နောက်ပြန်ဆွဲထားတဲ့စိတ်အမျိူးအစားအကြောင်း
ဆောင်းပါးမရေးရတာကြာလို့ Mind Set လူ့စိတ်အကြောင်းပါ နောက်ပြန်ဆွဲထားတဲ့စိတ်အမျိူးအစားအကြောင်းပါ အမှန်ကိုသိနေတယ် လက်ခံဖို့ကိုတင်းထားတာ ဖက်ဒရယ်ဒီမိုကရေစီစနစ်ဟာ အရမ်းအောင်မြင် တယ်ဆိုကိုသိတယ် လက်မခံချင်တာ စစ်ဘုရင်ဘဝကိုပဲနောက်ပြန်ဆွဲချင်နေတာ ပြည်သူကိုဘုရင်နဲ့ခရိုနီကခိုင်းစားတဲ့စနစ် ကိုပဲဖက်ကိုင်ထားချင်တာ မျိူးဆက်ကိုပါပေးဖို့ကြိုးစားတာ ၂၀၂၃မှာ ၁၆နှစ်အရွယ်ရောက်လူငယ် တွေစိတ်ထဲမှာ စစ်ဘုရင်စနစ်ကိုလက်ခံသူ ရှိနိုင်ပါ့မလား စာတွေဖတ်ထားတာပဲ အဲ့ဒါကြောင့် GZ ဆိုတာပေါ်လာတာ အဲဒီတော့သူတိုဖက်ကဝါဒတရပ်သုံးစရာ တခုပဲကျန်တော့တယ် ဗုဒ္ဓဘာသာကိုးကွယ်သူ ဗမာတွေပဲ၊ အမျိူး ဘာသာ သာသနာ ဆိုတဲ့ အရာနဲ့ချည်နှောင်ဖို့လုပ်တယ် အမျိူး ——— ဗမာကလွဲလို့ကျန်တဲ့အမျိူးတွေကဘင်္ဂလားပင် လယ်အော်ထဲခုန်ချပေးရမှာလား တနိုင်ငံလုံးလို့မပြောနဲ့ မဘသထဲမှာကျန်တဲ့ဘာ သာဝင်တွေမပါဖူး ကချင်တို့ချင်းတို့မပါဖူး ကရင် မွန်နဲ့ရခိုင်ကိုတော့နဲနဲစည်းရုံးလို့ရမယ် ဘာသာတူတာရှိလို့ ဘာသာ ———— ဒီထက်ဆိုးလာရင် တရုတ်ပြည်မှာလို အခြားဘာ သာကိုးကွယ်တဲ့တရုတ်လူမျိူးစုတခုကိုသန်းနဲ့ ချီပြီးဖမ်းထားသလိုတောင်လုပ်လာနိုင်တယ် သာသနာ ———— ဒီစကားရပ်က ဘာသာထဲမှာပါပြီးသား ထပ်ကွန့်တာ လူတွေကို...