ဂီတဖျော်ဖြေမှုများ ရပ်ကွက် တစ်ခုလျှင် လူ ၅၀ ပေးရန်စုခိုင်း

စစ်ကောင်စီက ဂီတဖျော်ဖြေမှုများဖြင့် နှစ်သစ်ကူးပွဲကို တိုက်ရိုက် ထုတ်လွှင့် မည် ဖြစ်၍ စည်ကား မှု ပြသရေး စက်မှုဇုန်များ၊ ဌာနရုံးများ  မဖြစ်မနေ ပွဲတက် ရန်  အမိန့်ထုတ်၊ ရပ်ကွက် တစ်ခုလျှင် လူ ၅၀ ပေးရန်စုခိုင်း

ရန်ကုန်၊ ဒီဇင်ဘာ ၃၁ ခေတ်သစ်မီဒီယာ

စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် ယနေ့ည တေးဂီတဖျော်ဖြေပွဲများဖြင့် နှစ်သစ်ကူး ညကို ကျင်းပမည်ဖြစ်ပြီး စည်ကားမှု ပြသနိုင်ရေး စက်မှုဇုန်များ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်များမှ ဝန်ထမ်းနှင့်ပြည်သူများ မဖြစ်မနေ ပွဲ တက်ရန် အမိန့်ထုတ်ထားကြောင်း သိရှိရသည်။  

နှစ်သစ်ကူးညပွဲများကို ရုပ်မြင်သံကြားလိုင်းများမှ တစ်ဆင့် တိုက်ရိုက်ထုတ် လွှင့် မည်ဖြစ်၍ စည်ကားမှု ပြသနိုင်ရေး စက်မှုဇုန်များမှ အလုပ်သမားများ၊  ဝန် ထမ်း မိသားစုများ မဖြစ်မနေ တက်ရောက်ခိုင်းနေကြောင်း သိရှိရသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့ညတွင် နှစ်သစ်ကူးပွဲများ ကျင်းပရန် စစ်ကောင်စီက နေပြည်တော်၊ ရန်ကုန် နှင့် မန္တလေးမြို့တို့တွင် ညမထွက်ရ အမိန့် ထုတ်ပြန် ထားမှုကို တစ်ရက်တာ ပယ်ဖျက်ထားပြီး ပွဲတော်များ ကျင်းပမည်ဟု ကြေညာ ထားရာ အဆိုပါ နှစ်သစ်ကူးပွဲများကို စစ်ကောင်စီ၏ ဝါဒဖြန့် မီဒီယာများမှ တိုက် ရိုက်ထုတ်လွှင့်မည်ဖြစ်သဖြင့် လူစည်ကားကြောင်း ပြသနိုင်ရန် မဖြစ် မနေ လူစုခိုင်းနေခြင်းဖြစ်ကြောင်း သိရှိရသည်။ 

"ဒီနေ့ညလုပ်မယ့် ရန်ကုန်ကနှစ်သစ်ကူးပွဲမှာ စစ်ကောင်စီ က ရန်ကုန်တိုင်း မှာ ရှိတဲ့ စက်မှုဇုန် ၂၉ ဇုန်ကနေ ၁ ဇုန်ကို လူအယောက် ၅၀ ပို့ပေးရမယ် လို့အမိန့် ထုတ်တားတယ်။ မစည်ကားတာကို စည်ကားပြမယ်။ ရုပ်/သံတွေက တိုက် ရိုက် ထုတ်လွှင့်မယ်ပြောတယ်။ ဘီယာ နဲ့ အမြည်းကလည်း Free  တဲ့ အဝစား အဝသောက်။   ဒံပေါက်ကျွေးမယ် ဘီယာတိုက်မယ်ဆိုပြီးလိုက်ကြဖို့ ဇွတ်တွေ စာရင်းပေးခိုင်းနေတယ်" ဟု စက်မှုဇုန်တစ်ခု၏ စီမံခန့်ခွဲရေး အဖွဲ့ဝင်တစ်ဦးက ရန်ကုန်ခေတ်သစ်ထံသို့ ပြောဆိုသည်။ 

ထို့ပြင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် နေပြည်တော်ရှိ ဝန်ထမ်းများ အားလုံး အနေဖြင့် ယနေ့ ညပြုလုပ်မည့် နှစ်သစ်ကူးည ပျော်ပွဲရွှင်ပွဲများကို မိသားစုနှင့် အတူ မဖြစ်မနေ တက်ရောက်ရမည်ဖြစ်ပြီး ရုပ်မြင်သံကြားမှ တိုက်ရိုက် ထုတ် လွှင့် ချိန်တွင် လူမရှိသကဲ့သို့ လုံး၀ (လုံး၀) မဖြစ်စေရန်၊ စည်ကားနေမှုကို ပြသ ကြ ရန် သက်ဆိုင်ရာ ဝန်ကြီးဌာန အလိုက် ညွှန်ကြားချက်များ ထုတ်ပြန် ထား ကြောင်း သိရှိရသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများကိုလည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပ မည့် ရန်ကုန်တိုင်းစစ်ကောင်စီ၏ နှစ်သစ်ကူးညပွဲသို့ တစ်ရပ်ကွက်လျှင် လူဦး ရေ ၅၀ မဖြစ်မနေ လာရောက်ရန်၊ ကြို/ပို့ကားများ စီစဉ်ထားပြီး လာရောက် သူများကို  ငွေကျပ် ၁၀၀၀၀ ပေးမည်ဟု ပြောဆို စည်းရုံးခိုင်းနေကြောင်း သိရှိရသည်။ 

မန္တလေးတွင်လည်း တိုင်းစစ်ကောင်စီက စီစဉ်ထားသည့် နှစ်သစ်ကူးည ပျော်ပွဲ ရွှင်ပွဲ ကို မန္တလေး မန္တလာသီရိ အားကစားကွင်းတွင် ကျင်းပမည် ဖြစ်ပြီး ယင်းပွဲသို့ တက်ရောက်ကြရန် လော်စပီကာဖြင့် ရပ်ကွက်များသို့ လိုက်လံ အသိပေး အော်ဟစ်နေကြောင်း သိရှိရသည်။ 

"မန္တလေးမှာ ဝန်ထမ်းတွေ လာရမယ်ဆိုပြီးအမိန့်ထုတ်ထားပါတယ်။ ကြေညာ တာ တောင် ရဲကားနဲ့ပတ်ကြေညာတာပါ။ LED  ဘုတ်နဲ့။ ၃၁ရက်နေ့မှာ ဝန်ထမ်းတွေအကုန်လုံးကို မန္တလာသီရိအားကစား ကွင်းမှာ ညစာစား ပွဲ တက် ရမယ်ဆိုပြီး ပြောထားတယ်။ ဝန်ထမ်းမိသားစုတွေနဲ့ ဝန်ထမ်း တွေကိုလည်း အကုန်နီးပါးခေါ်ထားပါတယ်" ဟု မန္တလေးဒေသခံတစ်ဦးက ပြောဆိုသည်။ 

စစ်ကောင်စီက နေပြည်တော် ရေပန်းဥယျာဥ် တွင် နှစ်သစ်ကူးပွဲ စီစဉ်ထားပြီး  မြန်မာပြည်သိန်းတန်၊ D ဖြိုး၊ ဂျေမိုင်းမိုင်တို့ကို ဖျော်ဖြေရန် ငှားရမ်းထား ကြောင်း၊ ရန်ကုန် ပြည်သူ့ရင်ပြင်တွင် နှစ်သစ်ကူးပွဲကို  ရန်အောင်၊ ရဲအောင်၊  မေသန်းနု၊ ဂျက်မြသောင်း၊ ပြည်မိုး၊ စိန်လင်း၊  ဘုန်းလျှံ၊ လှမျိုးသဉ္ဇာနွယ်၊ ပွင့်နဒီမောင်၊ သဉ္ဇာမြင့်မိုရ်၊ စိုးသီဟ၊ ဝေလျှံ၊ ဂျင်းနီ၊ ဆူဇီ၊  စိုးထက်အောင်၊ ထွန်းပပအောင်၊ ပူတူးနှင့် ပြုံးအသင်္ချေ၊ ယွန်းသီရိကျော်တို့ကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊  မန္တလေး မန္တလာသီရိအားကစားကွင်းတွင် နှစ်သစ်ကူးပွဲ ကျင်းပမည်ဖြစ်ပြီး ချစ်ကောင်း၊ သားစိုး၊ချယ်ရီသင်းအပါအဝင် အဆိုတော် များကို ဖျော်ဖြေရန် ငှားရမ်းထားကြောင်း၊  နှစ်သစ်ကူးပွဲ အားလုံးကို စစ်ကောင် စီ၏ ဝါဒဖြန့် ရုပ်မြင်သံကြားလိုင်းအားလုံးမှ တိုက်ရိုက် ထုတ်လွှင့်ရမည် ဖြစ်ကြောင်း သိရှိရသည်။





















Comments

Popular posts from this blog

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့သမီး ခင်သီရိသက်မွန်၊

ကိုယ့်အလှည့် ကျမှစောက်စိတုန်ပြမနေနဲ့

ထိုင်းရွေးကောက်ပွဲ Move Forward ပါတီ အနိုင်ရ

မန္တလေးတိုင်း NLD ပါတီဒုဥက္ကဋ္ဌ ဒေါ်ဝင်းမြမြ လွတ်ရက်စေ့လို့ ပြန်လွတ်လာ

ပြည်ထောင်စုစာရင်းစစ်ချုပ်သမီး ခိုင်ငွေနှင်းဇော်

ဒုချူပ်စိုးဝင်းမိသားစု

ကြံဖွတ်ခေါင်းဆောင်ခင်ရီရဲ့ သားနဲ့သမီးနှစ်ယောက်‼️‼️