Posts

Showing posts from December 17, 2022

ထောက်ပို့ရဟတ်ယာဉ် ၁ စီး ကျည်မှန်ပြီး သုံးမရ

Image
နမ့်ဆန်တိုက်ပွဲတွင် TNLA၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ရဟတ်ယာဉ် ၁ စီးကို   ကျည်ထိမှန်ပြီး သုံးမရတော့ဟုဆို ရန်ကုန်၊ ဒီဇင်ဘာ ၁၈  ခေတ် သစ် ရှမ်းပြည်နယ်၊ နမ့်ဆန်မြို့နယ်တွင် ဒီဇင်ဘာလ ၇ ရက်နေ့မှ ဒီဇင်ဘာလ ၁၂ ရက်နေ့ အထိ ၅ ရက် အကြာ ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် TNLA ၏ ပစ်ခတ်မှုကြောင့် စစ်တပ်ဘက်မှ ထောက်ပို့ ရဟတ် ယာဉ် ၁ စီး လက်နက်ငယ်ကျည် ထိမှန်ပြီး သုံးမရတော့ ကြောင်း လေတပ်သတင်းရင်းမြစ်က ပြော သည်။  ဒီဇင်ဘာလ ၇ ရက်နေ့တွင် စစ်တပ်က ထောက်ပို့ရဟတ်ယာဉ်များဖြင့် စစ်သည်များကို ချထားပေးပြီး နမ့်ဆန်မြို့နယ် ကုန်းသာကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယင်းနောက် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သဖြင့် ထောက်ပို့ ရဟတ်ယာဉ်များဖြင့် လက်နက်ခဲယမ်းများ ချထားပေးခြင်း၊ စစ်အင်အား များ တိုးမြှင့်ချထားခြင်းများ လုပ်ဆောင်ခဲ့ ကြောင်း၊ ထိုသို့ လုပ်ဆောင်စဉ် TNLA၏ ပစ်ခတ်မှုကြောင့် ထောက်ပို့ ရဟတ်ယာဉ် ၁ စီး ကျည်ထိမှန်သွားပြီး အရေးပေါ် ဆင်းသက်ခဲ့ရကြောင်း၊ လက်ရှိတွင် ကျည်ထိမှန်ထားသော ရဟတ်ယာဉ်သည် သုံးမရတော့ကြောင်း လေတပ် သတင်းရင်းမြစ်က ပြော သည်။  "ရဟတ်ယာဉ် အပစ်ခံရတာမှန်တယ်။ ထိသွားတယ်။ အခုထက်ထိတော့ မပြင်ရသေးလို့ ဒီအတိုင

NDAA အပေါ် သူတို့အမြင်

Image
အမေရိကန် ကာကွယ်ရေး အသုံးစရိတ် ဥပဒေ သည် နှစ်ပေါင်း ၆၁ နှစ် တိုင် နှစ်စဉ်လိုလို အချိန်မီ ပြဌာန်း နိုင်ခဲ့သဖြင့် ယခုတကြိမ်လည်း နှစ်မကူးမီ သမ္မတ ဂျိုးဘိုင်ဒင်မှ သေချာပေါက် လက်မှတ် ရေးထိုးတော့မည် ဖြစ်သည်။ ထိုဥပဒေတွင် ယခုနှစ် ထူးခြားချက် အဖြစ် မြန်မာ ဒီမိုကရေစီ အရေး လှုပ်ရှားမှုများကို အကူအညီပေးနိုင်ရန် BURMA ACT ကို ထည့်သွင်းလာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ ဥပဒေအား အောက်လွှတ်တော်မှ ယခုနှစ် ဧပြီလ တွင် အတည်ပြု ပေးခဲ့သော်လည်း ဆီးနိတ်တွင် ဆွေးနွေး အတည်ပြုသည့် အဆင့်အထိ ရောက်မလာခဲ့၍ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ ဥက္ကဌ ဂရီဂိုရီ မိခ် (ပုံတွင်ရှု) မှ NDAA တွင် ထည့်သွင်းလိုက်ခြင်းပင် ဖြစ်သည်။  ရှေ့နေတဦးလည်း ဖြစ်သော မစ္စတာ မိခ် သည် ၁၉၉၈ မှ စ၍ နယူးယောက် အမှတ် (၅) မဲဆန္ဒနယ်မြေ ကိုယ်စားပြု အောက်လွှတ်တော် ကိုယ်စားလှယ် အဖြစ် ထမ်းဆောင်ခဲ့သည်မှာ  သက်တမ်း အားဖြင့် ဆယ်ကြိမ် ရှိလာခဲ့ပြီ ဖြစ်သည်။  BURMA ACT ဖြင့် အမေရိကန် အစိုးရသည် အမျိုးသား ညီညွတ်ရေး အစိုးရနှင့် တိုက်ရိုက် ထိတွေ့ ဆက်ဆံခွင့် ရရှိသွားခဲ့ပြီ ဖြစ်သည်၊ ယင်းနှင့်အတူ အာဏာသိမ်း စစ်ကောင်စီ နှင့် ၎င်းတို့အား ထောက်ခံနေသူများ အား ပိတ်ဆို့ အရေးယူနိုင်မည

ကမ္ဘာမကျော်တဲ့အညာသူကြီးတွေ

Image
ရော်နယ်ဒိုတို့... နေမာတို့ငိုပြလိုက်တယ်... ကမ္ဘာကျော်တွေရဲ့မျက်ရည်... တကမ္ဘာလုံးကြွေပေါ့..... ကမ္ဘာမကျော်တဲ့... အညာသူကြီးတွေရဲ့မျက်ရည်... လူမသိသူမိသိ... ကမ္ဘာကြီးလည်းမသိ...                           M ! N G Y !  .....

ကြိုးမညှိပဲ ဂစ်တာတီးတဲ့သောင်းလှိုင်သား

Image
ဒုဗိုလ်ချုပ်ကြီးဂွမ်မော်ပြောသလို “ညှာညှာတာတာပြောရမယ်ဆိုရင် ဗိုလ်ချုပ်မှုးကြီးက ကြိုးမညှိပဲ ဂစ်တာတီးနေတယ်လို့ ဥပမာပေးချင်တယ်” နမ့်ဆမ်က မြေဩဇာ၅၀ အကျယ်ချဲ့ကြည့်နည်း လက်၂ချောင်းနဲ့ထိပြီးကား လိုက်လို့လဲရတယ် YouTube မှာတင်မရဲလို့ပါ

ရောင်းရန်မဟုတ်တွေရောင်းတဲ့ရေမီးရှားနိုင်ငံ

Image
တောင်ကြီးကနေ ဒီးမော့ဆိုးသို့ ပို့တဲ့ WFP ရဲ့ ဆန်အိတ်တွေ လွိုင်ကော်မြို့ရှိ ဆိုင်ခန်းတွေမှာ ရောင်းဝယ်နေ

"စစ်ရေးအရ အဓိကကျနေသည့် စစ်ကောင်စီ၏ ခဲယမ်းလက်နက်အသက်သွေးကြော ကပစတပ်များ"

Image
တေဇ (CDM) စစ်ကောင်စီ၏ အဓိကအားထားသည်မှာ ရုရှား၊ တရုတ်စသည့် အင်အားကြီးနိုင်ငံများ မဟုတ်ပါ။ နိုင်ငံရေး၊ သံတမန်အရေးတွင်တော့ အားကိုးအားထား ပြုလုပ်နိုင်ပါသည်။ သို့သော် ကျွန်တော်အနေဖြင့် နိုင်ငံရေးနားမလည်သည့်အတွက် သိပ်မပြောလိုပါ။ စစ်ရေးပိုင်းအရ စစ်ကောင်စီကို အဓိကဒေါက်တိုင်အဖြစ် အထောက်အကူပေးနေသည်မှာ စစ်ကောင်စီတပ်များအတွက် စစ်လက်နက်ခဲယမ်းအင်အားကို ပြည့်၀စေရန် ထုတ်လုပ်ပေးနေသော ကာကွယ်ရေး ပစ္စည်းစက်ရုံ (ကပစ) များသာ ဖြစ်ပါသည်။ ကာကွယ်‌ရေးပစ္စည်းစက်ရုံများသည် ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးအရာရှိချုပ်ရုံး (ကကထုတ်) အောက်တွင် ရှိသည်။ ကကထုတ်ရုံးတွင် ထုတ်အရာရှိချုပ်အဖြစ် လက်ရှိတာဝန်ယူထားသူမှာ ဒုတိယဗိုလ်ချုပ်ကြီးကံမြင့်သန်းဖြစ်ပြီး နေပြည်တော် ဇေယျာသီရိမြို့နယ်ရှိ စစ်ရုံးအမှတ် (၈) တွင် ရုံးထိုင်ကွပ်ကဲပါသည်။ ထုတ်ချုပ်၏လက်အောက်တွင် ဒုထုတ်ချုပ်နှစ်ဦး ရှိသည်။ ၎င်းတို့မှာ ဗိုလ်ချုပ်ကိုကိုလွင်နှင့် ဗိုလ်ချုပ်မျိုးအောင်တို့ ဖြစ်သည်။ ဗိုလ်ချုပ်ကိုကိုလွင်သည် တပ်မတော်အကြီးစားစက်ရုံများကို တာဝန်ယူကွပ်ကဲပြီး ဗိုလ်ချုပ်မျိုးအောင်သည် တပ်မတော်စစ်လက်နက်ပစ္စည်းစက်ရုံများကို တာဝန်ယူကွပ်ကဲသည်။ ကကထုတ်လက်အောက်တွင် ကပစ စက်ရုံများအပ

မင်းအောင်လှ်ိုင်ဖောင်ဖျက်နေပြီ

Image
NUG ဘက်မှာ အာဆန် UN EU US ရှိနေတော့ သာကောကြီးပါမသွားအောင် မြစ်ဆုံပါ ထိုးပေးနေပြီ  ဆိုရရင် သူတို့မကျစေဖို့ ဒီမြေကို ရှိသမျှ ခွဲ လှီးထုတ် စုပုံပေးနေပြီ လိုအပ်ရင် နိုင်ငံပါ ရောင်းစားဖို့ ၀င်လေးမှာ မဟုတ်တော့ ဖောင်ဖျက်ပြီး လိုချင်တာ ရှိတာ အကုန် ထုတ်ပေးနေပြီ တနည်း ဝှတ်ဖဲတွေထဲက အသက်ကယ်ဆေးတွေဖြစ်တဲ့ မြစ်ဆုံကို နောက်ဆုံးတားဂတ်ထား လုပ်ခြင်းဟာ ပြည်သူကို စိန်ခေါ်ခြင်းပဲ တမင် အဆွနဲ့ ကစားပြတာဖြစ်တယ် ငါ့လာထိ အကုန် ဖြိုချ ဖျက်စီးပြစ်မယ်ဆိုတဲ့အထာ ချိုးပြခြင်းသာ ဖြစ်တယ်  ပြည်သူက ဆူပွတ်မရ ငြိမ်ခံပြနေကြရတော့ အောင်နိုင်သူကြီးသဖွယ် အချိုးနဲ့ ရပ်တည်မယ် ဒါပြီးရင် နောက်ထပ် အသက်ကယ်ဆေးတွေဖြစ်တဲ့ ဓာတုဗုံး မားသားစုတို့ပါ နောက်ဆူံး ထုတ်သူံးလာနိူင်ပါသေးတယ် လောဆယ် မြစ်ဆုံနဲ့ ရှိုးပြပြီး အသက်ကယ်ဆေးအဖြစ် သာကောကြီးကို NUG ဘက် ပါမသွားအောင် တားဆေးကြွေးထားပြီပဲ ဖြစ်တယ်  ဒီတော့ မအလဟာ နောက်ဆူံး အဆင့်ရောက်နေတဲ့အတွက် ဒီအချက်တွေကို တားစီးဖို့ဆိုရင် NDAA အမြန် ကူညီပေးမှုတွေနဲ့ ထိရောက်တဲ့ စစ်ဆင်ရေးတွေ ပြုလုပ်ပြီး နိုင်ငံရေးအရပါ မြစ်ဆုံအပါ ကြိုတင်ပြီး ဓာတု နူကလိ့ယားတွေအတွက် ဟန့်တားနိုင်ဖို့ အော်ချက် ထုတ်ပြနိုင်ဖို့လိုတယ် UN နဲ့ ကမ

" အဖြေထွက်ပြိီးသော ပုစ္ဆာနှစ်ပုဒ် "

Image
US က စစ်သား မစိုက်ရတာပဲ ရှိပါတယ် ကျန်တာ အကုန် ငွေ လနက် ပုံအောထားလို့ သူနဲ့ ဖြစ်နေ တိုက်နေတဲ့ US Vs ရုရှား စစ်ပွဲပါပဲ ဒါတောင် လက်နက်ဆန်းတွေ အသစ်တွေ လျိုထားသေးတယ် အာဖဂန်ကို ရှုံးတာ ပြည်သူပါ ပျောက်ကျားနဲ့ အသေခံတိုက်လို့ပါ ခုက ဒယ်ဒယ်ခြင်းဆိုတော့ ရုရျားနားကားနေတယ် ဒါကြောင့် အာဖဂန်က ကြေးစားတွေ ခေါ်အသုံးပြုနေခြင်းပဲ ဖြစ်တယ်။ သို့သော် မြေအနေထား နည်းပညာ စစ်ရေးအားကြောင့် မရတော့ပါဘူး ခုကို အီရန်ဒရုန်းတွေ ပွဲမတိုးတော့ဘူး US က တဆင့်မြင့် လေကာဒုံးတွေ ပြန်သုံးတိုက်လို့ ခုလည်း ထပ်ပြီး အဆင့်မြင့်ဒုံးတွေ ထပ်ပေးမယ်ဆိုတော့ ရုရှားက ကြောက်လန့်ပြီး နူသုံးမှရမယ် အော်ချက်ထုတ် ဟိုက်ပါဆိုးနစ်တွေ သုံးပြနေပေမယ့် ပထမတခါ သုံးပြထားဘူးတဲ့အတွက် ဒီလောက်ဟုတ်မယ် မထင်ဘူး ပွဲအဖြေက ခုကို အတော်ကွာဟ ပြတ်သားနေပြီ ပူတင်က အရှက်ပြေ ခံစစ်နဲ့ မလူးလွန့်သာပဲ ပြန်တိုက်နေရတယ်၊ သို့ဆို အဖြေရှာတွေ့လောက်ပြီပေါ့ NDAA ဟာ US အမျိုးသားလုံခြုံကာကွယ်ရေးပဋိဉာဉ်ပဲ ထိုထဲမှာ ရုရှား တျုတ်ရန်မှနေ ကာကွယ်ဖို့ပါတယ် NUG PDF ကို နည်းပညာ ကူညီပေးရေးပါတယ် ဒီတော့ ၂ နှစ်လောက် စောင့်ကြည့်ပြီး အင်အားတောင့်ရုံမဟုတ် ဖွဲ့စည်းမှုအားကောင်းလာတဲ့ PDF တပ်ကို US ဟာ တျူတ်

ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန်

Image
စစ်ကိုင်းတိုင်းတွင် ဝန်ကြီးဌာနအတွင်းမှ ဖရဲသီးများကို ဒလန် အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက လျှို့ဝှက် အမိန့် ထုတ်ပြန် ရန်ကုန်၊ ဒီဇင်ဘာ ၁၇ ခေတ်သစ် စစ်ကိုင်းတိုင်းအတွင် ဝန်ကြီးဌာနအတွင်းမှ PDF ထောက်ခံနေသူများ၊ ဖရဲသီး များ ကို ဒလန်အမည်တပ်၍ ရှင်းလင်းရန် တိုင်းစစ်ကောင်စီက တရားဝင် လျှို့ဝှက် ညွှန်ကြားချက် တစ်ရပ်ကို ဒီဇင်ဘာလအတွင်း ထုတ်ပြန်လိုက်သည်။  နိုဝင်ဘာလ၈ ရက်နေ့ နံနက် ၉ နာရီအချိန်  စစ်ကိုင်းတိုင်းအစိုးရအဖွဲ့ရုံး အစည်း အဝေး ခန်းမ ၁ တွင် ကျင်းပပြုလုပ်ခဲ့သော စစ်ကိုင်းတိုင်းအစိုးရ တည်ငြိမ် အေးချမ်း ရေးနှင့် အစည်းအဝေး ဆုံးဖြတ်ချက်အရ ဝန်ကြီးဌာနအတွင်း PDF များ ထံသို့ သတင်းပေး နေသည့် ဖရဲသီးများကို ဒလန်အမည်တပ်၍ ရှင်းလင်း ရ န်ဆိုသော လျှို့ဝှက်အမိန့် ညွှန်ကြားချက်ကို ခရိုင်အဆင့် ဌာနဆိုင်ရာ များ အားလုံးသို့ ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရှိရသည်။  အဆိုပါ အစည်းအဝေးတွင် စစ်ကိုင်းတိုင်း စစ်ကောင်စီက ညွှန်ကြားချက် ၅ ချက် ထုတ်ပြန်ခဲ့ပြီး ဝန်ထမ်းများ ခရီးသွားလာရာတွင် လုံခြုံမှုရှိမှသာ သွားလာ ရန် အကြောင်း ကြားချက်ကို တိကျစွာ လိုက်နာရန်၊ ဌာနအတွင်းရှိ ဒလန်များ ကို ရှင်းလင်းရန်၊ တ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါ ပြောစကား

Image
မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို ပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း အမေရိကန် သံအမတ်ပြောကြား CJ Platform https://cjplatform.com/?p=4368 မြန်မာပြည်သူများသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကိုပိုင်ဆိုင်မည်ဟု ယုံကြည်ကြောင်း တာဝန်ပြီးဆုံးတော့မည့် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး သောမတ်စ် အယ်လ်ဗိုက်ဒါက ယနေ့တွင်ပြောကြားသည်။ ပြီးခဲ့သည့် ၂နှစ်အတွင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသည်ကို ဂုဏ်ယူကြောင်း၊ သမ္မတဦးဝင်းမြင့်နှင့် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် အစိုးရကို ၂၀၂၁ ဇန်နဝါရီ ၁၉ရက်တွင် သံအမတ်ခန့်အပ်လွှာပေးအပ်နိုင်ခဲ့ခြင်းသည် ဆုလာဒ်တစ်ခုဖြစ်သည်ဟု သံအမတ်ကြီးက ပြောကြားသည်။ ထို့နောက် စစ်တပ်သည် အရပ်သားအစိုးရကိုဖြုတ်ချပြီး အကြမ်းဖက်ဖိနှိပ်ချုပ်ခြယ်မှုလမ်းစဥ်ကို စတင်ခဲ့သည်မှာ ယနေ့ထိဖြစ်ကြောင်း၊ ဆယ်စုနှစ်အတွင်း မြန်မာနိုင်ငံ၏ ထူးခြားအောင်မြင်မူများသည် ဆိတ်သုဥ်းပျောက်ကွယ်ခဲ့ကြောင်း အမေရိကန်သံအမတ်က ပြောကြားသည်။ "တရားမျှတမှုဆီရောက်ဖို့ အချိန်ကြာမြင့်တတ်ပေမယ့် စကြာဝဠာကြီးက. တရားမျဌတမှုဆီကိုပဲ ဦးတည်ရွေ့လျားနေတယ်လို့ မာတင်လူသာကင်းဂ

လောက်ကိုင်ကချစ်သူ့လမ်းကြား

Image

အဘဒေါသထွက်နေသော ၁၀၇ မမ

Image
မနေ့က မင်္ဂလာဒုံ လေတပ်စခန်း အပစ်ခံရတာက အဘကို ဒေါသထွက်စေခဲ့ပါတယ်။ ပထမမေးခွန်းက ဒီ ၁၀၇မမကို ဘယ်သူဆောက်ပံ့လဲဆိုတာပါ။ အမေရိကန်က ယခုမှ ဥပဒေအတည်ပြုလို့ ထောက်ပံ့တာက မဖြစ်နိုင်သေးပါ။ နောက်ကရင်ဘက်မှာ ၁၀၇ မမက သုံးတာ နည်းပါတယ်။ NUG ကို လေသံကျယ်ကျယ်နဲ့ ထောက်ခံတာက အနောက်အုပ်စုပါ။ ဒါပေမယ့် တပ်ထောက်လှမ်းရေးက အနောက်အုပ်စုက လက်နက်ထောက်ပံ့တဲ့အထောက်အထား ယခုအချိန်အထိ မတွေ့ရသေးပါ။ ဒါဆိုရင် ၁၀၇ မမ က ဘယ်ကလာလဲ? အဓိက ထုတ်လုပ်သူက တရုတ်ပါ။ တရုတ်အစိုးရက တရားဝင် NUG နဲ့တွေ့တာ ဘာညာမရှိပါ။ စရဖက တရုတ်ဟာ NUG နဲ့ စင်ကာပူနဲ့ အင်ဒိုတို့လို ခိုးတွေ့တယ်လို့ သုံးသပ်ထားပါတယ်။ ဒီ ၁၀၇ ဟာ ယခင်ကလဲ ရှမ်းပြည်ထဲမှာ မိခဲ့ဖူးပြီး တရုတ်ကို သတင်းစာရှင်းလင်းပွဲမှာ စောင်းပြောခဲ့ပါတယ်။ ယခုလဲ မဲလုံးက သိပေမယ့် အဘက တရုတ်ကို ပြောရဲဖို့က လွယ်မယ်မထင်ပါ။ နောက် PDF ထံက မိတဲ့လက်နက်အချို့ဟာ တရုတ်လုပ်ဖြစ်နေပါတယ်။ ဒုတိယက ၁၀၇ မမ ရန်ကုန်ထဲကို ဘယ်လိုသွင်းလာလဲဆိုတဲ့ကိစ္စပါ။ ဂိတ်တွေက လာဘ်စားပြီးအသွင်းခံတာလား တပ်ထဲက ဖရဲသီးတွေက ကူနေတာလား သံသယဖြစ်နေတာပါ။ TNLA ကိုရှုံးတာလဲ ဖရဲသီး‌ကြောင့်ဆိုပြီး အရှက်ပြေတင်ပြလို့ ဖရဲသီးရှာ စစ်ဆင်ရေးလုပ်ပါမယ်။ လောကမှာက မထင်တာတွ

လှည်းကူးမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးနဲ့ အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီ စီစဉ်

Image
မဲခေါင်၊ ဒီဇင်ဘာ ၁၇ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်က ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ အစားထိုး ခန့်အပ်ဖို့ စစ်ကောင်စီက စီစဉ်နေပြီလို့ လှည်ကူးမြို့နယ် ကြံခိုင်ရေးပါတီ တာဝန်ရှိသူက ပြောပါတယ်။ လှည်းကူးမြို့ပေါ်က ရပ်ကွက် ၅ ခု အပါအဝင် ကျေးရွာအုပ်စု ၅၇ အုပ်စုမှ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ဒီဇင်ဘာလကုန်ပိုင်းမှာ အပြောင်းအလဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သူကပြောပါတယ်။ အခုလို အပြောင်းအလဲ ပြုလုပ်ရာမှာ လက်ရှိ ရပ်ကျေး အုပ်ချုပ်ရေးမှူး အားလုံးကို တာဝန်မှ ရပ်နားပြီး ကြံ့ခိုင်ရေးပါတီဝင်တွေကို အစားထိုး ခန့်အပ် တာဝန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ "အသစ်ခန့်မယ့် သူတွေထဲမှာ သုံးပုံက ပါတီဝင်တွေ ဖြစ်လိမ့်မယ်။ ကျန်တဲ့ တစ်ပုံကတော့ အဆင် ပြေတဲ့သူတွေ ဖြစ်မှာပေါ့။ NLD လက်ထက်က လူတွေတော့ မပါတော့ဘူး။ တစ်ချို့လည်း ထွက်ဖို့ အတွက် စာတင်ထားတာတွေ ရှိတယ်လို့ သိရတယ်။ အသစ် ပြန်ခန့်အပ်တဲ့ သဘောပါ" လို့ ကြံ့ခိုင်ရေးပါတီဝင်က ဆက်ပြောပါတယ်။ စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်း ရပ်ကွက်အုပ်ချုပ်ရေမှူး အချို့ နှုတ်ထွက်စာ တင်ခဲ့ပေမယ့် စစ်ကောင်စီက ထွက်ခွင့် မပေးဘဲ ခြိမ်းခြောက် ခိုင်းစေနေလို့ အုပ်ချ

“ပုဇင်းရင်ကွဲတွေ အော်နေကြတယ်”

Image
တင်နီလာအေး (KNLA)ဂွင်ထဲ ပိတ်မိသွားတဲ့ စခတွေကို ဆွဲထုတ်ဖို့အတွက် တိုင်းမှူးကိုယ်တိုင် ဆက်သွယ်လာပြီး အထွက် လမ်းကြောင်းပေးဖို့ ခခယယ တောင်းပန်ပါတယ် တဲ့။  သူဆက်သွယ်တဲ့အချိန်က တော်တော် နောက်ကျသွားပြီ၊ ပထမအသုတ် ဆွဲစားခံရလို့ နောက်ထပ် ကွန်မန်ဒိုတသုတ် ထပ်ပို့တာ ကုန်ခါနီးမှ hotline က ဆက်သွယ်လာတာ။  တင်နီလာအေး သုတ်လိုက်လို့ ဆက်မပျံနိုင်တဲ့ ပုဇင်းနှစ်ကောင် မိုးမိတ်တင် အတင်းထိုးဆင်း နားရတယ်တဲ့။  မိုးမိတ်မှာ နားနေတုံး ပုဇင်းဒရိုင်ဘာတွေ အကြွေးခံရလို့ ဂိသွားတဲ့ သတင်း မထုတ်ပြန်ရဲဘူး။ သတင်းစာထဲ နာရေး ပါမလား စောင့်ကြည့်ကြ။ မိုးပျံနိဗ္ဗာန်ယာဉ် (ခေါ်) ပုဇင်းတွေကို မောင်းမဲ့ ဒရိုင်ဘာတွေ ရှိပါ့အုံးမလားဘဲ။ အခြေအနေက လွန်ခဲ့တဲ့ ၆ လနဲ့တောင် မတူတော့ဘူး။ ပုဇင်းတွေ ရင်ကွဲချိန် ရောက်လာပြီလေ။ “ပုဇင်းရင်ကွဲတွေ အော်နေကြတယ်” ဖိုးချိုရဲ့ သီချင်းလေး သတိရမိ။ တာဘုန်းကျော်ရဲ့ ဒရုန်းတပ်ကလဲ တိုက်ခိုက်ဖို့ အဆင်သင့် ဖြစ်တော့မယ် ဆိုပါလား။ နိုင်ငံအရပ်ရပ်က GenZ တွေနဲ့ ဖွဲ့ထားတာ။  တင်နီလာအေးရဲ့ အလှတရားက ထင်ရှားလာတော့မယ်လေ။

ပေါင်မြို့နယ်ကို အနီရောင်အဆင့်သတ်မှတ်ထားပြီး မြို့နယ်တရားရုံးနှင့် ထွေအုပ်ရုံးများ ယာယီပိတ်

Image
ဧရာဝတီတိုင်းမ် (ပေါင်)၊ ဒီဇင်ဘာလ ၁၇ ရက် မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင်  ဒီဇင်ဘာလ ၁၅ ရက်နေ့ နေလည်ပိုင်းမှ စတင်ပြီး အနီရောင်အဆင့်သတ်မှတ်ထားသည်ဟုဆိုကာ တရားရုံးနှင့် ထွေအုပ်ရုံးများအား မြို့နယ်အုပ်ချုပ်ရေးအရာရှိများမှ ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ မြို့နယ်တရားရုံးနှင့် ထွေအုပ်ရုံးအား စစ်ကောင်စီလက်အောက်ခံ အစိုးရရုံးအရာရှိများမှ အစည်းအဝေးထိုင်ကာ ယာယီပိတ်ထားရန်ဆုံးဖြတ်ချက်ချခဲ့ပြီး မည်သည့်အကြောင်းကြောင့်ရုံးပိတ်ရသည်ကို မသိကြောင်း စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ "မြို့နယ်ကိုအနီရောင်အဆင့်ဆိုပြီး သတ်မှတ်ပြီးပိတ်လိုက်တယ်လို့ကြားတယ်။ လူကြီးတွေအစည်းဝေးထိုင်ပြီးဆုံးဖြတ်လိုက်တာ။ စစ်တပ်ကနေညွှန်ကြားတာမျိုးလဲမဟုတ်ဘူး။ လက်အောက်ခံဝန်ထမ်းတွေကလည်းပြန်မမေးရဲဘူးလေ သူတို့အထက်အရာရှိကို။ ရုံးပိတ်ပြီ မလာနဲ့ဆိုတာပဲသိတယ်" ဟု စစ်ကောင်စီနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။ လက်ရှိတွင် မြို့နယ်ရဲစခန်းမှူးမှာလည်း စခန်းတွင် မနေရဲသဖြင့်  ရှောင်တိမ်းနေထိုင်လျှက်ရှိနေပြီး ပေါင်မြို့မရဲစခန်းတွင်လည်းအချုပ်ခန်းစောင့်ရဲတပ်သားအနည်းငယ်သာထားရှိကြောင်း သိရသည်။ "မြို့နယ်မှူးက ညဆိုမော်လမြိုင

သူစကားသူတာဝန်ယူတယ်တဲ့

Image
နဒီခင်ဖေ့ဘွတ် လင့်ကြည့်ရန်

ချစ်တယ်အေသင်

Image
သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဒီဇင်ဘာ ၁၆ ရက်နေ့က တေးသံရှင် အေသင်ချိုဆွေရဲ့ ဂီတဖျော်ဖြေပွဲ ပြုလုပ်ခဲ့ပါတယ်။ ဖျော်ဖြေပွဲမှာ အေသင်ချိုဆွေက သူ့ရဲ့ သီချင်းအသစ်တွေရောသီချင်းအဟောင်းတွေပါ တကိုယ်တော် သီဆိုခဲ့ပါတယ်။ ဂီတဖျော်ဖြေပွဲမှာ မြန်မာအစားအသောက်တွေကို စစ်ဘေးရှောင်ပြည်သူတွေအတွက် ရန်ပုံငွေ ရှာဖွေတဲ့အနေနဲ့ ရောင်းချပေးခဲ့ပါတယ်။ #DVB #News #Photo #အေသင်ချိုဆွေ #ရန်ပုံငွေဖျော်ဖြေပွဲ #စစ်ရှောင်