Posts

Showing posts from March 29, 2023

မယ်ခါးထာ့စခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီဘက် က ၄၈ ဦးသေဆုံးဟုဆို

Image
အောင်လေး၊ Salween Press  မတ်လ၂၈ ရက်၂၀၂၃ KNU တပ်မဟာ ၅ ဒေသ သံလွင်းကမ်းနားရှိ မယ်ခါးထာ့စစ်ကောင်စီတပ်စခန်းနှင့်လယ်တိုးစခန်းနှစ်ခု ဒီနေ့မနက်တွင် တစ်ပြိုင်နက်တိုက်ခိုက်ခံရပြီး စစ်ကောင်စီဘက်မှ ၄၈ ဦးသေဆုံးကာ တစ်ခုသိမ်းပိုက်ခံရတယ်လို့ KNU သတင်းရင်းမြစ်ကဆိုပါတယ်။  KNU မူတြော်ခရိုင်တပ်မဟာ၅အုပ်ချုပ်နယ်မြေတွင်အခြေချကျူးကျော်နေထိုင်သည့်လယ်တိုးစခန်းနှင့်မယ်ခါးထာစခန်းကို ယနေ့မနက်၆နာရီဝန်းကျင်တွင်knlaပူးပေါင်းအဖွဲ့မှတိုက်ခိုက်ခဲ့တယ်လို့knuနဲ့နီးစပ်သည့်သတင်းရင်းမြစ်ကပြောသည်။ “အဓိကတိုက်တာမယ်ခါးထာစခန်းကိုသိမ်းတာ။ တိုက်ပွဲကတစ်နာရီဝန်းကျင်ဘဲကြာတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကဆိုပါတယ်။  စခန်းသိမ်းပြီးမီးရှိုပြီးနောက်စစ်ကောင်စီဘက်မှတိုက်လေယာဉ်ဖြင့်မယ်ခါးထာစခန်းထဲသို့လာရောက်ဗုံးကျဲခဲ့တယ်လို့ဆိုပါတယ်။ကျဲချတဲ့ဗုံးသီးကြောင့်ထိုင်းဘက်ခြမ်းရှိ မယ်ခါးထာရွာဘက်သို့ကျည်ခွံအပိုင်းအစလွင့်စင်တာရှိတယ်လို့မယ်ခါးထာမှဒေသခံတစ်ဦးကဆိုပါတယ်။ ထိုစခန်းသိမ်းတိုက်ပွဲတွင်စစ်ကောင်စီဘက်မှ၄၈ဦးသေဆုံးကာ အချို့လည်းထွက်ပြေးလွတ်မြောက်သွားတယ်လို့ကရင်လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဉီးကပြောပါတယ်။ “ဒီထက်မကလည်းသေနိုင်တယ်။ သေချာမစီစစ်ရသေးဘူး knlaပူးပေ

"နေပျော်သေးရဲ့လား သူငယ်ချင်းတို့"

Image
"တပ်မတော်အရာရှိဟောင်းတစ်ဦးမှ Hlaing Info သို့ ပေးပို့လာသော  စာ" ခွင့်ပြန်ဖို့ အချိန်ကောရကြသေးရဲ့လား။ ခွင့်ရရင်ရော အရင်လို အိမ်ကို ဆောင့်ကြွားကြွား ပြန်ရဲကြသေးရဲ့လား။ အိမ်ပြန်ရောက်ရင်ရော အရင်လိုသူငယ်ချင်းတွေ မိသားစုတွေနဲ့ ဟိုနားဒီနား သွားရဲကြသေးရဲ့လား။ အရင်တုန်းက သူငယ်ချင်းတွေကရော မင်းကိုအရင်လိုအထင်ကြီး လေးစားနိုင်ကြသေးရဲ့လား။ အရင်လိုရော အဖက်လုပ်ကြသေးရဲ့လား။ ပြောရရင်ဆုံးတော့မှာ မဟုတ်။ ဒီနှစ်နှစ်အတွင်းမှာ စစ်တပ်ဟာ ဥပဒေက ကင်းလွတ်ခွင့်ရထားတဲ့ လူသတ်မုဒိန်းကောင်လိုပဲ ပြုမူလုပ်ကိုင်ခဲ့သမျှအားလုံးက မင်းတိုရဲ့ယူနီဖောင်းမှာ စွန်းထင်းပေကျံနေခဲ့ပြီ။ အဲဒီအတွက် ပြည်သူတွေရဲ့အသွေးထဲ၊ အသားထဲ၊ နှလုံးသားထဲ တောက်လောက်နေတဲ့ နာကျည်းမှုမီးတောက်တွေက မီးသတ်ဌာနခေါ်ပြီး ဥုံဖွလုပ် ငြိမ်းလိုရတဲ့မီး မဟုတ်။ ရက်စက်ယုတ်မာမှုတွေကို မင်းတို့ကိုယ်တိုင်က ကာယကံမြောက်ကျူးလွန်ထားရင်တော့ သိကြားမင်းလည်း ဆင်းမကယ်နိုင်တာမို့ ဝဋ်လည်မယ့်နေ့သာ ထိုင်စောင့်။ မင်းမပါခဲ့ဘူးဆိုရင်တော့ ကိုယ့်ဘဝအတွက် ကိုယ်စဥ်းစားရမယ့် နောက်ဆုံးအချိန်ရောက်ပြီဆိုတာ လာသတိပေးတာ။  မင်းတို့ရဲ့ဘဝတွေက အောက်ခြေနားမှာ နေရသူတွေမို့ သေစရာရှိရင်လည်း ရှေ့ဆုံး