ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၃၃ နှစ်ချမှတ်မှု အမေရိကန်နှင့် ဥရောပသမဂ္ဂက ရှုတ်ချ ၊

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ကို
 နိုင်ငံရေးကဖယ်ထုတ်ရေး 
စစ်တပ်က ကြိုးစားနေ


ရန်ကုန်၊ ဒီဇင်ဘာ ၃၁  ခေတ်သစ်မီဒီယာ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက  ထောင်ဒဏ်အ ၃၃ နှစ်ချမှတ်မှုအပေါ် အမေရိကန်နှင့်ဥရောပသမဂ္ဂက ရှုတ်ချ လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးက ဖယ်ထုတ်ရေး စစ်တပ်က ကြိုးစားနေကြောင်း ဥရောသမဂ္ဂက တရားဝင် ထုတ်ပြန်သည်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူက “နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်တဲ့ နောက်ဆုံးစီရင် ချက်ဟာ တရားမျှတမှုနဲ့ တရားဥပဒေစိုးမိုးရေးကို ဆန့်ကျင်ပါတယ်” ဟု ပြောဆိုသည်။ 

ဥရောပသမဂ္ဂကမူ စစ်တပ်အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးမှ ဖယ် ထုတ်ရန် ကြိုးစားနေသည့် လုပ်ရပ် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် သည်။ 

“ဒီစစ်ဆေးမှုတွေဟာ ဥပဒေလုပ်ထုံးလုပ်နည်းနဲ့ လိုအပ်တဲ့ တရားစီရင်ရေး ဆိုင်ရာ အာမခံချက်တွေကို လေးစားမှုမရှိဘဲ ဒီမိုကရေစီနည်းကျ ရွေးချယ် တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးဘဝကနေ ဖယ်ထုတ်ဖို့  ကြိုးပမ်းမှုဖြစ်တယ်" ဟု ဥရောပသမဂ္ဂ ပြောခွင့်ရပုဂ္ဂိုလ်က ပြောဆိုသည်။ 

ပြင်သစ်နိုင်ငံကမူ  ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့် အပါအဝင် မတရားဖမ်းဆီးခံထားရသူများ အားလုံးကိုချက်ချင်းပြန်လွှတ်ပေးရန် ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် တရားဝင် သတင်းထုတ်ပြန် တောင်းဆိုသည်။ 

ကုလသမဂ္ဂလုံခြုံရေးကောင်စီက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်း စုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံးကို ချက်ချင်း လွှတ် ပေးရန်၊ စစ်တပ်၏ အကြမ်းဖက်မှုများကို ရပ်ဆိုင်းရန် အပါအဝင် မြန်မာ့အရေး ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ပြီးဖြစ်သော်လည်း အကြမ်းဖက် မင်းအောင် လှိုင် နှင့် စစ်တပ်က လိုက်နာရန် ငြင်းဆန်နေသည်။



Comments

Popular posts from this blog

ဝင်းနိမ္မိတာရုံ ဆရာတော် လိုက်ပါလာတဲ့ ကားကို ပစ်ခတ်သူတွေဟာ ကျောက်ဆည်တပ်နယ်က ဗိုလ်မှူး မိုးမင်းဦးနဲ့ ငါန်းဇွန် ပျူ ခေါင်းဆောင် မျိုးမင်းခိုင်တို့ အဖွဲ့ ဖြစ်

ဆရာတော်ကို စစ်တပ်က ပစ်သတ်မှု နိုင်ငံတစ်ဝန်း သံဃာတော်များ အကြား ရိုက်ခတ်မှု ပြင်းထန်နေ

ပဲခူးမြို့ ဝင်းနိမ္မိတာရုံဆရာတော်ကြီး၏ အန္တိမအဂ္ဂိစျာပနကို ဇွန်လ၂၇ ရက် တွင်ပြုလုပ်မည်

ခွဲတမ်းရ စားအုန်းဆီများကို ထွေ/အုပ် အပါအဝင်အာဏာပိုင်များနှင့်ပေါင်း၍ ပြင်ပသို့ ရောင်းချ

ဦးဇော်ဇော်ရဲ့ ဧရာဝတီဘဏ်နဲ့ ဦးနေဝင်း 'မြေး' တို့ရဲ့ အသစ်ပြန်ဖြစ်လာတဲ့ ပြဿနာ

အီတလီတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်သည့် ဂုဏ်ထူးဆောင်နိုင်ငံသားဆု သားဖြစ်သူ တက်ရောက် လက်ခံ

နိုင်ငံခြားငွေ ပြတ်လပ်သော စစ်ကောင်စီက ပြည်ပရောက် မြန်မာအလုပ် သမား များထံမှ ဒေါ်လာရရန် နည်းမျိုးစုံဖြင့် ကြိုးပမ်း

ရှင်းတမ်းကျမ်းပြုအကျော်အမော်ဆရာတော်အကြမ်းဖက်စစ်တပ်၏ သေနတ်နှင့် ပစ်ခတ်မှုကြောင့် ပျံလွန်တော်မူl

နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော် ကာအိန္ဒြေပျက်ပြားအောင်နှိပ်စက်ခံရ