လွှတ်ပေးဖို့ဆိုတဲ့ တောင်းဆိုချက်သာပါပြီး အီရန်မှသည် မြောက်ကိုရီးယားအထိ ဒီထက်မက ပြင်းထန်တဲ့ အရေးယူမှုအဆိုတွေထုတ်တုန်းကတောင် ဘာမှ မထိရောက်ခဲ့လို့ စစ်ကောင်စီဟာ တရုတ်၊ ရုရှားရဲ့ အရိပ်မှာ ခိုလှုံပြီး ပြည်တွင်းမှာ ဆန့်ကျင်သူတွေကို အရက်စက်ဆုံး နှိမ့်ကွပ်နေဆဲဖြစ်ပါတယ်။ နိုင်ငံတကာအကျပ်အတည်း အုပ်စု စီနီယာအရာရှိ ရစ်ချက်ဟော့ဆေးက * အိန္ဒိယက ကိုယ့်ဘက်မှာ၊ တရုတ်က ရန်သူမဟုတ်၊ ရုရှားက အင်မတတန်အားကောင်းတဲ့ ကျောထောက်နောက်ခံဖြစ်နေမှတော့ မြန်မာ့အကျပ်အတည်း ဖြေရှင်းနိုင်ဖို့ ၊ရုန်း ထွက်နိုင်ဖို့ မလွယ်တော့ဘူး   * လို့ ပြောသွားခဲ့တယ်။ 

မဲလ်ဘုန်းက လာထရိုဘီတက္ကသိုလ်သုတေသနပညာရှင်လည်းဖြစ် ၂၀၀၇ ခုနှစ်ကစပြီး အရှေ့တောင်အာရှ ဖွံ့ဖြိုး တိုးတက်ရေးအကြောင်းတွေကို သုတေသနပြုခဲ့တဲ့ ဟန်တာမာစတန်ကလည်း * စစ်အာဏာရှင်တွေဟာ နိုင်ငံတကာရဲ့ ပိတ်ဆို့အရေးယူမှု၊ ပြင်းထန်သောဖိအားပေးမှုအားလုံးကို ဂရုကိုမစိုက်တာ။ ဘယ်နိုင်ငံကမှ မြန်မာ နိုင်ငံအရေးအတွက် စစ်သားတွေစေလွှတ်ပြီး တိုက်ပေးမှာမဟုတ်တာကို သိနေတော့ ပြောင်းလဲပေးဖို့အကြောင်း ပြချက်က သူတို့မှာမရှိဘူး။ သူတို့အကျိုးစီးပွားအတွက်သာဖန်တီးစေမယ့် စီပွားရေးဖော်ဆောင်မှုတွေ ဆက်လုပ် နေမှာပဲ*** လို့ သုံးသပ်သွားခဲ့တယ်။

မြန်မာအခြေစိုက် ရုရှားသံမှူးက မြန်မာ့အရေးဟာ တခြားနိုင်ငံပြည်တွင်းရေးဖြစ်လို့ သူတို့ဘယ်တော့မှ ဝင်မပါ ဘူး။ မြန်မာ့အရေး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပြီး ဆွေးနွေးအဖြေရှာဖို့ကို သာ ထောက်ခံတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ပြောသွားခဲ့တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဒီနှစ်ဆန်းပိုင်းထဲ မြန်မာကို လာရောက်လည်ပတ်တော့ စစ်ကောင်စီအစိုးရနဲ့ သူတို့နိုင်ငံဆက်ဆံရေးက ခိုင်မာမြဲမြံ၊ ကြားလူဖျက်လို့ မရအောင် တည်ရှိနေဆဲဖြစ်ကြောင်း၊ တရုတ် - မြန်မာ စီးပွားရေးစင်္ကြန်ကြီးအတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက် မှုအခြေအနေတွေကို ချီးကျူးကြောင်းပြောသွားတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် စစ်ကောင်စီဟာ မြန်မာ့စီးပွားရေးကို တည်ငြိမ်အောင် မလုပ်နိုင်သေးပါဘူး။ ဒီနှစ် ဘဏာရေးနှစ်ရဲ့ ပထမရှစ်လ စာရင်းချုပ်ရာမှာ ရင်းနှီးမြှုပ်နှံမှုပမာဏက ဒေါ်လာ ၁ . ၄၆ ဘီလီယံပဲရှိပြီး ရှေ့ တစ်နှစ်က ရင်းနှီးမြှုပ်နှံမှုပမာဏထက် ၅၆ . ၄ ရာခိုင်နှုန်းတောင် ကျဆင်းသွားရပါတယ်။ သေချာတာကတော့ စစ်ကောင်စီဟာ တရုတ်၊ ရုရှားတို့နဲ့ ပလူးပလဲ ဆက်ဆံနေပြီး စီးပွားရေးလုပ်ကွက်တွေကို စာချုပ်တွေချုပ်နေခဲ့ကြ တာပဲ။ တရုတ်က မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးရှိမယ်လို့ ယုံကြည်ရပေမယ့် စစ်ကောင်စီ ပြတဲ့စာရင်းနှာ တရုတ်ရဲ့ ဒီရှစ်လအတွင်း ရင်းနှီးမြှုပ်နှံငွေဟာ ဒေါ်လာ သန်း ၁၀၀ တောင် မပြည့်ခဲ့ဘူး။   စင်ကာပူးက မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံအဖြစ် ရှိဆဲလို့ ဖော်ပြကြပြန်တယ်။ 

အမေရိကန်ရဲ့ လုံခြုံရေးဆိုင်ရာအကြီးမားဆုံးမဟာမိတ်ဖြစ်တဲ့ ဩစတြေးလျဟာလည်း စစ်ကောင်စီကို ရှုတ်ချတာ ထက်ပိုတဲ့ လုပ်ရပ်မလုပ်ဘူး။ ပိတ်ဆို့အရေးယူမှုလုပ်ဖို့တောင် ငြင်းဆန်ပြီး မြန်မာမှာ အခြေစိုက်တဲ့ ရင်းနှီးမြှုပ်နှံမှု တွေကနေရမယ့် အမြတ်တွေကိုပဲ အဓိက ရှေးရှုနေတယ်။ ဂျပန်လည်း မြန်မာမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ငဲ့ညှာနေ တယ်။ အရင် NLD အစိုးရလက်ထက်က လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီး လက်ရှိ NUG ဝန်ကြီး ဦးစိုးသူရထွန်းက *   တရုတ်နဲ့ရုရှားဆိုတာ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးဆိုတာထက် သူတို့အကျိုးစီးပွား သီးသန့်သာကြည့်ကြတဲ့နိုင်ငံတွေပါ။ သူတို့က စစ်ကောင်စီနဲ့ ဆွေးနွေးမှုတွေလုပ်နေတာ မြန်မာဆီက ကာလရှည် အကျိုးအမြတ်တွေကို အဦးဆုံးဖမ်းဆုပ်ရယူဖို့ စီမံကိန်းတွေ လက်မှတ်ထိုးနိုင်ရေးပဲဖြစ်တယ်။

စင်ကာပူနိုင်ငံ ISEAS-Yusof Ishak Institute က မ မိုးသူဇာက * ဂျပန်နိုင်ငံသားပြန်လွှတ်ပေးသလို ဩစတြေးလျပါမောက္ခလည်း ပြန်လွှတ်တယ်။ နိုင်ငံခြားသား အကျဉ်းသားတွေကိုလွှတ်ပေးတယ်။ တကယ် သေဒဏ်တွေ ချမှတ်ခံနေရတာက မြန်မာတွေပဲဆိုတာကို သတိပြုသင့်တယ်။ ဒီလို ရေလိုက်ငါးလိုက် အစိုးရတွေရဲ့ သံတမန်စွမ်းဆောင်ရည်ပိုင်းက အဆုံးသတ်မှာ ကျွန်မတို့ မြန်မာတွေပဲ သေဒဏ်ပေးခံရခြင်းနဲ့ အဆုံးသတ်ရ တယ်*** လို့ ဝေဖန်သုံးသပ်ခဲ့တယ်။

ဒီရက်ပိုင်းထဲ NUG  အစိုးရက စစ်တပ်ကြောင့် မြန်မာပြည်သူပြည်သား ၂၆၀၀ ကျော်၊ ဒီအထဲမှာ ကလေးသူငယ် ပေါင်း ၁၆၅ ယောက် သတ်ခံရပြီးဖြစ်တယ်လို့ ကြေညာခဲ့တယ်။ ဒါကြောင့်  Bloomberg (ကနေဒါ) က အယ်ဒီတာ အာဘော်အဖြစ် ရုရှားနဲ့တရုတ် ဒိုင်းကာပေးထားခြင်းနဲ့ စစ်ကောင်စီဟာ ပိုပြီး ရက်စက်ယုတ်မာလာတယ် (Shielded by Russia and China, Myanmar’s Tactics Turn More Brutal) ဆိုတဲ့ခေါင်းစဉ်နဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ရေးသားဖော်ပြသွားတာပဲဖြစ်ပါတယ်။

MKF - 001
#MeKongNews
Ref:Bloomberg.ca


Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ